Friday, October 14, 2011

ဓမ္မအတွေး၊ ဓမ္မအရေး

သတိလေးနဲ့ နေတဲ့အခါအတွေးအတောမရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်လာတဲ့ အာရုံဟာ ဘယ်လိုအာရုံဖြစ်ဖြစ်၊ ချမ်းသာတဲ့ ဝေဒနာ၊ ဆင်းရဲတဲ့ ဝေဒနာ၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှမဆိုင်သလိုဘဲမြင်ရတယ်။ ဘယ်လိုဝေဒနာသဘောဘဲဖြစ်ဖြစ်၊ သုခ၊ ဒုက္ခ၊ထုံတာ၊ ကျဉ်တာ၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေးလျော့ထားပြီးတော့ သူ့အပေါ်မှာ လက်မခံချင်တဲ့ စိတ်လုံးဝမရှိဘဲ သိနေလို့ရှိရင် သူ့ရဲ့သဘာဝဟာပြောင်းသွားမယ်။ တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲနာတာပါ၊ စိတ်ထဲရောက်အောင်နာလို့မရပါဘူး။ ဒါကြောင့် ဘယ်လိုဝေဒနာမျိုး ဖြစ်လာဖြစ်လာ ဒီဝေဒနာကို စိတ်အေးအေးနဲ့ ကြည့်ဖို့လိုပါတယ်။ အဲ့ဒီဖြစ်ပေါ်လာတဲ့ ဝေဒနာပေါ်မှာ ကိုယ့် သဘောထား မှန်ဖို့ အရေးကြီးတယ်။

ဆရာတော်ဦးဇောတိက (တွေးမိတိုင်းပျော်တယ် စာအုပ်မှ....)

ဓမ္မအတွေး၊ ဓမ္မအရေး


လုပ်သမျှကိစ္စတွေကို သတိလေးနဲ့ သိ သိပြီးတော့ နေလို့ရှိရင် အဲ့ဒီသိနေတဲ့အတွက်ကြောင့် စိတ်က ပစ္စုပ္ပန်မှာ ရှိနေတယ်။ ပစ္စုပ္ပန်မှာ ရှိနေတော့ အတိတ်အကြောင်းကို အများကြီးမတွေးဖြစ်ဘူး။ အနာဂါတ်အကြောင်းကို အများကြီးမတွေးဖြစ်ဘူး။ ကိုယ်တွေးလိုက်တဲ့ အတွေးဟာ တကယ်တွေ့မှဖြစ်မယ့် အရေးကြီးတဲ့ အတွေးဆိုရင် ဆက်တွေးမယ်။ တကယ်အရေးကြီးတာ မဟုတ်ဘဲနဲ့ ဘာမှလည်း လုပ်လို့ မရတော့တဲ့ ကိစ္စဆိုရင် တအုံနွေးနွေးမတွေးတော့ဘူး။

လူတော်တော်များများဟာ ဖြစ်ပြီးသားကိစ္စ၊ ဘာမှပြန်လုပ်လို့ မရတော့ တာကိုဘဲ တအုံနွေးနွေးထပ်ကာထပ်ကာတွေးပြီးတော့ စိတ်ဓာတ်အင်အားတွေ ကုန်သွားတတ်ကြတယ်။

ဆရာတော်ဦးဇောတိက (တွေးမိတိုင်းပျော်တယ် စာအုပ်မှ....)

Thursday, October 6, 2011

ဒိဋ္ဌိပြုတ်တရားတော်(၁-၂)












တစ်အိမ်ကြည့်လိုက်ပြန်လည်း မအေးရပါဘူး၊ သားလင်ခင်ပွန်းအတွက် မအေးရပါဘူး၊ သောကနဲ့၊ ဟင် - ဒကာ ဒကာမတွေ မပြန်လာလို့ မျက်ရေနဲ့ မျက်ခွက်နဲ့နေရတဲ့အခါ … (ရှိပါတယ်ဘုရား) ခက်လိုက်တာ လွန်လို့ဆိုတော့၊ ဟ,ဘယ်နှယ်ကြောင့် ဘာဖြစ် နေတာတုံး၊ အို - လင်ဆိုး သားဆိုးနဲ့တွေ့လို့ ဒီလိုဖြစ်ရတယ် သားဆိုး သမီးဆိုးနဲ့ တွေ့ရလို့ … (ဒီလိုဖြစ်ရတယ်ဘုရား)။

ဒီလိုဖြစ်ရတယ်လို့ သူတို့ပြောတော့ ပြောလိမ့်မယ် … (မှန်ပါ့) သားဆိုး သမီးဆိုးက ဆိုးတာလား - ကိုယ်က သက္ကာယဒိဋ္ဌိ ငန်ချိုလုပ်ထားတာလားသာမေး … (ကိုယ်က သက္ကာယဒိဋ္ဌိငန်ချို လုပ်ထားတာပါ ဘုရား) ငန်ချိုအပြစ်သင့်တာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဘာအပြစ်သင့်တာတုံး … (ငန်ချိုအပြစ် သင့်တာပါဘုရား)။

ငန်ချိုအပြစ်သင့်နေတဲ့ဥစ္စာ၊ သူက အကုန်ခန္ဓာငါးပါးပျံ့နေတာ၊ နောက်တုန်းက သူ - ဒါန လုပ်တုန်း ကလည်း ဒီခန္ဓာငါးပါးနဲ့လုပ်တာ၊ သူကလည်း အကုန်ပျံ့နေတယ် … (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) စေတနာထဲလည်း သူကရောနေတယ်၊ ကံထဲမှာလဲ (ရောနေပါတယ်ဘုရား) စိတ်ထဲမှာလဲ … (ရောနေပါတယ်ဘုရား) ကာယကံထဲမှာရော … (ရောနေပါတယ်ဘုရား)။

ဝစီကံထဲမှာရော … (ရောနေပါတယ်ဘုရား) သူမပါတာရှိသေးလား … (မရှိပါဘူးဘုရား) သမုဒ္ဒရာဒီရေလို၊ ခင်ဗျားတို့ ခန္ဓာငါးပါးမှာ အကုန်ပျံ့နေတယ် … (မှန်ပါ့)၊ ပျံ့နှံ့ပြီး ဒီခန္ဓာ ငါးပါးနဲ့ လုပ်တဲ့ အလုပ်ဟူသရွေ့၊ သူပျံ့ပြီးလုပ်တဲ့ အလုပ်ဟူသရွေ့ ကတော့ဖြင့် နောက်အကျိုးပေးဟာ ဘယ်လိုနေမယ် ဆိုတာ ကိုစံလှ ရိပ်မိပါရဲ့လား (ရိပ်မိပါတယ်ဘုရား) ငန်ချိုချည်းပဲ … (မှန်ပါ့)။

အချိုသက်သက်ကတော့ မလာတော့ဘူးဆိုတော့၊ သြော် ကံ မကောင်း အကြောင်းမသင့်တာလား ဆိုတော့၊ ကံနဲ့မဆိုဘူး ဒီကြည့် ဒါ, ကံလား - သက္ကာယဒိဋ္ဌိလား၊ ဒါဖြင့် ခန္ဓာငါးပါးမှာ သူမှီနေတော့ ဒိဋ္ဌိက ဟိုဘက်ပိုပွားနေတယ်၊ မပွားဘူးလား … (ပွားပါတယ်ဘုရား) ဒီဘက်က အိမ်တို့ကားတို့ကိုလဲ၊ ဒါ ဘယ်သူဟာတုံးမေးတော့ … (ငါ့ ဟာပါတဲ့ဘုရား) ငါ့ဥစ္စာတွေလာပြန်တာပဲ၊ မလာဘူးလား … (လာပါတယ် ဘုရား)။

ကိုင်း, ဒါဖြင့် ဒီဟာတွေဖြင့် ကိုစောမောင် မြေကောင်းဟုတ်သေးရဲ့လား … (မဟုတ်တော့ပါဘူး ဘုရား) သက္ကာယဒိဋ္ဌိအငန်ပျံ့သွားပြီ … (ပျံ့သွားပါပြီဘုရား) ကိုစံလှရေ ဘာပျံ့သွားတုံး … (သက္ကာယဒိဋ္ဌိ ပျံ့သွားပါတယ်ဘုရား) ဒီပေါ်မှာ ပေါက်တဲ့ဒါန၊ ဒီပေါ်မှာ ဆောက်တည်တဲ့ သီလ၊ ဒီပေါ်မှာ အားထုတ်နေတဲ့ သမထဖြင့် ငန်ချိုပဲ၊ ရိပ်မိကြပလား … (ရိပ်မိပါပြီဘုရား)။

ကဲ - ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီလောက်ထိအောင် ရှင်းရှင်းလင်းလင်းပြောဆိုဆုံး မမည့်လူ မရှိလို့ရှိရင် ဦးဘရှင်း၊ ကိုယ်ကျိုးနဲတော့မယ် … (မှန်ပါ့) ကိုယ်ကျိုးနဲတာပဲ၊ မနဲကြဘူးလား (နဲပါတယ်ဘုရား) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒီလောက်ထိအောင် သူရှုပ်နိုင်တယ်ဆိုတာလည်း ပေါ်ပြီဗျ … (ပေါ်ပါပြီဘုရား)။

ဒါဖြင့် သူသည် သက္ကာယဒိဋ္ဌိဖြုတ်ပါ ဖြုတ်ပါဆိုတဲ့ဥစ္စာ, ခန္ဓာကို ဖြုတ်လိုက်ရင်ခန္ဓာပေါ်ကဟာ ပြုတ်ပြီးသားဖြစ်သွားတယ်၊ ပြုတ် ပါတယ်၊ ငါဖြုတ်လိုက်လို့ရှိရင် - ငါ့ဥစ္စာပြုတ်ပါတယ် … (မှန်ပါ့)။

ခုတော့ ငါကိုလည်းမဖြုတ်တော့ ငါ့ဥစ္စာလဲ … (မဖြုတ်ပါဘုရား) ငါ့ဥစ္စာဆိုတဲ့ ငါ့သား ငါးသမီးဆိုတာ က လာပြန်တော့၊ ဟိုဘက်မှာ ကိုစောမောင်က စဉ်းစားပါအုံး၊ ငါ့မြေး ငါ့မြစ်ထိအောင်ကလာဦးမှာ … (မှန်ပါ့) တကယ်ရေငန်က အတော်ပျံ့နေတယ် … (မှန်ပါ့) မပျံ့ဘူးလား … (ပျံ့ပါတယ်ဘုရား)။

ဒီတင်မကဘူး ဟိုဘက်ဘယ်သူတွေတုံး၊ အို - ငါ့အမျိုးတွေသားနဲ့ စပ်လာတာ - သမီးနဲ့စပ်လာတာ၊ မလာဘူးလား … (လာပါတယ်ဘုရား) ဘယ်လောက်နယ်ကျယ်သွားတုန်း … (ကျယ်သွားပါတယ် ဘုရား) အဲဒါ ခင်ဗျားတို့က ဂုဏ်ယူနေတယ်၊ အမျိုးလက်ညှိုထိုးလို့ မလွဲဘူး … (မှန်ပါ့) အံမာ - နဲ့တာ မဟုတ်ဘူး၊ တော်တော်ယူတဲ့ဂုဏ် (မှန်ပါ့)။

ဒီမြို့ပေါ်မှာ ဆွေမျိုးလက်ညှိုးထိုးလို့မလွဲဘူး ကိုစောမောင် ကြားဖူးပါလိမ့်မယ် … (ကြားဖူးပါတယ် ဘုရား) အခြံအရံ - အချွေအရံ ဒီလောက်ထိအောင် အကျိုးပေးတယ်၊ သူယူထားတာ … (မှန်ပါ့) အဟုတ် အမျိုးတွေလားလို့ မေးတဲ့အခါကျတော့ ဘယ်နှယ်ပြောတုံး အဟုတ်ကိုပြောတာ၊ ဘယ်လောက်ပျံ့နှံ့ထား တယ်ဆိုတာ … (ပျံ့ပါတယ်ဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။

အဲဒါတွေဟာ သူ့ပူစရာချည်းပဲ၊ သူဆွေးစရာချည်းပဲ၊ ရှင်းပလား ကိုစောမောင်ရဲ့၊ ငိုစရာဆွေးစရာ ငန်ချိုတွေ ပေါက်နေပေါ့ (မှန်ပါ့) စားကောင်းတာပါသေးရဲ့လား … (မပါဘူးဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) အံ့မလေး ဒီလောက်ထိအောင် သက္ကာယဒိဋ္ဌိကို၊ ကွာ - ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး ရှင်းရှင်းပြောမယ်တဲ့, သူဟာ ဘယ်လောက်ထိအောင် နယ်ပျံ့တယ်ဆိုတာ ဒီအငန်ရေပျံ့တယ်ဆိုတာ အက နိဋ္ဌဗြဟ္မာပြည်ကျအောင် ပျံ့တယ် … (မှန်ပါ့)။

မဖြုတ်ရင် မဖြုတ်ရင် အကနိဋ္ဌဗြဟ္မာပြည်ကျအောင်ပျံ့တယ် … (မှန်ပါ့)၊ ဘယ်လောက်နယ်ကျယ် တုံး … (ကျယ်ပါတယ်ဘုရား) ဒီသုံးဆယ့်တစ်ဘုံ အကနိဋ္ဌဗြဟ္မာပြည် ကျအောင်၊ ဘုံအားဖြင့် ဘ၀ဂ်တိုင်အောင် ပျံ့တယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်ကျအောင် လိုက်မှာတုံးဆိုတော့၊ ဒကာ ဒကာမတို့ မဂ်မပေါ်မချင်းလိုက်မှာ … (မှန်ပါ့)၊ ကိုင်း - မဂ်မပေါ်မချင်း … (လိုက်မှာပါဘုရား) ဘုံအားဖြင့်တော့ ဘာတုံး ဘ၀ဂ်တိုင်အောင်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ … (မဂ်မပေါ်မချင်းလိုက်ပါတယ်ဘုရား)။

မဂ်မပေါ်မချင်း သူ, ဒါ - ကျုပ်နယ်တဲ့ … (မှန်ပါ့) ခင်ဗျားတို့ ဘာလုပ်နေနေ၊ ငန်ချိုချည်းဖြစ်ရမယ် … (မှန်ပါ့) ဒီလောက်ထိအောင် သတ္တိထက်တယ်၊ အဲတော့ ဦးဘရှင်းတို့ ကိုစံလှတို့ စဉ်းစားကြပါ။ ခက်ပါလား … (ခက်ပါတယ်ဘုရား) မပေါ်လာဘူးလား … (ပေါ်ပါတယ်ဘုရား) မတော်ဘူး၊ ဖြာလိုက်တဲ့ အညွန့်အခက်တွေကတော့ … (များပါတယ်ဘုရား)။

ဖြာလိုက်တဲ့အညွန့်အခက်တွေကလည်း အချိုကိုပါရဲ့လား (မပါပါဘူးဘုရား) အငန်ရောချည်းပဲ … (မှန်ပါ့) ဦးဘကလေး ဘယ်နှယ့်နေတုံး … (ငန်ချိုချည်းပါဘုရား) ဒကာကြီးလှိုင် ရိပ်မိပါရဲ့လား … (ရိပ်မိပါတယ်ဘုရား) တယ်လည်းကျယ်၊ ခင်ဗျားတို့က နဂိုတုန်းကတော့ ဘုံအားဖြင့် ဘ၀ဂ်တိုင်အောင် ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် လိုက်သတဲ့ဆိုတော့ သာမညအောက်မေ့တယ်၊ ဒီလောက် ပျံ့နှံ့တယ်လို့ အခုလို ပျံ့ပြလိုက်တော့မှ ဒီရေရောက်သရွေ့ အပင်ပေါက်သရွေ့ ဆေးပင်တောင် အကုန်ပျက်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ဒီရေက ဒီနေရာရောက်သွားပြီးဆိုရင် မြေကငန်နေရစ်ပြီ ကိုစောမောင်၊ မြေထဲက သြဇာယူပြီး ဒီအပင်ကပေါက်ရမှာကိုး … (မှန်ပါ့) ကဲ - ခင်ဗျားတို့က ဇာတိပ္ဖိုလ်စိုက်လည်း ဇာတိပ္ဖိုလ်ပျက်မှာပဲ (မှန်ပါ့) လေးညှင်းပျက်မှာပါဘုရား) သူ့အရသာ ဆေးဟူသရွေ့ သတ္တိတွေ ဘယ်နှယ့်နေတုန်း ပျက်ကုန်တာပဲ၊ ကိုစံလှရေ တယ်ပြင်းပါလား … (မှန်ပါ့) နယ်ကကော (ကျယ်ပါတယ်ဘုရား)။

ကိုင်း - ဦးဘရှင်း ဒီဥစ္စာဖြုတ်သင့် မဖြုတ်သင့် … (ဖြုတ်သင့်ပါတယ်ဘုရား) ကိုစံလှတို့ သြော် - ဒါကြောင့် သက္ကာယဒိဋ္ဌိ တစ်လုံးတည်း ဟောနေတာ ကိုစောမောင်က မပြီးနိုင်ဘူးများ အောက်မေ့မနေနဲ့၊ ပြီးနိုင်စရာတောင်မရှိဘူး၊ ကျယ်သွားတာက -

ကဲ - ကြည့်စမ်း မနေ့ကတစ်မျိုး ဒီနေ့တစ်မျိုးပြောတဲ့အခါကျတော့မှ ဆွေမျိုးလက်ညှိုးထိုး မလွဲဘူးဆိုတာများ ဘယ်သူက ထွက်လာတဲ့အသံပါလိမ့် … (သက္ကာယဒိဋ္ဌိကထွက်လာတဲ့ အသံပါဘုရား) အဲဒီ ဆွေမျိုးတွေဟာ အကုန်လုံး လူကျန်းမာနဲ့ လူချမ်းသာ ချည်းပဲလားလို့ မေးတဲ့အခါ … (မဟုတ်ပါဘူး ဘုရား)။

လက်ညှိုးထိုးလို့ မလွတ်သလို သူ့မှာမျက်ရည်မလွတ်အောင် ဖြစ်နေတယ်၊ နေ့တိုင်း မျက်ရည် မထွက်ရပေဘူးလား … (ထွက်ရပါတယ်ဘုရား) ဘယ်သူဖြန့်ထားတာတုံး … (သက္ကာယဒိဋ္ဌိဖြန့်ထားတာပါ) ဘယ်လောက်ကျယ်တယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။

ဒါ - ခင်ဗျားတို့က ကြွားပြီး ကျုပ်တို့က ဆွေကြီးမျိုးကြီး၊ အင်း တော်တော်ကြွားလိုက်တာပဲ၊ ဒါ - ဂုဏ်ရှိတယ်လို့ယူတာပဲ … (မှန်ပါ့) သက္ကာယဒိဋ္ဌိက ပြောခိုင်းတာ … (မှန်ပါ့) အဲဒါမင်းငိုစရာတွေလို့ ပြောမဲ့ လူက တစ်ယောက်မှမရှိဘူး … (မရှိပါဘူးဘုရား) ရှိသေးရဲ့လား … (မရှိပါဘူးဘုရား)။

သမ္မာဒိဋ္ဌိသမားက တစ်ယောက်မှ မ၀င်လာဘူး … (မှန်ပါ့) ၀င်လာသေးရဲ့လား … (မ၀င်လာပါဘူးဘုရား) အဲတော့ ဒကာ ဒကာမတွေ သူကပြုံးခိုင်းရင် ပြုံးလိုက် - သူက မဲ့ခိုင်းရင် … (မဲ့လိုက်ပါဘုရား) ဘယ်လောက်ထိအောင် ခင်ဗျားတို့အပေါ်မှာ ငလုံးဂျင် နိုင်သလို နိုင်နေတယ် … (မှန်ပါ့) မနိုင်ဘူးလား … (နိုင်ပါတယ်ဘုရား)။

ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) ငိုဆို - ငိုလိုက်ပါတယ် ပြုံးဆိုရင် … (ပြုံးလိုက်ပါတယ် ဘုရား) ဂျွမ်းထိုးမှောက်ခုံ သေလိုက်ဆိုရင် … (သေရပါတယ်ဘုရား) အပါယ်သွားလိုက်ဆိုရင် … (သွားရပါတယ်ဘုရား)။

ဒါဖြင့် သူ့ကို ဒီအတိုင်းထားလို့ ကိုစောမောင် ဘယ်တော့မှ မတော်ဘူး … (မှန်ပါ့) ဒကာ ဒကာမတို့ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) အံမလေး ဒကာ ဒကာမတွေကလည်း သူ့ကို သေးသေးကွေးကွေး မှတ်လိုက်တာ၊ သူကလည်း ကျယ်လိုက်တာ … (မှန်ပါ့) သမုဒ္ဒရာပင်လယ်ထဲက ဒီရေဆိုတဲ့ဥစ္စာ ကိုစောမောင် မိုင်ပေါင်းများစွာသွားတာ … (မှန်ပါ့)။

အောက်ပြေမှာနေဖူးတဲ့ ပုဂ္ဂိုလ် ဒီရေတက်သတဲ့ဆိုရင် အို - မော်လမြိုင်ကနေတက်တာ ပဲခူးရောက်နေတာပဲ၊ နဲတာမှ မဟုတ်တာဘဲ၊ အဲဒီပေါက်တဲ့သစ်ပင်တွေ ဟူသရွေ့လည်း ကိုပေါ်ငန်ချိုချည်း ပဲ၊ ခါးတဲ့အပင်လဲ … (ငန်ခါးပါဘုရား) အခါးနဲ့မှ လေနိုင်တဲ့ဆေး အခါး လိုချင်ပါတယ်၊ အဲဒီနေရာသွားပေါက် တဲ့ဆေးဆိုရင်ဖြင့် ပျက်ပြီ … (မှန်ပါ့) ငန်ခါးဖြစ်နေလို့၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူ့ဘယ်လိုလုပ်ကြမယ် … (ဖြုတ်ရမှာပါဘုရား) မဖြုတ်ရင် အကုန်ပျက်လိမ့်မယ် … (မှန်ပါ့) သုံးဆယ့် တစ်ဘုံမှာ ကျုပ်တို့သွားမဲ့နေရာတိုင်းမှာ သူနှံ့နေတယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား) ဘုံအားဖြင့် ဘ၀ဂ်တိုင်အောင် သူပျံ့ပါတယ်၊ ကိုစံလှ သဘောပါလား … (ပါ ပါတယ်ဘုရား) ဓမ္မအနေအားဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ဆုံးခါနီးမှ သောတာပတ္တိမဂ် ရှေ့ဂေါတြဘူထိ၊ ၀ိပဿနာ ဥာဏ်ထဲတောင် ငါ-ပါအုံးမယ်တဲ့၊ ကဲ - မဂ်ထဲကျမှ နေရစ်ပေတော့တယ် … (မှန်ပါ့) သဘောပါ ပလား … (ပါပါတယ်ဘုရား)။

ဝိပဿနာဥာဏ်ထဲမှာ … (ငါ-ပါဦးမယ်တဲ့ဘုရား) ငါပါနေတယ်၊ ငါ - ၀ိပဿနာရှုနေတယ်၊ ငါ - ဒီနေ့တယ် ရှုကောင်းတယ်၊ ၀ိပဿနာဥာဏ်လောက်များတော့ သူက … ငါ, မဖြုံသေးဘူးဗျ၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) မဂ်ဥာဏ်ကျတော့ သူကိုယ်ကျိုးနဲပြီ၊ ကျုပ်ဖြင့် ကိုယ်ကျိုးနဲပြီဆိုပြီး ဘယ်တော့မှ မလာဘဲ နေတယ် … (မှန်ပါ့) ကိုစောမောင် ဘယ်လောက်ဆိုးတုံး … (ဆိုးပါတယ်ဘုရား)။

နိဗ္ဗာန်ရခါနီးမှာ ဒကာ ဒကာမတို့ မာရ်နတ်အဖြစ်နဲ့ အမှုထမ်းတာ ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါ ဘုရား) သုံးဆယ့်တစ်ဘုံမှာ ချင်ဗျားတို့ကို တစ်ခါတည်းအပြုံးနဲ့ အမဲ့မှာ အမဲ့များအောင် လုပ်နေတာ ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) သူ့ထက်ဆိုးများ - ရှာတွေ့သေးရဲ့လား … (မတွေ့ပါဘုရား) ခင်ဗျားတို့က၊ အင်း - ကံကို သာထည့်ပြီး စကားပြောနေတယ်၊ လက်သည်က သူ - ရှင်းပလား … (ရှင်းပါပြီဘုရား)

ကံကိုထည့်ပြီး ဦးဘရှင်းတို့ ဘာမသိ ညာမသိနဲ့ ကံမကောင်း အကြောင်းမသင့်လို့ဘုရား၊ မနေ့က မြင်တယ် - ယနေ့သွားပေါ့၊ အစရှိသည်နဲ့ မနေ့က အကောင်းကြီး ယနေ့လက်ကျိုးသတဲ့ကံများ ခေရှာတယ်၊ မပြောကြဘူးလား … (ပြောကြပါတယ်ဘုရား) ဘယ်ဟုတ်လိမ့်မတုံး - သူ လုပ်တာ၊ ဘယ်သူလုပ်တာပါလိမ့် … (သက္ကာယဒိဋ္ဌိပါဘုရား)။

သက္ကာယဒိဋ္ဌိလုပ်တယ် - မလုပ်တယ် စဉ်းစားကြည့်ပါတဲ့၊ ငါစားဖို့ ငါသွားတယ်တာနဲ့ဟုတ်လား၊ ငါစားဖို့ ငါအရောင်းအ၀ယ် သွားတာနဲ့၊ ကိုစောမောင်ရ လမ်းကောင်းမှောက်လို့ လက်ကျိုးရတယ် (မှန်ပါ့) လက်ဘယ်သူချိုးတာတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) ငါစားဖို့သွားတာလေ၊ ဘယ်သူကချိုးတယ်ဆိုတာပေါ် ရောပေါ့ … (ပေါ်ပါပြီဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား)။

အင်း - ဘယ်သူသည်ကားဆိုရင်ဖြင့် အပြေးသွားတာနဲ့ ခလုတ် တိုက်သတဲ့၊ လမ်းမှာလဲလိုက်တာမှ သွားတွေကျိုးထွက်ကုန်သတဲ့၊ ဟ, ဘယ်သွားလို့တုံး - သွားပုံပြောစမ်းပါ၊ အို - သူ့အမျိုးရှိလို့ သူရစရာရှိ တာနဲ့ သူပြောတာ ငါပြောလို့ငါလဲတာ … (မှန်ပါ့) ဘယ်သူက သွားကျိုးခိုင်းတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) ကဲလုပ်သရွေ့ ကိုစောမောင်ရာ … (သက္ကာယဒိဋ္ဌိပါဘုရား) ပေါ်ပလား … (ပေါ်ပါပြီဘုရား) လုပ်သရွေ့ ကိုင်သရွေ့ဟာဖြင့် … (သက္ကာယဒိဋ္ဌိပါဘုရား)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

ငရဲတွေဘယ်သူတည်ဆောက် … (သက္ကာယဒိဋ္ဌိ တည်ဆောက်ပါတယ်ဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) သုံးဆယ့်တစ်ဘုံ အိုပွဲ,နာပွဲ,သေပွဲတွေ ခင်းထားလိုက်တာ … (သက္ကာယဒိဋ္ဌိပါဘုရား) ပေါ်ပြီဗျ … (မှန်ပါ့) ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ဒါဖြင့် လုပ်ကြစို့ဆိုတော့ ကိုစောမောင် ဒါ - မခွာမဖြစ်ဘူး … (မှန်ပါ့) အမလေး သူ့ခွာစရာလို့မသိတော့ အတော်ပြောနေရတယ် … (မှန်ပါ့) ကိုစံလှသိပလား … (သိပါပြီဘုရား)။

သူ့ထက်အရုပ်ဆိုးများရှိသေးလား … (မရှိပါဘူးဘုရား) ခင်ဗျားတို့ရဲ့ ရန်သူအကြီးဆုံးကော ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) ဘုရားကလည်း ဒီ့ပြင်ဟာဒါလောက်မှ မဟောဘဲ၊ ဒီပြင်က ဒါလောက်မဟောဘူး၊ လှံကြီးလာရင် မြန်မြန်ရှောင်သလို - ဦးခေါင်း မီးလောင်ရင် မြန်မြန်ငြိမ်းသလို၊ သူတို့ မြန်မြန်ငြိမ်းပါဆိုတာ ဒီပြင် တရားဟောကို မဟောခဲ့ဘူး၊ ဘာဟောတုံး … (သက္ကာယဒိဋ္ဌိကို ဟောပါတယ် ဘုရား)။

ဒါဖြင့် အရေးကြီးလို့ပြောတာ၊ ကျုပ်တို့က ဖြေးဖြေးဆေးဆေး လုပ်နေလို့ တော်ပါ့မလား … (မတော်ပါဘူးဘုရား) ရှင်းပြီနော် … (မှန်ပါ့) ကောင်းပြီ၊ ဒါဖြင့် ဘယ်ငြိနေတုံး ကိုစောမောင်ရ ငြိပုံလေး ပျောက်သွားအုံးမယ် … (ခန္ဓာငါးပါးဘုရား) အေး - ဒါလေးမပျောက်စေနဲ့ … (မှန်ပါ့) ဒါဖြင့် ခန္ဓာငါးပါးမှ မသိတဲ့ ပုဂ္ဂိုလ်များမှာဖြင့် အကုန်ငြိမ်နေတယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။

ခန္ဓာငါးပါးမှ မသိတဲ့ပုဂ္ဂိုလ်မှာဖြင့် … (အကုန်ငြိပါတယ်) အကုန်ငြိပဲဆိုတော့ ကိုစောမောင် အကုန်ဖြုတ်ရမယ် … (မှန်ပါ့) အကုန်ငြိနေရင် အကုန်ဖြုတ်ရမယ်ဆိုတာ ဒီဘက်က ဒကာ ဒကာမတွေ ကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား)။

ကောင်းပြီ ခင်ဗျားတို့ အခု၊ အင်း - တွင်းတွေလည်း ထောင်ကြ ကျောက်တွေလည်း အရောင်းအ၀ယ်လုပ်ကြ၊ ဘယ်နှယ့်တုံး ခင်ဗျားတို့က အနားကို မရှိပါဘူး၊ မနှစ်ကလည်းရတယ်၊ အဲဒါလေးနဲ့ ထိုင်ပြီးများ အေးအေးဆေးဆေး အသက်ကလေး မှန်မှန်ရှု နေပါဦးတော့၊ အို ကိုယ်တော်တို့ ပြောတော့ အလွယ်လေး၊ သက္ကာယဒိဋ္ဌိက မပြောသေးဘူးလား၊ ပြောပါတယ် သူကဆင်ခြေလဲတယ်၊ ဒီကိုယ့်တစ်ဝမ်း တစ်ခါးထဲမှ မဟုတ်ဘဲဘုရား၊ အရှင်ဘုရားတို့လိုမှ မဟုတ်ဘဲ၊ ငါတွေရှိနေတော့ ငါဥစ္စာတွေက နဲတာမှ မဟုတ်ဘဲ၊ အင်း - သူက၀င် တရားဟောပြီ … (မှန်ပါ့)။

အင်း - တော်တော့ ဘုန်းကြီးများ ဆိုလို့ရှိရင် အင်း - ဟုတ်တယ် ဟုတ်တယ်, ခင်ဗျားတို့ ကျုပ်တို့လို မဟုတ်ဘူးလို့ လျှော့လာခဲ့ရတယ် (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါတယ်ဘုရား) သက္ကာယဒိဋ္ဌိ က၀င်ပြီး ပူးတဲ့ပြီးပြောလိုက်တော့၊ အိုလည်း အိုပါပြီ၊ ငါးဆယ်၊ ခြောက်ဆယ်ရှိကုန်ပြီ ရပ်ပါတော့လား အစရှိသည်နဲ့ မပြောဘူးလား … (ပြောပါတယ်ဘုရား)။

ဘယ်နှယ့်လုပ်မလဲ - သူကထွက်လာတာ၊ သူကဘယ်လိုထွက်လာတုံး … (ဘယ်နှယ့်လုပ်မလဲတဲ့ ဘုရား) သူဘယ်နှယ်လုပ်မလဲ ဆိုတာ ခင်ဗျားတို့က နားမလည်လိုက်ဘူး၊ ဘယ်နှယ့်လုပ်မလဲလို့ သူက ပြောလိုက်တာက ငါ့ကိုမှီနေတာတွေနဲတာတွေ မဟုတ်ဘူး၊ ဒါ - လက်ညှိုးညွှန်ချလိုက်တယ် … (မှန်ပါ့)။

ငါ့ဥစ္စာတွေနဲတာတွေမဟုတ်ဘူး၊ ဘယ်သူက ပြောလိုက်တာတုံး … (သက္ကာယဒိဋ္ဌိကပြောလိုက်တာ ပါဘုရား) ဒါဖြင့် ဒီ-ငါ့ဥစ္စာတွေနဲတာတွေ မဟုတ်ဘူးဆိုပြီး သက္ကာယဒိဋ္ဌိက ညွှန်ပြလိုက်တဲ့အခါ ကျတော့ ကိုစောမောင်တို့ လူစုက၊ မသိတဲ့လူက ဟုတ်ပေလိမ့်မယ်၊ ဘယ်နှယ့်ဆိုကြမတုံး … (ဟုတ်ပေလိမ့်မယ် လို့ဆိုကြပါတယ်ဘုရား)။

အံမလေး - သက္ကာယဒိဋ္ဌိကထောက်ခံချက်များ ပေးလိုက်သေးတယ်၊ မပေးလိုက်ဘူးလား … (ပေးပါတယ်ဘုရား) ကိုစံလှတို့ လူစုက ပေဖူးလှပြီနော် … (မှန်ပါ့) ခင်ဗျားအဖိုးကြီး, ကြီးလှပြီ တော်ပါတော့ လား၊ မင်းတို့မသိဘူးကွ အကုန် ငါ့မှီနေတာ၊ ဟုတ်ပေလိမ့်မယ်လေ - မလိုက်ပေဘူးလား … (လိုက်ပါတယ်ဘုရား) ဦးဘရှင်း ခင်ဗျား ဘယ်နှစ်ခါလိုက်ဖူးသတုံး - မရေတွက်နိုင်ဘူး၊ ရိပ်မိကြပလား … (မှန်ပါ့) ဒကာ ဒကာမတို့ အဲဒါခင်ဗျားတို့ကလည်း ပြီးတော့မှ ဆုများ တောင်းလိုက်သေးတယ်၊ အင်း - ပေးနိုင် ကျွေးနိုင် ဘ၀မျိုးဖြစ်ပါရစေ၊ အံမာလာသေးတယ်၊ ဘယ်လိုများလာကြတုံး … (ပေးနိုင် ကျွေးနိုင်တဲ့ ဘ၀မျိုးဖြစ်ရပါစေတဲ့ဘုရား)။

အင်း - ဒီထဲက သူတို့က ငြိမ်ငြိမ်လေးနဲ့ သင့်သင့်မျှမျှနဲ့ စားရလို့ရှိရင် ကျုပ်တို့က ခပ်ပြုံးပြုံးနဲ့၊ နောက်လှဲ့ပြုံးရ - ပြုံးရ ကျုပ်တို့က ကျေနပ်တယ်၊ အံမယ် - အတော်အဟောကောင်းတယ်၊ ဒီဒါနမသေးဘူး လို့ ပြောလိုက်သေးတယ်၊ ပြီးတော့ သူ - ရောနေတယ်၊ မရောဘူးလား ရောလား … (ရောပါတယ်ဘုရား) ရိပ်မိကြပလား … (ရိပ်မိပါပြီဘုရား)။

ခင်ဗျားတို့ကို ချော့လည်းချော့ - တွန်းလည်းတွန်းချ၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) ချော့တာလဲ - ကိုစောမောင် ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) တွန်းချတာကော … (သက္ကာယဒိဋ္ဌိပါဘုရား) ဒါဖြင့် ဒီထဲ အရမ်းတွန်းမယ်လို့လာတာ ကျုပ်တို့ရှောင်လို့ လွယ်သေးတယ်၊ ချော့ - တွန်းလိုက်တာတော့ … (ရှောင်လို့ မလွယ်ပါဘူးဘုရား) ဒါကြောင့်ခက်နေတယ်၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။

အံမလေး - ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့၊ စကားတတ်လို့ပြောတာလား - သူ့နယ်ဒီလောက်ကျယ်တာ ပြောတာလား (သူ့နယ်ကျယ်တာပြောတာပါဘုရား) ဟုတ်ပလား ကိုစောမောင် … (ဟုတ်ပါတယ်ဘုရား) ကိုင်း - ဒါဖြင့် အခုအမောဆိုက်နေတဲ့ ဒကာ ဒကာမတွေ၊ ဟိုပြေးလိုက် - ဒီပြေးလိုက် ကိုစောမောင် … (မှန်ပါ့)။

အင်း - စစ်တွေကြားပြေးလိုက်၊ ဘယ်သူပြေးခိုင်းတာတုံးဗျ … (သက္ကာယဒိဋ္ဌိပြေးခိုင်းတာပါဘုရား) သူက အပြေးခိုင်းနေတာ၊ ငါရှိနေတော့ - ငါ့ဥစ္စာဖြစ်ဖို့ ကိုစံလှတို့ မပြေးခဲ့ရဖူးလား … (ပြေးခဲ့ရပါတယ် ဘုရား) ရန်သူထဲတွန်းထုတ်နေတာရော … (သက္ကာယဒိဋ္ဌိပါဘုရား)။

မသေမချင်းတွန်းထုတ်နေတာ … (မှန်ပါ့) သေတဲ့အခါကျတော့ ကိုစောမောင်တို့က၊ သြော် - ကံမကောင်း အကြောင်းမသင့်လို့ ကျုပ်ဖြင့်သေခဲ့ရတယ်၊ လုပ်တာက သူက၊ စွဲချက်တင်လိုက်တော့ ကံပေါ် သွားတင်တယ်၊ သူက ဘေးကနေပြုံးတယ်၊ လုပ်တာ ငါက - စွဲချက်တင်တာက တခြားဆိုတော့ ကိုပေါ်၊ သက္ကာယဒိဋ္ဌိက ဘယ်နှယ် ထင်တုံး … (ပြုံးပါတယ်ဘုရား)။

အဲလောက်ကျအောင် ခင်ဗျားတို့ကို လှည့်နိုင်တာ … (မှန်ပါ့) မလှည့်နိုင်ဘူးလား … (လှည့်နိုင်ပါ တယ်ဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) အဲဒါကြောင့် ခင်ဗျားတို့စကားလေးများ ပြောမယ်ကြံရင် သက္ကာယဒိဋ္ဌိက ပြောတဲ့အသံလား - ဥာဏ်ကပြောတဲ့ အသံလား ဆိုတာလဲ ရှင်းကြပါဦး၊ ရှင်းကိုမရှင်းဘူး … (မှန်ပါ့)။

ဘယ့်နှယ်လုပ်မတုံးဘုရာ့ ဒီသားတွေ, သမီးတွေ, ဒီမြေးတွေ, ဒီမြစ်တွေနဲ့၊ အရှင်ဘုရားတို့လို သပိတ်တစ်လုံးနဲ့ မနက်ထွက် ပြည့်စုံတာ မဟုတ်တော့ တပည့်တော်တို့ မခက်ဘူးလား၊ တပည့်တော်မှီနေ ကြတာ၊ တပည့်တော်ဆိုတာငါပဲ၊ သဘောကျပလား … (ကျပါတယ်ဘုရား)။

ဘုန်းကြီးမို့ တပည့်တော်သုံးလိုက်တာ၊ ပြောတော့ … (ငါ - ပါဘုရား) ငါ့မှီနေကြတာတွေ ဘယ်လောက်များတုံး၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) အဲတော့ ငါရုန်းမယ်ဆိုတဲ့ အဓိပ္ပါယ်ကော မသေချာဘူးလား … (သေချာပါတယ်ဘုရား) ဘယ်သူက အရုန်းခိုင်းသတုံး … (သက္ကာယဒိဋ္ဌိက အရုန်းခိုင်း ပါတယ်) ရှင်းကြပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် သိပ်ပြီးအပင်ပန်းခံနေတဲ့သူတွေ၊ ကိုစောမောင် တွေးလိုက်တာပေါ့၊ ဘယ်နှယ့်ကြောင့် ဒီလောက် ရုန်းနိုင်ပါလိမ့် … (သက္ကာယဒိဋ္ဌိက အရုန်းခိုင်းလို့ပါဘုရား) ဒါဖြင့် အရုန်းခိုင်းတာလဲ … (သူပါဘုရား) နွားခိုင်းလို့ပါဘုရား) ဒါဖြင့် အရုန်းခိုင်းတာလည်း သူပဲ၊ ရုန်းပြီးသကာလ တစ်ခါတည်း၊ အပါယ်ပို့လိုက်တာလဲ … (သူပါ ဘုရား) နွားခိုင်းလည်းခိုင်းတယ်၊ နွားသတ်ရုံပို့တာ ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါဘုရား)။

ခိုင်းတာလည်း ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) အပါယ်ချတာလည်း သူပဲ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဆိုးမှန်းသိလို့ရှိရင် ခင်ဗျားတို့ တစ်စက္ကန့်တောင် ပေါင်းသင့် - မပေါင်းသင့် … (မပေါင်းသင့်ပါဘူးဘုရား) ရိပ်မိလာပြီ၊ ဒကာ ဒကာမတို့ ပေါင်းသင့်၊ မပေါင်းသင့် … (မပေါင်းသင့်ပါဘူးဘုရား) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။

သြော် - ဆိုတဲ့ လေပြေကိုမလာစေနဲ့ … (မှန်ပါ့) သြော် - တပည့်တော်ကလည်း ကြီးပြီ၊ ဒါနဲ့ပဲ ပေးတန်တာပေး - ကျွေးပြီးသကာလ သူ့မှီနေတာလေးတွေလည်း မျက်နှာငယ်နဲ့နေမှာ စိုးရိမ်ရတော့၊ အိုကြီး အိုမမှ မရှက်နိုင်ဘူး၊ လုပ်နေရတာပဲ … (မှန်ပါ့)။ အံမာ - ဒီလိုများလာလိုက်သေးတယ်၊ မကြားဖူးဘူး လား … (ကြားဖူးပါတယ်ဘုရား)။

မရှက်နိုင်ဘူးတဲ့ အိုကြီး အိုမ ပေမဲ့လည်း ခေါင်းဖြူစွယ်ကျိုးတွေ၊ ဦးမူ စောင်းပြောတာမဟုတ်ဘူး နော်၊ လုပ်နေရတာပဲ … (မှန်ပါ့) မလာဘူးလား - လာလား … (လာပါတယ်ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်သူ့ကခိုင်းနေတာတုံး … (သက္ကာယဒိဋ္ဌိက ခိုင်းနေတာပါဘုရား)။

အံမလေး - ဘယ်သူများ သနားညှာသေးတုံး … (မညှာပါဘူးပါဘုရား) ဘယ်သူမှ မညှာဘူးဆို တော့ တောင်ဝှေးထောက်ခိုင်းတာလဲ … (သက္ကာယဒိဋ္ဌိပါဘုရား) မျက်မှန်စွပ်ပြီး သကာလ ၀ယ်ခိုင်းနေတာကော … (သက္ကာယဒိဋ္ဌိပါဘုရား) ရိပ်မိပလား … (ရိပ်မိ ပါပြီဘုရား)။

ဦးမူ၊ ပေါ်ပြီနော် … (ပေါ်ပါပြီဘုရား) ဒါ - ဘယ်သူ့သတ္တိ (သက္ကာယဒိဋ္ဌိ သတ္တိပါဘုရား) အင်း - သူမပြုတ်ဘဲနဲ့သေတော့ ဘယ်သွားကြရတုံး … (အပါယ်သွားကြရတယ်ဘုရား) ဒကာ ဒကာမတွေ နွားခိုင်းလည်းခိုင်း - သတ်လည်းစားဆိုတော့ ဦးဘရှင်း၊ နှစ်ဘက်ရှုံး (မှန်ပါ့) ခိုင်းလည်းခိုင်းတာလဲ ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိပါဘုရား) နွားရှင်သက္ကာယဒိဋ္ဌိပဲ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

အင်း - သတ်ပြီးသကာလ တစ်ခါတည်း အရေတွေခွာ၊ အရေဖိုးယူတာလဲ - ကိုစောမောင် ဘယ်သူ တုံး … (သက္ကာယဒိဋ္ဌိပါဘုရား) ဒါဖြင့် နွားသတ်သမားလည်း သူ၊ နွားခိုင်းသမားလဲ … (သူပါပဲဘုရား) ဓီလောက်ထိအောင် ကျုပ်တို့အပေါ်မှာ ညှင်းဆဲတယ် … (မှန်ပါ့) ဒါဖြင့် သူ့ရှေးဦးစွာ ဖြုတ်ရမှာလား - မဖြုတ်ရဘူးလား … (ဖြုတ်ရပါမှာပါဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။

ဘာလုပ်ကြရမယ် … (ရှေးဦးစွာဖြုတ်ရပါမယ်ဘုရား) ရှေးဦးစွာ ဖြုတ်ရမယ် … (မှန်ပါ့) ဒါကြောင့် ဘုန်းကြီးပြောတဲ့စကား ကြီးသလားဆိုရင် ဦးဘရှင်း ဒါနနောက်ထားစမ်းပါ - သီလ … (နောက်ထားရမှာပါ ဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) သမထကော … (နောက်ထားရမှာပါဘုရား)။

ငန်ချိုဖြစ်မှာစိုးလို့ သူပျံ့မှဆို အပျက်ချည်းပဲ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဦးမူတို့ ကောင်းကောင်းရှင်းပြီ၊ ဒီဘက် ဒကာ ဒကာမတွေ ရှင်းကြရဲ့လား … (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် သူ့ကိုအရင်ဖြုတ်လိုက် … (မှန်ပါ့) ကဲ - ကိုစောမောင် ဘယ်ငြိတုံး … (ခန္ဓာငါးပါးမှာ ငြိပါတယ်ဘုရား) အခုမှပေါ်လာပြန်ပြီ၊ ခန္ဓာငါးပါးပဲ ငြိနေတယ်ဆိုတာ သေချာကြပါပြီ ဒကာ ဒကာမတို့နော်၊ ကဲ-ဒါဖြင့် ခန္ဓာငါးပါးဆိုတာက အခု ဘုန်းကြီးကပြောလို့ ခန္ဓာငါးပါး … (မှန်ပါ့) ခန္ဓာငါးပါးဆိုရင် သူကွာချင်တဲ့ အသံ - ငြိတာ ပြုတ်တဲ့အသံထွက်လာတယ် … (မှန်ပါ့)။

သို့သော် ခင်ဗျားတို့က ခန္ဓာငါးပါးသာဆိုတာကို ယောက်ျား မိန်းမက သွားဖုံးနေတယ် … (မှန်ပါ) မဖုံးဘူးလား … (ဖုံးပါတယ်ဘုရား) ခန္ဓာငါးပါးဘယ်သူက လာဖုံးတုံး … (ယောက်ျားမိန်းမက ဖုံးပါတယ် ဘုရား) ငါယောက်ျားပဲ၊ ဖုံးသွားပြီ ခန္ဓာငါးပါးဖုံးသွားပြီ၊ ငါမိန်းမပဲ၊ မိန်းပေမဲ့လည်း မိန်းမစွမ်းကောင်းထဲက အစရှိသည်နဲ့ မလာဘူးလား … (လာပါတယ်ဘုရား)။

ဘယ်သူဖုံးသွားလို့တုံး … (ခန္ဓာငါးပါးကို ဖုံးသွားပါတယ်ဘုရား) ခန္ဓာငါးပါးပျောက်ကို ထွက်သွား တယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ဒါဖြင့် ခန္ဓာငါးပါးဆိုတဲ့အသံဟာ ဘုရားပွင့်မှ ပေါ်တဲ့အသံ … (မှန်ပါ့) ဘယ်နှယ့်ဆိုကြမယ် … (ဘုရားပွင့်မှ ပေါ်တဲ့အသံပါဘုရား)၊ အဲဒီအသံလေးကိုက ကိုစောမောင် တော်တော်အဖိုး တန်တဲ့အသံ … (မှန်ပါ့)။

ကဲ - ခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ချုံးလိုက်ကြတော့ ဘာတုံး … (ရုပ်နဲ့နာမ်ပါဘုရား) ဒါလည်း ဘုရားပွင့်လို့ပေါ်တဲ့အသံ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ခန္ဓာငါးပါးဆိုတာ ဘုရားပွင့်မှ ပေါ်တဲ့ အသံ၊ ရုပ်နာမ်ဆိုတာကော … (ဘုရားပွင့်မှပေါ်တဲ့အသံပါဘုရား) ဒါ - ခင်ဗျားတို့မှာ ဘုရားပွင့်ဆိုတာ ဘာပါလိမ့်မတုံး အောက်မေ့နေတယ်၊ ဒီအသိရောက်တာကိုဆိုတာ၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား)။

ဘုရားပွင့်ဆိုတာ ဘာပါလိမ့် … (ခန္ဓာငါးပါးသိတဲ့ အသိရောက်တာပါဘုရား) ခန္ဓာငါးပါးသိတဲ့ အသိရောက်တာကိုဆိုတာ … (မှန်ပါ့) ရုပ်နာမ်သိတဲ့အသိဥာဏ်ရောက်တာ၊ အဲဒါ ဘာဆိုကြမယ် … (ဘုရားပွင့်တာပါဘုရား) ဘုရားလက်ထက်က တိတ္ထိကြီးတွေမှာ ဒါ မရှိဘူး၊ သူတို့ ဘုရားပွင့်ရဲ့လား … (မပွင့်ပါဘူးဘုရား) မပွင့်ပါဘူး၊ သေတော့ အပါယ်ချည်းသွားကြတယ် … (မှန်ပါ့) သဘောကျပလား (ကျပါတယ်ဘုရား)။

ခင်ဗျားတို့က ခက်နေတာက ရောင်ခြည်တော်တွေ လွှတ်တာမှ ဘုရားပွင့်တယ်လို့ဆိုတာ၊ အမြင်တွေပါတဲ့ - ခင်ဗျားဝမ်းထဲမှာ ဘုရားပွင့်တာက သူပြုတ်တာ၊ ရိပ်မိပလား … (ရိပ်မိပါတယ်ဘုရား) ခင်ဗျားဝမ်းထဲ ဘုရားပွင့်တာ … (ရုပ်နာမ်သိတာပါဘုရား) အဲဒါလုပ်ကြစမ်းပါ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဘာလုပ်ကြရမယ် - သက္ကာယဒိဋ္ဌိဖြုတ်ရပါမယ်၊ ဘယ်ငြိနေတုံး … (ခန္ဓာငါးပါးမှာ ငြိနေပါ တယ်ဘုရား) ကဲ - ရှင်းလိုက်တော့ ဘယ်ငြိနေတုံး … (ခန္ဓာငါးပါးမှာငြိပါတယ်ဘုရား) ရုပ်နာမ်မှာ ငြိနေတယ် ဆိုတော့ ငြိလည်းငြိပေမှာပဲတဲ့၊ ခင်ဗျားတို့က ရုပ်နာမ်က သက္ကာယကိုး … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

အဲဒီ ရုပ်နာမ်သက္ကာယကို ခင်ဗျားတို့က သူ့ဘာသာနေတော့ သက္ကာယ၊ ခင်ဗျားတို့က ရုပ်ကို ငါထင်လိုက်တော့မှ ဒိဋ္ဌိ … (မှန်ပါ့) နာမ်ကိုငါထင်လုက်တော့မှ … (ဒိဋ္ဌိပါဘုရား) ဒါဖြင့် သက္ကာယကြောင့် ဒိဋ္ဌိဖြစ်တာလား - ဒိဋ္ဌိကြောင့် သက္ကာယဒိဋ္ဌိဖြစ်တာလား၊ ကိုစောမောင် မမေးသင့်ဘူးလား … (မေးသင့်ပါ တယ်ဘုရား) သက္ကာယကြောင့်တော့ ဒိဋ္ဌိမဖြစ်ဘူး၊ ဒိဋ္ဌိကြောင့် .. (သက္ကာယဒိဋ္ဌိဖြစ်ရပါတယ်ဘုရား) သက္ကာယဒိဋ္ဌိသွားဖြစ်နေတယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။

ကောင်းပြီ - ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ သေသေချာချာ ရှင်းလိုက်တဲ့ အခါကျတော့ သြော် - အစွဲမှားလို့ ဖြစ်ရတာ … (မှန်ပါ့) ဘယ်လိုဆိုကြမယ် … (အစွဲမှားလို့ ဖြစ်ရတာပါ ဘုရား) ရုပ်နာမ်မသိလို့ … (မှန်ပါ့) ဖြစ်ရတာ … (မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် ရုပ်နာမ်မသိရလို့ ဖြစ်နေတာဆိုရင်ဖြင့် ဒီ - ဒိဋ္ဌိ၊ ကိုစောမောင် ရုပ်နာမ်သိတာ ဘုရားပွင့်မှလို့ ခုနင်က ပြောခဲ့ပါတယ် … (မှန်ပါ့) ကဲ - ဒါဖြင့် ခင်ဗျား သန္တာန်ဘုရားပွင့်ပလား … (ပွင့်ပါပြီဘုရား) ရုပ်နာမ် သိပလား … (သိပါပြီဘုရား) လှမ်းချင်တာက နာမ် - လှမ်းတာရုပ် အိပ်ချင်တာက နာမ် - အိပ်တာက ရုပ်၊ ဒါလေးကို ခင်ဗျားတို့က သိနေဖို့ အင်မတန်အရေးကြီးပါတယ် … (မှန်ပါ့)

ကောင်းပြီ - ဒီလိုသိထားတဲ့ အခါကျတော့မှတဲ့၊ ၀ိပဿနာ ဒီလို သိပြီးမှ အားထုတ်တော့မှ အသိဥာဏ်နဲ့က သက္ကာယဒိဋ္ဌိက ပြုတ်တယ်၊ ဒကာ ဒကာမတွေ ဒီနေရာမှာ သမ္မာဒိဋ္ဌိပြန်ရောက်တယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) သက္ကာယဒိဋ္ဌိက ပြုတ်သွားတယ်၊ အမြစ်ပါ ပြုတ်တယ်လို့တော့ မယူနဲ့ … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါပြီဘုရား)။

အမြစ်ပါပြုတ်တယ်လို့ မယူပါနဲ့၊ အသိနဲ့ပြုတ်တာ … (မှန်ပါ့) ဘယ်လိုဆိုကြမယ် … (အသိနဲ့ပြုတ် တာပါဘုရား) အသိနဲ့ ပြုတ်တာဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား) ကောင်းပြီ - ဒါဖြင့် အသိနဲ့ ပြုတ်လို့ရှိရင်ဖြင့် ကိုစောမောင်ရေ ဒီဥစ္စာ အကျင့်နဲ့ပြုတ်ရလိမ့်ဦးမယ် … (မှန်ပါ့)။

အော် - ဒီလောက်နဲ့တော့ သူကတော်တော်ခက်တဲ့တရားဆိုတော့၊ အို - ခင်ဗျားတို့ အသိလောက်နဲ့ အကျင့်လောက်နဲ့များတော့ ကျုပ်ကဘေးက ရှောင်ရက်ပါပဲ - ဆိုသလိုပဲ … (မှန်ပါ့) အပယ်နဲ့မှ သူပြုတ်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ဒါဖြင့် အသိနဲ့လည်း မပြုတ်နိုင် ဘေးရှောင်တာပဲရှိတယ်၊ အပွားနဲ့ကော … (မပြုတ်ပါဘူးဘုရား) အပယ်နဲ့မှ … (ပြုတ်ပါတယ်ဘုရား) ဒကာ ဒကာမတို့ ဒီလောက်အရုပ်ဆိုးနေတဲ့တရားကို ဒီလှေခါးသုံးထစ် နင်းမိရင်ပြီပါတယ်ဆိုသလို - အသိတစ်ထစ်ပေါ့ဗျာ (မှန်ပါ့) ရှင်းပါပြီ၊ အပွားက … (တထစ်ပါဘုရား) အရောက်က … (တထစ်ပါဘုရား) သုံးထစ်မနေဘူးလား … (နေပါတယ်ဘုရား)။

ဒီ သုံးထစ်တက်လိုက်လို့ အပေါ်ထစ်ရောက်တယ်ဆိုရင် ဦးဘရှင်း၊ ပြီးသွားတယ်၊ မပြီးဘူးလား … (ပြီးပါတယ်ဘုရား) ကဲ - ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာ၊ ဒီသုံးလုပ်ဟာဖြင့် အသိမရှိဘဲနဲ့တော့ အပွားမဖြစ်နိုင်ဘူး၊ အပွားမရှိဘဲနဲ့ အပယ်မဖြစ်နိုင်ဘူး၊ ဆိုတာ ကိုလည်း ခင်ဗျားတို့ အရိုးစွဲအောင် မှတ်ပါတဲ့။

အသိနဲ့ရပ်မှာ ဘုန်းကြီးက စိုးရိမ်တယ်၊ ကိုစောမောင် မစိုးရိမ်ရဘူးလား … (စိုးရိမ်ရပါတယ်ဘုရား) အဲတော့ မနေ့က ပြောခဲ့တယ်၊ မဟာဝေဒလ္လသုတ်က အသိနဲ့ကခဏပဲဟေ့၊ ခယ၀ယမြင်လို့ပယ်တာ ခဏပဲ၊ ခယ၀မြင်တယ်ဆိုပါတော့ဗျာ - ကုန်တာပျက်တာတွေ၊ အဲဒါတောင်မှ ၀ိပဿနာ မဂ်မှာဖြစ်သေးတယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား)။

ဒါဖြင့် လောကုတ္တရာမဂ်ကျမှ သူ့ပယ်နိုင်တာပေါ့ … (မှန်ပါ့) လောကုတ္တရာမဂ်ကမှ သက္ကာယဒိဋ္ဌိကို ပယ်နိုင်တယ် မဟုတ်လား … (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိမှသူသွားမယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) သစ္စာ မသိသေးရင် သူမသွားသေးဘူး၊ သေချာပလား … (သေချာပါတယ်ဘုရား)။

ဒကာ ဒကာမတို့ သစ္စာသိဖို့အလုပ်ဟာ ကျုပ်တို့ အရေးကြီးဆုံး အလုပ် … (မှန်ပါ့) ဘယ်လိုဆိုကြ မတုံး … (သစ္စာသိဖို့တဲ့၊ သစ္စာသံယုတ်မှာ ငါသည် သစ္စာမသိဘဲနဲ့ကွာ … ဘုရားဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဖြင့် ကိုစောမောင် ဇီးဖြူရွက်နဲ့ မင်း မောရင်သော်ဖို့ရာ - ငါရေထုတ်လာတယ်၊ သောက်ပါလို့ပြောရင် ယုံရမလား … (မယုံရပါဘုရား) သစ္စာမသိဘဲနဲ့ ဘယ်သူမှ မပြုတ်ဘူးဟေ့၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

သစ္စာမသိဘဲနဲ့ … (သက္ကာယဒိဋ္ဌိမပြုတ်ပါဘူးဘုရား) ရှင်းပြီနော် သစ္စာသိအောင် နက်ဖြန်ကျ အလုပ်ပေးမယ်။

ကဲ … ဒီနေ့ဒီတွင် တော်ကြစို့။

သာဓု … သာဓု … သာဓု …။

http://www.mogokinsightny.org/publications/

ဆိုဒ်မှ ထပ်ဆင့်ယူ၍မျှဝေပါသည်

ဒိဋ္ဌိပြုတ်တရားတော်(၁-၁)










http://www.mogokinsightny.org/publications/

ဆိုဒ်မှ ထပ်ဆင့်ယူ၍မျှဝေပါသည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားသောတရားတော်

ဒိဋ္ဌိပြုတ်တရားတော(၁) အရေးကြီးတဲ့အလုပ်၊ ကြီးသလိုလုပ်ပါ

အရေးကြီးတဲ့အလုပ်ကို ဒကာ ဒကာမတွေက နှေးနှေးလုပ်လို့ရှိရင်ဖြင့် အပြစ်တစ်ခုခုတော့ တွေ့မှာပဲဆိုတာ မှတ်ထားရမယ်နော် … (မှန်ပါ့) အရေးကြီးတဲ့အလုပ်ကို နှေးနှးမှ လုပ်ကြလို့ရှိရင် အပြစ်သင့်မှာပေါ့ … (မှန်ပါ့) အရေးကြီးတဲ့အလုပ်မလုပ်ပဲ နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးမှ ခေါင်းပြူပြီးအပေါ်တက်နိုင်ဖို့ မမြင်ပါဘူး … (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း ဟောပါတယ်၊ အရေးကြီးတဲ့အလုပ်ကို အရေးကြီးသလို လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့အလုပ်ကို အရေးကြီးသလို လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့ အလုပ်ကို အသာချိတ်ထားပါလို့ ဦးဘရှင်းတို့ကို ဆုံးမရတယ်၊ အရေးကြီးသောအလုပ် ဘာတုံးလို့ဆိုရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ငရဲမျိုးစေ့ဖြုတ်လိုက်၊ ကိုစောမောင် … ဘာဖြုတ်ရမတုံး…(ငရဲမျိုးစေ့ ဖြုတ်ရမှာပါ ဘုရား)။

ကိုစံလှတို့ မှတ်မိပါလိမ့်ဦးမယ်၊ ငရဲမျိုးစေ့ဘယ်သူပါလိမ့် (ဒိဋ္ဌိပါဘုရား) သက္ကာယဒိဋ္ဌိ … (မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ငရဲမျိုးစေ့ဘယ်သူပါလိမ့် … (သက္ကာယဒိဋ္ဌိပါဘုရား)။

ကောင်းပြီ - ဒီ သက္ကာယဒိဋ္ဌိလည်း ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတော် မူပါတယ်၊ သံယုတ်ပါဠိတော်မှာ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ - သတ္တိယာဝိယ သြမဋ္ဌော ဒယှမာနောဝ မတ္တကေ သက္ကယဒိဋ္ဌိပ္ပဟာနာယ သတော ဘိက္ခုပရိဗ္ဗဇေ-လို့ဟောလိုက်တယ်၊ ပါဠိရွတ်နေ အပိုပါပဲ၊ မြန်မာလိုပြောလိုက်ပါဆိုတော့ ကိုစောမောင်ကို တစ်ယောက်သော ပိုဂ္ဂုလ်က အသွားမြမြထက်တဲ့ လှံကြီးနဲ့ ထိုးလိုက်တယ်နော် … (မှန်ပါ့)။

လှံအဝေးကနေပစ်လိုက်တယ်၊ ပစ်ထိုး-ထိုးလိုက်တဲ့အခါကျတော့ ကိုစောမောင်က အစွမ်းကုန်တော့ဖြင့် တိမ်းမှာပဲ…(မှန်ပါ့) ဒီထက်မြန်တဲ့အလုပ်ရှိရင် ဒီထက်မြန်သလိုပဲ တိမ်းရမှာပဲဆိုတဲ့ ဥစ္စာ အရှင်းသားပဲ … (မှန်ပါ့) ဒါ - အမြန်ဆုံးလုပ်ရမဲ့ကိစ္စပဲဆိုတာ အားလုံး ဒကာ ဒကာမတွေ သိကြမှာပေါ့ … (မှန်ပါ့)။

ဦးခေါင်းကို မီးဖွားလေးတစ်ခု တခြားကလွင့်လာပြီး ဒီအုန်းဆီတို့ လိမ်းထားတဲ့ ခေါင်းပေါ်မှာ မီးဖွားလွင့်ပြီး မီးလေးက ဖျတ်ဖျတ်နဲ့ မြန်မြန်လောင်တဲ့အခါကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီထက် ပျာပျာသလဲ လုပ်စရာကိစ္စ ရှိသေးရဲ့လား … (မရှိပါဘုရား) ထမင်းစာဖိတ်လည်း မသွားနိုင်ပါဘူး၊ ကလေးငိုနေလဲ …(မသွားနိုင်ပါဘူးဘုရား) ဘာကြောင့်တုံး၊ ဒါ-အရင်ငြိမ်းရမှာကိုးဗျ … (မှန်ပါ့) ဦးဘရှင် ဒါ-အရင်ငြှိမ်းမှာပဲ … (မှန်ပါ့)။

ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဥာဏ်နဲ့ ကြည့်ပါတယ်ကွာတဲ့၊ ဩော်-သက္ကာယဒိဋ္ဌိကို ဒီလိုအမြန်ဖြုတ်ပြစ်လိုက်၊ ဒီ-မီးငြိမ်းတဲ့အမြန်မျိုးနဲ့ ဥာဏ်နဲ့နှုတ်ပစ်၊ ဒီလှံကို ရှောင်သလို-အမြန်ရှောင်ပစ်လိုက်ပေါ…(မှန်ပါ့)။

အဲ့လောက် အမြန်ဟောတယ်လို့ သံယုတ်ပါဠိတော်မှာ ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီထက်မြန်စရာကော ရှိသေးရဲ့လား … (မရှိတော့ပါဘူး) ဘုရားက အရေးကြီးတဲ့အလုပ် ဖြေးဖြေးမလုပ်ပါနဲ့လို့ စကားခင်းခဲ့တယ်…(မှန်ပါ့)။

အရေးကြီးတဲ့အလုပ်ကို … (မြန်မြန်လုပ်ရမှာပါဘုရား) ဖြေးဖြေးလုပ်လို့ရှိရင် အပါယ်ရောက်သွား လိမ့်မယ် … (မှန်ပါ့) ဦးဘရှင်း ဖြေးဖြေးလုပ်ရင် … (အပါယ်ရောက်သွားမှာပါဘုရား) အရေးကြီးတဲ့ အလုပ်ကို အရေးကြီးသလို မြန်မြန်လုပ်လိုက်ပါလို့ဆိုတာ အမြင်သေးတဲ့ပုဂ္ဂိုလ်က ပြောတာလား - အမြင်ကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာလား အကဲခတ်ကြည့်ပါ … (အမြင်အကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာပါဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တစတစလုပ်ရမှာပဲဆိုတော့ ဦးဘရှင်းအရူးရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဦးဘကလေးဘာခေါ်ကြမယ် … (အရူးရင်လဲဖြစ်ပါလိမ့်မယ်ဘုရား) အရူးရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဒကာ ဒကာမတို့ လောကတ္ထစရိယံ = လောကကြီးကို ငါကယ်မယ်လို့ အသားလှူ-အသွေးလှူပြီး ခန္ဓာကိုယ်ပါလှူ-တိုင်းပြည်ပါလှူ-သားတွေ မယားတွေပါလှူ-ဒီအမြင်ရချင်လို့ ငါသည်ကား ဆိုလို့ရှိရင် လှူခဲ့တာ ဒီအမြင်ရတယ်၊ အမြင်မှန်ရတယ်၊ အမြင်မှန်ရတဲ့အထဲမှာမှ အရေးကြီးဆုံး သတ္တ၀ါတွေ ကယ်တင်ဖို့ ငါရှာလိုက်တဲ့အခါ ဒိဋ္ဌိအရင်ဖြုတ်ဖို့ရာသည် သတ္တ၀ါတို့၏ တပည့်သားမြေးတွေအတွက်မှာဖြင့် အရေးကြီးဆုံး အလုပ်ပဲဆိုပြီးတော့ ကိုယ်တော်မြတ်ကြီးသည် အင်မတန်ကြီးကျယ်တ့ ဥာဏ်နဲ့ အမှန်ကို ကြည့်လိုက်တော့ ဒါ-အရင်ဖြုတ်ရမယ် … (မှန်ပါ့) ကိုပေါ် သဘောကျပလား … (ကျပါတယ်ဘုရား)။

ကိုင်း-ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာအရင်ဖြုတ်ကြမယ် … (သက္ကယဒိဋ္ဌိအရင်ဖြုတ်ရပါမယ် ဘုရား)၊ ရှင်းကြပါမယ် … (သက္ကယဒိဋ္ဌိအရင်ဖြုတ်ရပါမယ်ဘုရား) ရှင်းကြပါ ရှင်းကြပါ ဒါ - တကယ်ဘုရား လည်း မရှိတော့ပါဘူး၊ ဘုရား၏ ကိုယ်စား ဓမ္မက္ခန္ဓာတွေရှိတယ်၊ ဓမ္မက္ခန္ဓာတွေကိုမှ တစ်ခါ ဘုန်းကြီးများက ကြည့်ပြီးဟောရတော့ ငါဘုရားမရှိရင် ဒီဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် မင်းတို့ရဲ့ ဆရာဖြစ်ရစ်လိမ့် မယ်လို့ပြောလို့ ဒီဆရာပြောတာ ပြောနေတာပဲ … (မှန်ပါ့)။

ဦးဘကလေး ဘုရားမရှိတော့ရင် ဓမ္မက္ခန္ဓာတွေက ဆရာပဲ … (မှန်ပါ့) ဒီ - ဘုရားဟောအတိုင်း ဘုန်းကြီးက သူ့ပါဠိတော်ရွတ်ပြီးသကာလ သူ့အတိုင်း ပြောနေတော့ ကိုစောမောင် အရေးကြီးတဲ့အလုပ် - အရေးကြီးသလိုပဲ လုပ်ရမည် … (မှန်ပါ့)။

အရေးကြီးတဲ့အလုပ် ဖြေးဖြေးလုပ်လို့ရှိရင်ဖြင့် မှားကြပါလိမ့်မယ် … (မှန်ပါ့) မမှားပေဘူးလား … (မှားပါတယ်ဘုရား) အဲဒီတော့ ဒီလောက် ပြောနေလို့ရှိရင်ပဲ ဦးဘရှင်းတို့က သြော် - တကယ်အရေးကြီး ပါလား၊ ခုနင်က ပြောသလိုပဲ ဦးခေါင်း မီးလောင်တာ မြန်မြန်ငြိမ်းသလို၊ ရင်ဝလှံစူးနဲ့ ထိုးလိုက်တာကို အမြန် ဆုံး တိမ်းရှောင်သလို၊ ကိုစောမောင်ရေ အရေးကြီးလိုက်စမ်းပါ … (မှန်ပါ့ဘုရား)။

ဒီလောက်ထိအောင် အရေးကြီးအောင် ပြောတယ်ဆိုတည်းက သာမညကရုဏာလား အလွန်ကြီး ကျယ်တဲ့ ကရုဏာလားဆိုတာ ဆုံးဖြတ်ချက်ချ … (အလွန်ကြီးကျယ်တဲ့ကရုဏာပါ) ယုတ်စွအဆုံးဘုန်းကြီး ရိုးရိုးပဲပြောမယ်၊ လှူမှာဒါန်းမှာ ပေးမှာ ကမ်းမှာတောင် နောက်ထားလိုက်ပါဦး၊ သူ့အရင်ဖြုတ်လိုက်ပါ … (မှန်ပါ့ဘုရား) လှူဒါန်းမှာ ပေးမှာကမ်းမှာတောင် … (နောက်ထားရမှာပါ) သူ့အရင်ဖြုတ်ပြီးမှ လှူလိုက်လို့ ရှိရင်ဖြင့် ၀ိပဋ္ဋဒါန ဖြစ်တယ် … (မှန်ပါ့ဘုရား) နိဗ္ဗာန်ရောက်တယ်။

သူ - ပါနေတဲ့ ဒါနဆိုရင်ဖြင့် သံသရာထဲမှာ မြှုပ်ချည်ပေါ်ချည် စုန်ချည် ဆန်ချည်နေဦးမှာပဲ … (မှန်ပါ့ဘုရား) ဆိုတော့ ဘယ်လောက်အရေးကြီးလို့ သူပြောတယ်ဆိုတာလဲ၊ ဒကာ ဒကာမတို့ ရိပ်မိပလား … (ရိပ်မိပါတယ်)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒါနထက်ရှေ့ထားရမှာ ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား) သီလထက် ရှေ့ထား ရမှာ … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား) သမထထက် ရှေ့ထားရမှာ … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား) သားရေး - သမီးရေးထက် ရှေ့ထားရမှာ … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား)။

ကိုင်း - ပေါ်ကြပါပြီ၊ သြော် - ဒါဖြင့် ဒီအလုပ်က အလွန်အရေးကြီးတဲ့ အလုပ်ဆိုတာ အမြင်ကျယ်တဲ့ ကိုယ်တော်မြတ်ကြီးက ပြောလို့ အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်က ဆင်ခြေလဲနေဖို့ ၀တ္တရားမရှိဘူး (မှန်ပါ့ဘုရား)၊ ရှိသေးရဲ့လား … (မရှိပါဘူးဘုရား)။

အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ပြောလို့ရှိရင် အမြင်ကျဉ်းတဲ့ ပုဂ္ဂိုလ်က ဆင်ခြေလဲလို့ရှိရင်ဖြင့် ကိုယ်လွဲ ချင်လို့၊ ကိုယ်မှားချင်လို့ ကိုယ်အပါယ်ချောက်ကျချင်လို့လဲတာပဲလို့ ဆိုထိုက် မဆိုထိုက် … (ဆိုထိုက်ပါတယ်ဘုရား)။

အဲဒါတွေ ယခုယနေ့စပြီး ပြောရတော့မှ ဒကာ ဒကာမတို့ ခင်ဗျားတို့ သားရေး သမီးရေး စီးပွားရေး အသာချိတ်ထားလိုက်စမ်းအောင် သဘောကျပလား … (ကျပါပြီဘုရား) ဒါလေး နားလည်အောင် ခွာလိုက်စမ်းပါ … (မှန်ပါ့ဘုရား) ပယ်ပြီးခွာလိုက်စမ်းပါ (မှန်ပါ့ဘုရား) ကိုစောမောင် ဒီသုံးချက်ဆုံးမတယ် … (မှန်ပါ့ဘုရား)

သိမှုနဲ့ခွာလိုက်စမ်းပါ တစ်မျိုး၊ ပွားမှုနဲ့ … (ခွာရမှာက တစ်မျိုး) ပယ်မှုနဲ့ … (ခွာရမှာပါဘုရား) သြော် - ဒါဖြင့် မကောင်းတဲ့ အနာတာရှည်လို့ရှိရင်ဖြင့် အနာသာကြီးထွားစရာရှိတယ်၊ လူသာ သေဘက်ကူးစရာ ရှိတယ် … (မှန်ပါ့) ဦးစောမောင် သူလုံးလုံး ဖယ်ထုတ်ပစ်ရမယ် … (မှန်ပါ့)။

ဒကာ ဒကာမတွေ သဘောပါပလား … (ပါ ပါတယ်ဘုရား) ကောင်းပြီ၊ ဒါ - သံယုတ်ပါဠိလာတာ တွေကို ရှင်းပြီး ပြောတော့မှ ဖယ်ပါတော့မယ်ဘုရား၊ ရှဲပါတော့မယ်ဘုရား၊ ခွာပါတော့မယ် - ရှင်းပါတော့ မယ်ဘုရား အလုံးစုံတို့၏ရှေ့ထားပြီး သူ့အလုပ် လုပ်ပါတော့မယ်ဆိုတာ ခင်ဗျားတို့ တစ်ပွဲလုံး သဘောတူ ကြပါ … (မှန်ပါ့) မတူရင်ဖြစ်ကို မဖြစ်ဘူး … (မှန်ပါ့ဘုရား)။

အခု ဒကာ ဒကာမတွေ ဖြစ်နေတဲ့ဖြစ်စဉ်က ဘုန်းကြီး ဟောသည်လောက်၊ ဘုရားဟောသည် လောက် အရေးမကြီးတော့ သားလေးရှင်ပြုပြီးမှ တရားအားထုတ်တော့မလိုလို၊ ကိုစောမောင် ဘယ့်နှယ်နေနတုံး၊ ဒိဋ္ဌိရှေ့ထားရာ အဓိပ္ပါယ်မရောက်ဘူးလား … (ရောက်ပါတယ်ဘုရား) သားရှင်ပြုတာကို ရှေ့ထားလိုက်ကတည်းကိုက ဒိဋ္ဌိရှေ့ထားတာ၊ ဒိဋ္ဌိဖြုတ်တာကို ဒကာ ဒကာမတွေ အရေးကြီးမှန်းမသိလို့ … (မှန်ပါ့) ကိုမြင့် သဘောကျပလား … (ကျပါတယ်ဘုရား) ဒါဖြင့် ဘယ်ဟာရှေ့ထားကြမယ် … (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ်ဘုရား) ဘာကြောင့်တုံး၊ သူပါနေလို့ရှိရင် ဆွမ်းဆန်ထဲ ကြွက်ချေး ရောနေတာ၊ ဆွမ်းဆန်ထဲကြွက်ချေးရော မျက်လုံးမွဲတဲ့ လူချက်လို့ရှိရင် ဦးဘလေး ဒီဥစ္စာ ခင်ဗျားလည်း မစားချင်ဘူး ဘုရားလည်း ဘုန်းပေးမှာ မဟုတ်ပါဘူး … (မှန်ပါ့)။

ဘာဖြစ်လို့တုန်း၊ ကြွက်ချေးရောနေလို့ … (မှန်ပါ့) သဘောပါပလား … (ပါပါတယ်ဘုရား) ဒီမှာလည်း ဒိဋ္ဌိသာမဖြုတ်ဘဲနဲ့ ခင်ဗျားတို့ လုပ်ချင်တာလုပ်၊ မဂ်ဖိုလ်မရတာအမှန်၊ အပါယ်လေးပါးတံခါး မပိတ်တာအမှန်ပါ၊ အမှန်ပဲဆိုတာ အတိအလင်းတစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက် … (မှန်ပါ့)၊ သဘောကျ ရဲ့လား … (ကျပါတယ်ဘုရား)။

ဒါဖြင့် ဘာဖြုတ်ကြမလဲ … (သက္ကာယဒိဋ္ဌိဖြုတ်ရပါမယ် ဘုရား) သက္ကာယဒိဋ္ဌိဖြုတ်ရမယ်၊ ဒါဖြင့် ဒကာ ဒကာမတွေ ကျေအောင် မွန်အောင်လည်း နေ့တိုင်းပဲ ပြောပါတယ်၊ နေ့တိုင်းလိုလိုပဲ ပြောပါတယ်၊ အထူးပဲ ဂရုစိုက်မှတ်တော့၊ ဒကာ ဒကာမတွေ သန္တာန်မှာ မဂ်နဲ့ မပယ်သေးတဲ့ ဒိဋ္ဌိဘယ်နှမျိုးရှိသတုံး … (သုံးမျိုးရှိပါတယ်ဘုရား)။

သုံးမျိုးမှာ - သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ် ဘုရား) ဒိဋ္ဌိဘယ်နှမျိုးရှိပါလိမ့် … (သုံးမျိုးရှိပါတယ်ဘုရား) မဂ်နဲ့မပယ်သေးလို့ရှိရင် ကိုစောမောင် ဒီဥစ္စာ ၀မ်းထဲမှနာ အကြောင်းမရှိရင် မပေါ်လာဘူး … (မှန်ပါ့) အကြောင်းရှိရင် … (ပေါ်လာပါတယ်ဘုရား)။

ဥပမာမယ် - ဒကာဒကာမတို့ အကြောင်းမရှိရင် မပေါ်လာဘူး အကြောင်းရှိရင် ပေါ်လာတယ်ဆိုတဲ့ ဥစ္စာက ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှတဲ့၊ ဒီကိုစောမောင် ရှေ့မှာထိုင်နေတဲ့ ကလေးဟာ ဘာတော်သတုန်းမေးတော့ ဒါ ကျုပ်သားပဲ - သမီးပဲ မေးတဲ့သူရှိမှ သူကပေါ်လာတယ် … (မှန်ပါ့)။

တကယ်ပဲလားဗျ၊ ဟုတ်တယ်ဗျ ဘယ်နှခုနှစ်က မွေးဖွားထားတာ၊ ခင်ဗျားနဲ့မတူပါဘူးဗျာ - ပုံသန္တာန်ဟန်ပန်က၊ အို - ခင်ဗျား ကိုစောမောင် နဂိုကမရှိဘူး … (မှန်ပါ့) အကြောင်းရှိလာတော့မှ … (ပေါ်လာတာပါဘုရား)။

ခင်ဗျားတော်တော်ဖျင်းတဲ့လူပဲ၊ ခင်ဗျားသည်ကားလို့ ဆိုလို့ရှိရင် တော်တော်ခက်တဲ့လူပဲ၊ သားအရင်းပါလို့ ပြောတဲ့ဥစ္စာ ခင်ဗျားသံသယရှိစရာမလိုပါဘူး၊ မမေးစေချင်ဘူး၊ ဒီဟာမျိုးက သက္ကာယဒိဋ္ဌိ ရှိတဲ့လူနဲ့က မေးတဲ့လူနဲ့ ရန်ဖြစ်တယ် … (မှန်ပါ့) မဖြစ်ကြဘူးလား … (ဖြစ်ကြပါတယ်ဘုရား)။

တချို့ဒီ မွေးစားတာလေးတောင်မှ သက္ကာယဒိဋ္ဌိက စွဲနေတော့၊ ဒါလေးဟာ အရင်းပဲလား မေးလိုက် ရင်၊ ဟိုက - ရင်များပုတ်ပြတယ် … (မှန်ပါ့) ဒီလောက်ထိအောင်ပဲ သူတို့သည် သက္ကာယဒိဋ္ဌိက မစွဲဘူးလား … (စွဲပါတယ်ဘုရား) ကဲ - ဒါအကြောင်းရှိမှ ပေါ်တာလား … အကြောင်းမရှိဘဲ ပေါ်လာတာလား … (အကြောင်းရှိမှ ပေါ်လာတာပါဘုရား)။

သက္ကာယဒိဋ္ဌိကို ခင်ဗျားတို့သည်ကားဆိုလို့ရှိရင်ဖြင့် ၀မ်းထဲကိန်းနေတယ်၊ အကြောင်းမရှိသေးလို့ သူမထသေးတာ - မကြွသေးတာပဲ မှတ်ဖို့ပဲ … (မှန်ပါ့) အကြောင်းမရှိသေးလို့ လူမထသေးတာ - မကြွသေး တာဘဲ မှတ်ဖို့ပဲ … (မှန်ပါ့) အကြောင်းရှိလာတဲ့ တစ်နေ့ကျတော့ … (ပေါ်လာပါတယ်ဘုရား) ပေါ်လာတာပဲ ဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ကျုပ်တို့မှာ ဒီငရဲမျိုးစေ့၊ ငရဲပင်ပေါက်ရမဲ့မျိုးစေ့၊ ဒါရှိနေတယ်ဆိုတာတော့ ကိုယ်တိုင် သိပြီ … (သိပါပြီဘုရား) ကိုယ်တိုင်သိတဲ့အခါကျတော့ ဘုရားသခင်က နှေးနှေးတဲ့လား - မြန်မြန်တဲ့လား … (မြန်မြန်ပါတဲ့ဘုရား) ဘုန်းကြီးပြောလိုက်တော့ ဒကာ ဒကာမတွေ ပိုရှင်းသွားပြီး ဒါနနောက်ထား သူ့ …. (ရှေ့ထားရပါမယ်ဘုရား) သီလနောက်ထား၊ ကိုစောမောင် … (သူ့ - ရှေ့ထားရ မှာပါဘုရား)။

သမထနောက်ထားဗျာ … (သူ့ရှေ့ထားရမှာပါဘုရား) ဘာကြောင့်တုံး၊ ဟိုထဲ သူရောနေလို့ရှိရင် လည်း ကိုစောမောင် သူသည် နှောင့်ယှက်နိုင်သလား - မနှောင့်ယှက်နိုင်ဘူးလား … (နှောက်ယှက်နိုင်ပါ တယ်ဘုရား) မနှောင့်ယှက်ပေဘူးလား … (နှောင့်ယှက်ပါတယ်ဘုရား)။

အဲတော့ ဦးဘရှင်းတို့က သူ့အရင်လုပ်ရလိမ့်မယ်ဆိုတဲ့ စကားကိုလည်း မြဲမြဲစွဲစွဲမှတ်ဖို့ပဲဆိုတာ ပေါ်ကြပါပြီ … (ပေါ်ပါပြီဘုရား) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒီလိုလုပ်ကြဖို့၊ ဥစ္ဆေဒဒိဋ္ဌိက ဗုဒ္ဓဘာသာမှာမရှိဘူး … (မှန်ပါ့)။

သေရင်ပြတ်တာပဲဆိုတဲ့ အယူကမရှိဘူး … (မရှိပါဘုရား) ငါ - ငါ့ဥစ္စာဆိုတာတော့ … (ရှိပါတယ်) ငါ - ငါ့ဥစ္စာဆိုတာက … (သက္ကာယဒိဋ္ဌိ) … (မှန်ပါ့) ငါဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ငါထင်နေတာ … (မှန်ပါ့) ငါ့ဥစ္စာဆိုတော့လဲ၊ အိမ်ထောင်ပရိဘောဂတွေ၊ သားတွေ သမီးတွေကို ငါ့ဥစ္စာထင်နေတယ်၊ ဒါဘယ်သူက ထင်တာတုံးလို့ မေးတဲ့အခါကျတော့ … (သက္ကာယဒိဋ္ဌိကထင်တာပါ) ဟော … သူရှိတယ်ဆိုတော့ သေချာပြီ … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။

သြော် … သက္ကာယဒိဋ္ဌိရှိတာတော့ သေချာပြီ၊ သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိမပြုတ်ပါဘူး၊ သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိက … (မပြုတ်ပါဘူးဘုရား) မပြုတ်ဘူးတဲ့၊ ငါ့သားလေးတွေ အန္တရာယ် ကင်းဘေးရှင်းအောင် ငါပရိတ်နာဦးမယ်၊ အင်း - လာပြီ, ငါလဲ နောင်ဘ၀ကူးကောင်းတာပေါ့၊ ဒီသားလေးတွေလည်း ကျန်းမာတာပေါ့၊ ငါ့ သားလေးတွေ ငါ့သမီးလေးတွေ ကျန်းမာဖို့ဆိုတာက သက္ကာယဒိဋ္ဌိက လာတာ … (မှန်ပါ့)။

နောက်ဘ၀ကူးလည်း ကောင်းတာပေါ့၊ ဒီပရိတ်တရား နာရတယ်ဆိုတာ သေတောင်မှ ဖားတောင် နတ်သားဖြစ်သေးတာပဲ၊ မလာဘူးလား … (လာပါတယ်ဘုရား) သဿတဒိဋ္ဌိဘက်ကူးသွားတယ် … (မှန်ပါ့) မကူးဘူးလား … (ကူးပါတယ်ဘုရား) ဒါဖြင့် သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိ … (ရှိပါတယ်ဘုရား) ရှိတယ်ဆိုတာ သေချာကြပလား … (သေချာပါတယ်ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ကိုစောမောင်သန္တာန်မှာ ဒိဋ္ဌိဘယ်နှမျိုးရှိသတုံးမေးရှိရင် ဘယ်နှယ့်ဖြေပေါ့ … (နှစ်မျိုးရှိပါတယ်ဘုရား) ဘယ်သူတွေပါလိမ့်မတုံး … (သက္ကာယဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိပါဘုရား) သဿတဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိရှိလို့ သဿတဒိဋ္ဌိဖြစ်တယ် … (မှန်ပါ့)။

ဒါဖြင့် သက္ကာယဒိဋ္ဌိရှိလို့ ကိုစောမောင် သဿတဒိဋ္ဌိမလာတာ … (မှန်ပါ့) ဒါဖြင့် သက္ကာယဖြုတ် လိုက်ရင် … (သဿတဒိဋ္ဌိမလာတော့ပါဘူးဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ဖြုတ်လိုက်လို့ ရှိရင် သဿတဒိဋ္ဌိဖြုတ်ပါတယ် … (မှန်ပါ့) ဆိုတော့ ၄င်း သက္ကာယဒိဋ္ဌိသည် သဿတဒိဋ္ဌိကိုလည်း ထားလိုက်တော့၊ သြော် … တစ်လုံးတည်း အရေးကြီးတာကို … (မှန်ပါ့) မပေါ်လာသေးဘူးလား … (ပေါ်လာပါတယ်ဘုရား)။

ဘယ်နှလုံးအရေးကြီးပါလိမ့် … (တစ်လုံးတည်း အရေးကြီးပါတယ်ဘုရား) တစ်လုံးတည်းအရေးကြီး တယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ရှင်းသွားတော့မှာ ဒီတစ်လုံးဖြင့် ရင်ဝလှံစူးတဲ့အခါ လှံထိုးတဲ့အခါ ရှောင်သလို အမြန်ဆုံးသူ့ကို ထုတ်ပါ … (မှန်ပါ့) အမြန်ဆုံးသူ့ထုတ်မယ်၊ အမြန်ဆုံး သူ့ပယ်မယ်ဟ ရှင်းမယ်ဟ … (မှန်ပါ့)။

ဦးခေါင်းမီးလောင်တဲ့အခါ အမြန်ဆုံးငြိမ်းသလို သူ့ကိုအမြန်ဆုံး ဘုရားက ရှင်းလင်းလိုက်ပါလို့ မှာတဲ့အတိုင်း ငါတို့သည် သူ့ကိုဖြင့် ရှင်းတော့မယ်ဆိုတဲ့ ဥစ္စာ၊ အပါယ်လေးပါး၏ ရေသောက်မြစ်ဖြစ်လို့ မရှင်းလေ - ဒီအမြစ် ကြီးထွားလေလေပဲဆိုတာလာလိမ့်မယ် … (မှန်ပါ့) မလာပေဘူးလား … (လာပါတယ် ဘုရား)။

ကဲ - ဒါဖြင့် ကိုစံလှ ဘယ်သူရှေ့ထားမယ် … (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ်ဘုရား) ဒါ - ဆရာသမား အဖိုးတန်အောင် ပြောနေလို့ ဒီလောက်အရေးကြီးတာလား - ဘုရားကကိုက အမြန်ဆုံးတဲ့လား … (ဘုရားကိုက အမြန်ဆုံးလုပ်ပါတဲ့ဘုရား)။

အဲဒါကြောင့် ဘုရားက အမြန်ဆုံးထားတဲ့ဥစ္စာ ကျုပ်တို့က အင်းအရွယ်လေးစောင့်ဦးမယ်၊ အင်း ဘယ်လို - ညာလိုနဲ့ ခင်ဗျားတို့မှာ သားပြပြီးဆင်ခြေလဲ၊ သမီးပြပြီး ဆင်ခြေလဲ၊ အမျိုးမျိုးစီးပွားပြပြီး ဆင်ခြေလဲ၊ လဲရမယ့် အလုပ်လား ကိုစောမောင်၊ အမြန်လုပ်ရမယ့် အလုပ်ကို ဆင်ခြေလဲပြီး ရှောင်နေရမှာ လား … (မဟုတ်ပါဘူး အမြန်လုပ်ရမှာပါဘုရား) ရှင်းကြပလား … (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် အမြန်လုပ်ကြပါဆိုတာကိုလည်း မသိသေးတဲ့ ပုဂ္ဂိုလ်ကို တိုက်တွန်း၍ သိပြီးသားပုဂ္ဂိုလ်များ က အမြန်လုပ်ပါဆိုတာကိုလည်း ဒီတရားပွဲမှာ တိုက်တွန်းလိုက်ပါတယ် … (မှန်ပါ့) ရှင်းသွားပြီနော် … (ရှင်းသွားပါပြီဘုရား) ကောင်းပြီ - ဒါဖြင့် မဖြုတ်တတ်လို့ရှိရင် ဖြုတ်တတ်တဲ့နည်းကို ပြောပါဆိုတော့၊ မဖြုတ်တတ်လို့ရှိရင် ဖြုတ်တတ်တဲ့နည်းကို ဆရာဘုန်းကြီးက ပြောရတော့မယ် ဒကာ ဒကာမတို့ ဖြုတ်ဆိုတာ တစ်ခုခုနဲ့ချည်ငြိနေလို့ ဖြုတ်ပြောတာ၊ ဖြုတ်ပြောတာန၊ ဖြုတ်ဆိုတဲ့စကား ဒကာ ဒကာမတို့ ဘာတုံး … (တစ်ခုခုနဲ့ ငြိနေလို့ပါဘုရား) တစ်ခုခုနဲ့ ငြိနေလို့ ဖြုတ်ပါလို့ ပြောတာရှင်းပလား … (ရှင်းပါပြီဘုရား)။

အဲဒီတစ်ခုခုကို ကိုယ်မှမသိပဲနဲ့ ဖြုတ်ဆိုတာလည်း ဘယ့်နဲမှ ဒီစကားမဖြစ်နိုင်ဘူး … (မှန်ပါ့) ဖြစ်နိုင်ပါ့မလား … (မဖြစ်နိုင်ပါဘူးဘုရား) ဒါ - ကြံဖန်ပြောနေတာလား၊ ဘုန်းကြီးက စကားသွားကိုက အဓိပ္ပါယ်က ဒီဟာပဲလားဆိုတာ ခင်ဗျားတို့ပဲ ရှင်းကြည့်ပါ … (ငြိနေလို့ပါဘုရား) သက္ကာယဒိဋ္ဌိဖြုတ်ပါဟေ့ဆို ရင် သူငြိနေလို့ပဲ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ပါဆိုတော့ … (ငြိနေလို့ပါဘုရား) ငြိနေလို့ပဲဆိုတာ … ဒကာ ဒကာမတွေ သေချာပါပြီ … (မှန်ပါ့) ဟာ - ဒါဖြင့် သူငြိပြီ … (မှန်ပါ့) ဦးဘရှင်း ငြိပြီဗျ၊ ငြိတာက ဘယ်မှာ ငြိသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးမှာ ငြိနေတယ် … (မှန်ပါ့)။

ကျုပ်တို့မှာ ဒီတရားနာနေတဲ့ ရူပက္ခန္ဓာကြီး၊ တရားတွေ မှတ်နေတဲ့ သညာက္ခန္ဓာကြီး၊ သဘောကျပလား … (ကျပါတယ်ဘုရား) ကောင်းပြီ တရားတွေသိနေတဲ့ ၀ိညာဏ က္ခန္ဓာကြီး အခုတရားနာ နေတယ်ဆိုတော့ ဒီငါးပါးမပါဘူးလား၊ ဒီငါးပါးမှာ ငြိမ်နေတယ် … (မှန်ပါ့)။

သက္ကာယဒိဋ္ဌိက ဘယ်သွားငြိနေတုံး … (ခန္ဓာငါးပါးမှာ သွားငြိနေပါတယ်ဘုရား) ဒါဖြင့် ဒီ-အငြိကို ဖြုတ်ရလိမ့်မယ် … (မှန်ပါ့) ဒီအငြိကို ဖြုတ်ရလိမ့်မယ်ဆိုတာဖြင့် သေချာကြပလား … (သေချာပါပြီဘုရား) ငြိတယ်မငြိတယ် နဲနဲလေးဝေဖန်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါခန္ဓာငါးပါး၊ တရားနာနေတဲ့ ပုဂ္ဂိုလ်က ဒီငါးပါးပဲရှိတယ် … (မှန်ပါ့)။

ဒီမှာ ငြိနေတာပဲ၊ ဘယ်လိုငြိနေတုံးဆိုတော့ ကိုယ့်ခန္ဓာ ကိုယ်လေးနေပူထဲက ပြန်လာလို့ နေပူမိလို့ စမ်းလိုက်တဲ့အခါကျတော့ ဟ-ငါဘာဖြစ်တယ်မသိဘူး၊ ငါ ဘာဖြစ်တယ်မသိဘူး အသားတွေ တရှိန်ရှိန်ဖြစ် လာတယ်၊ အင်း - ရူပက္ခန္ဓာပေါ် သွားငြိနေတယ် … (မှန်ပါ့)။

ငါဘာဖြစ်တယ်မသိဘူးတဲ့၊ သူက ဒီရုပ်ကို တစ်ခါတည်း ငါ မထင်လိုက်ဘူးလား … (ထင်လိုက်ပါ တယ်ဘုရား) ဟာ - ဒါဖြင့် ရုပ် - ပျောက်ပြီး ငါဒီထဲသွားငြိနေတယ်၊ ရုပ်ပျောက်ပြီးတော့ … (ငါသွားငြိနေပါ တယ်ဘုရား) ဒါကြောင့် ဖြုတ်ပါပြောတာ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ငါ ထမင်းစားကောင်းလိုက်တာကွာ၊ ထမင်းစားကောင်းတာ ဝေဒနာကောင်းတာ … (မှန်ပါ့) သို့သော် ဝေဒနာပျောကပြီး သကာလဝေဒနာဟာ ငါ ထမင်းစားကောင်းတယ်ဆိုပြီး သကာလ ဝေဒနာကို အဲဝေဒနာကို သွားငြိနေတယ်၊ ဝေဒနာဟာ ငါပဲ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

မင်း ဒီနေရာ ငါမှတ်ထားတဲ့နေရာ မင်းကဘယ်နှယ့်ကြောင့် ဒီနေရာ တူးရွင်းပေါက်ပြားတွေနဲ့ လာပြီး ဘောင်လုပ်ချင်ရတာတုံး … (မှန်ပါ့) ငါမှတ်ထားတဲ့နေရာ သညာက္ခန္ဓာနဲ့ ငါနဲ့သွားငြိမ်နေတယ် … (မှန်ပါ့) မငြိဘူးလား … (ငြိပါတယ်ဘုရား) ငါ စေတနာကောင်းကောင်းနဲ့ ပေးကမ်းနေတာ၊ ဒကာကြီး ပေးတာယူသွား၊ ငါစေတနာကောင်းကောင်းနဲ့ ပေးနေတာတဲ့ ပေးတာယူသွားပါတဲ့၊ သင်္ခါရက္ခန္ဓာနဲ့ သွားငြိ နေတယ် … (မှန်ပါ့) စေတနာက သင်္ခါရက္ခန္ဓာကိုဗျ၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ငါစေတနာကောင်းနဲ့ ပေးနေတာတဲ့ ဦးဘရှင်းတို့ မပြောဘူးလား … (ပြောပါတယ်ဘုရား) ဘယ်ပေါ် သွားငြိနေသတုံး … (သင်္ခါရက္ခန္ဓာပေါ်သွားငြိနေပါတယ်ဘုရား) ငါ့ စိတ်မစမ်းနဲ့နော် … လာတယ် ကိုစောမောင်ရဲ့ … (မှန်ပါ့) ငါ စိတ်မစမ်းနဲ့နော် … လာတယ် ကိုစောမောင်ရဲ့ … (မှန်ပါ့) ငါစိတ်မစမ်းနဲ့ စိတ်ထဲ ငါသွားမရောဘူးလား … (ရောပါတယ်ဘုရား) ဘယ်မှာသွားငြိနေတုံး (၀ိညာဏက္ခန္ဓာပေါ် သွားငြိနေ ပါတယ်ဘုရား)။

ဝိညာဏက္ခန္ဓာနဲ့ငြိပြီ၊ ကိုစံလှသဘောပါရဲ့လား … (ပါ ပါတယ်ဘုရား) ဖြုတ်ပါဆိုတာက အငြိရှိလို့ လဲ … (မှန်ပါ့) ဖြုတ်ပါဆိုတာသည် … (အငြိရှိလို့ပါဘုရား) အငြိရှိလို့ပဲဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား) ဒကာ ဒကာမတွေ ရှင်းသွားပြီး … (မှန်ပါ့) ရှင်းသွားတဲ့အခါကျတော့ကိုတဲ့ -

သြော် - ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သက္ကာယဒိဋ္ဌိပ္ပဟာနာယ သတောဘိက္ခု ပရိဗ္ဗဇေ၊ သဘော = သတိရှိသော ဘိက္ခု၊ အပါယ်ဘေးကြောက်တဲ့ ပုဂ္ဂိုသည်၊ ပရိဗ္ဗဇေ = တစ်ခါတည်း အမြန်ဆုံး ကျင့်ကြံအားထုတ်လိုက်ပါ၊ မမှားဘူးလား … (မှားပါတယ်ဘုရား) ဒါဖြင့် ဘယ်ငြိနေတုံးကိုစောမောင် … (ခန္ဓာငါးပါးမှာ ငြိနေပါတယ်ဘုရား) ခန္ဓာငါးပါးတစ်ပါးထဲမှာ ငြိတာမဟုတ်ဘူး အကုန်ငြိနေတယ် … (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်နှယ်တုံး … (ခန္ဓာငါးပါးမှာ အကုန် ငြိနေပါတယ်ဘုရား) အကုန်ငြိတယ် နော် … (မှန်ပါ့) သြော်- ဒါဖြင့် ကိုစောမောင် ဆံတစ်ပင်အကျွတ်မခံနိုင်ဘူးဆိုတာ ဆံပင်က သုံးကုဋေ ခြောက်သန်းတောင်ရှိတယ် … (မှန်ပါ့) ဆံပင်နုတဲ့ပုဂ္ဂိုလ်မှာ သုံးကုဋေနဲ့ခြောက်သန်းရှိတယ်၊ အပင်လေးတွေ ရေတွက်လို့ရှိရင် … (မှန်ပါ့)၊ သဘောကျပလား … (ကျပါတယ်ဘုရား) ဆံတစ်ပင် အကျွတ်မခံနိုင့်ဘူးတဲ့၊ ငါ - အပင်တိုင်းမှာ သက္ကာယဒိဋ္ဌိရှိနေတယ် … (မှန်ပါ့)။

မရှိဘူးလား - ရှိသလား … (ရှိပါတယ်ဘုရား) သေသေချာချာရှိတယ် မဟုတ်လား၊ ငါက ဇာမဏီ ငှက်မျိုး အမွေးတစ်ပင် အကျွတ် မခံနိုင်ဘူး … (မှန်ပါ့) ကိုးသောင်းကိုးထောင်ရှိတယ် - ဒီအမွှေး လေးတွေက၊ ခန္ဓာကိုယ်ထဲမှာ အမွှေးနုလေးတွေက ဘယ်လောက်ရှိတုံး … (ကိုးသောင်းကိုးထောင်ရှိပါတယ် ဘုရား)။

အဲဒါ တစ်ပင်အကျွတ်မခံနိုင်ဘူးတဲ့ … (မှန်ပါ့) ငါ - မှာ ကိုစံလှမှာ မစွဲဘူးလား … (စွဲပါတယ်ဘုရား) ကဲ - ဘယ်နှယ့်တုံး အကုန်စွဲနေတယ် … (စွဲနေပါတယ်ဘုရား) တစ်ကိုယ်လုံးမှာပဲ သူလွတ်တဲ့ နေရာရှိ သေးရဲ့လား … (မရှိပါဘုရား) အဲ - သူဟာ ကျုပ်တို့ ပင်လယ်က ဒီရေတက်သလိုပဲတဲ့၊ ကိုစောမောင် ဒီရေတတ်တဲ့နေရာမှာ မြေတွေပေါ် အကုန်လျှောက်တက်လို့ရှိရင် အငန်တွေ အကုန်ဖြစ် ကုန်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ဒီရေတက်တဲ့နေရာ မြေတွေဟာ ပင်ကိုက မြေကောင်းမြေမှန်တွေပဲ၊ သို့သော်လည်း ဒီရေတက် လိုက်ပြီဆိုမှဖြင့် ဒီမြေတွေဟာ အငန်မြေတွေဖြစ်သွားတယ် … (မှန်ပါ့) ဘာဖြစ်သွားတုံး … (အငန်မြေတွေ ဖြစ်သွားပါတယ်ဘုရား) ဘာဖြစ်လို့တုံးလို့ မေးလို့ရှိရင် … (ဒီရေတက်သွားလို့ပါဘုရား) ကဲ - ဒါဖြင့် ရှိပါစေ တော့ မြေကောင်းက မြေပျက်ဖြစ်သွားတယ် … (မှန်ပါ့)။

မြေကောင်းဟာ မြေဆိုးဖြစ်သွားပြီ အဲဒီအပေါ်ပေါက်တဲ့ အပင်တွေကကောတဲ့၊ အုန်းပင်စိုက်လည်း ငန်ချိုသရက်ပင် စိုက်ကော ငန်ချိုပါ၊ ရောနှောကုန်တယ်၊ အကောင်းကို မဖြစ်နိုင်ဘူး … (မှန်ပါ့) ဘယ်နှယ့် ကြောင့် အကောင်းမဖြစ်ပါလိမ့်မတုံး မေးလိုက်တဲ့အခါကျတော့ ရောငြိနေတာကိုးဗျ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒါနလုပ်သည် ငန်ချိုပဲ … (မှန်ပါ့) သီလလုပ်လဲ … (ငန်ချိုပါဘုရား) သမထလုပ်လဲ … (ငန်ချိုပါဘုရား) အဲဒါခင်ဗျားတို့က မသိဘူး၊ စားမကောင်းတာတော့ မသိတတ်ဘူး၊ မဖြုတ်ချင်တာသာ ခင်ဗျားတို့က ခက်နေတာ … (မှန်ပါ့) ငန်ချိုကြီးပါလို့ဆိုတည်းက အကုန်ပျက်တာပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိပလား … (သိသွားပါပြီဘုရား)။

ဘာလုပ်လုပ် ဒီရေတက်တဲ့ မြေပေါ်မှာ ပေါက်တဲ့သစ်ပင်တွေ အချိုဟူသ၍ အကုန်ပျက်ပြီးသကာလ သူ့ပင်ကို အချိုလေးက ငန်ချိုသာဖြစ်တော့တယ် … (မှန်ပါ့) အရသာ ကောင်းသေးရဲ့လား … (မကောင်းတော့ပါဘုရား) မကောင်းတော့ဘူး ကိုစောမောင်ရဲ့ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ် ဘုရား) အုန်းပင်လေးချလိုက် အုန်းသီးစား ငန်ဆိမ့် … (မှန်ပါ့) ဦးဘလေး ဘယ် - ဒီ, အုန်းသီးဟာ အဖိုးတန်ပါဦးမလား … (မတန်တော့ပါဘူးဘုရား) ဘာကြောင့်တုံး အငန်ရောလို့ … (မှန်ပါ့) သဘောကျ ပလား … (ကျပါတယ်ဘုရား)။

ဒီမှာလည်း သူရောနေတဲ့ဒါန - သူရောနေတဲ့ သီလ ကိုစောမောင် အကုန်အငန်ဖြစ်ကုန်တယ် … (မှန်ပါ့) ကောင်းသေးရဲ့လား … (မကောင်းတော့ပါဘူးဘုရား) ဘုရားသခင်ကိုတော်မြတ်ကြီး ဒီမျှလောက် ကျယ်တဲ့ဥာဏ်နဲ့ ဝေဖန်ပြီးသကာလ မင်းတို့အကုန်ပျက်စီးကုန်မှာစိုးလို့ ငါအရေးတကြီးဖြုတ်ခိုင်းတာဆိုတာ ပေါ်လာတယ် … (ပေါ်ပါပြီဘုရား) အကုန်ပျက်စီးကုန်မယ် … (မှန်ပါ့) သဘော ကျပလား … (ကျပါတယ် ဘုရား)။

နတ်ပြည်ရောက်ပြန်တော့လည်း ကိုစောမောင် အို, သေနဲ့ ရောရောပေးတယ် ဗြဟ္မာပြည်ရောက် ပြန်တော့လည်း … (အို,နဲ့ ရောပေးနေတယ်)၊ ဘယ်သူက ရောပေးနေတုံး … (သက္ကာယဒိဋ္ဌိက ရောပေးနေ တာပါဘုရား) သက္ကာယဒိဋ္ဌိက ရောပေးနေတာ … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ကြည့်ပါလား ကိုစောမောင်ရ အပါယ်လေးပါးတံခါးလည်း ပိတ်ပြီးသားဗျ၊ အင်း - အောက်သံသရာကြီးမှာ အို, သေရှိသေးရဲ့လား … (မရှိတော့ပါဘူးဘုရား) ဒါ - ဘယ်နှယ့်ကြောင့်တုံးဆို တော့ အငန်ရေမတက်လို့ … (မှန်ပါ့) သက္ကာယဒိဋ္ဌိ တည်းဟူသော အငန်ငယ်မတက်လို့ပေါ်တဲ့ သစ်ပင် ဟူသရွေ့ အကောင်းချည်းဖြစ်မယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနုရာဓဟောဖို့ရာ ကိုစောမောင်ရ သုံးရက်ရှိပြီး မဟောနိုင်သေးဘူး၊ ခင်ဗျားတို့ ရှင်းနေရတာနဲ့၊ ကိုစံလှရေကြာနေတာ ငန်ချိုဒီနေ့ရှင်းပြန်တယ်၊ သဘောကျ ပလား … (ကျပါတယ်ဘုရား) သရက်ပင်ထဲ ဒီအငန်ရေ ၀င်သွားရင် … (ငန်ချိုဖြစ်မှာပါဘုရား) သက္ကာယဒိဋ္ဌိ ပါလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒါနလုပ်လည်း အပျက်ပဲ … (မှန်ပါ့) အကောင်းစစ်ကြီး … (မရပါဘူးဘုရား)။

သီလဆောက်တည်လဲ … (အပျက်ပါဘုရား) သမထ လုပ်ပြန်ကော … (အပျက်ပါပဲဘုရား) ဒါကြောင် သက္ကာယဒိဋ္ဌိရှိရက်နဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ဟာဖြင့် လိုချင်တာက အကောင်း၊ ရတာက အရော … (မှန်ပါ့) အရောကလဲ ကောင်းတာရောတာလား … မကောင်းတာရောတာလား … (မကောင်းတာ ရောတာပါဘုရား) မကောင်းတာရောတာသိတော့ ကျုပ်တို့ဖြင့် စိတ်ချမ်းသာ လက်ချမ်းသာ နဲ့ နေချင်တာပါပဲ ကိုစောမောင် … (မှန်ပါ့)။

စိတ်ချမ်းသာလက်ချမ်းသာနဲ့ နေချင်တယ်ဆိုလို့ရှိရင်ဖြင့် အင်း မရောနဲ့ … (မှန်ပါ့) သက္ကာဒိဋ္ဌိ မရော စေနဲ့ … (မှန်ပါ့) သက္ကာယဒိဋ္ဌိမရောစေနဲ့၊ ရောလို့ရှိရင်ဖြင့် စိတ်ချမ်းသာ လက်ချမ်းသာ မဖြစ်ရဘူး … (မှန်ပါ့) ဘယ်နှယ်ကြောင့် မဖြစ်ရတုံးဆိုတော့ ငါ့သား ငါ့သမီးတွေက မွဲတဲ့လူနဲ့ ဒီအနာပေါက်တဲ့ သူနဲ့ ရှုပ်လာမှာပဲ၊ မရှုပ်ပေဘူးလား … (ရှုပ်လာမှာပါဘုရား) ရှုပ်လို့ရှိရင် ကျုပ်ဖြင့် သားတွေ သမီးတွေနဲ့ ပြုံးပြုံးပဲ နေချင်ပါတယ်လို့ ဆိုဦးတော့၊ ဒီ - ရောထားတာနဲ့ပဲ ပြုံးကွက်ပေါ်ရဲ့လား … (မပေါ်ပါဘူးဘုရား)။

အဲတော့ ဘာကြောင့် ကံမကောင်းအကြောင်းမသင့်လို့ ပြုံးကွက်မပေါ်တာလား၊ ကိုယ်က နဂိုကဖြုတ်သင့်တာ မဖြုတ်လို့၊ ငန်ချိုဖြစ်အောင် ရောလို့လားလို့သာ မေးဖို့လိုတော့တယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) သားလေးကြည့်လိုက်ပြန်တော့ ထော်လော်ကန့်လန့် - သမီးလေး ကြည့်လိုက်ပြန် ချူချာတယ်၊ ကျုပ်တို့ အိမ်ဂြိုလ်ဝင်တယ်ထင်ပါရဲ့၊ မဟုတ်ဘူး လုပ်တုန်းက ဂြိုလ်ဝင်ခဲ့တာ … (မှန်ပါ့) အခုမှ ၀င်တာမဟုတ်ပါဘူး … (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။

အခုဂြိုလ်ဝင်တာလား ကိုစံလှ၊ ဟို ဒါန, သီလတွေ လုပ်ခဲ့တုန်းကလား … (ဒါန, သီလတွေ လုပ်ခဲ့ တုန်းကပါဘုရား) ဒါဖြင့် … အစကမကောင်းခဲ့လို့ အကျိုးပေးမှာလဲ … (မကောင်းပါဘူးဘုရား) ကဲ … မကောင်းတာ ဘယ်သူကြောင့်တုံး … (သက္ကာယဒိဋ္ဌိကြောင့်ပါဘုရား) အကုန်ရောပြစ်တာ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒီထဲဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခက်လိုက်တဲ့ဖြစ်ခြင်းကတော့ဖြင့်, သက္ကာယဒိဋ္ဌိက မပြုတ် သေးတော့၊ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်တွေနဲ့ဟုတ်လား၊ ရောက်ရာခရီးမှာ တစ်ပြုံကြီးဖြစ်ရပါလို၏။ ဘယ်သူ က တောင်းတဲ့ဆုပါလိမ့် … (သက္ကာယဒိဋ္ဌိက လုပ်တာပါဘုရား)။

ဒါဖြင့် ဒီထဲမှာ အကုန်သံတုံးသံခဲ ရွှေတုံး ရွှေခဲကြီး မွေးဖွားလာမယ်လို့ ဒီလိုရှိပါ့မလား … (မရှိပါဘူး ဘုရား) မမာတဲ့လူရယ်၊ အင်း ဆွံ့တဲ့လူရယ်, အ,တဲ့ပုဂ္ဂိုလ်, ချောတဲ့ပုဂ္ဂိုလ်, ရုပ်ဆိုးတဲ့ပုဂ္ဂိုလ်, စိတ်ကောင်းတဲ့ ပုဂ္ဂိုလ်, စိတ်မကောင်းတဲ့စိတ်ကြမ်းတဲ့ ပုဂ္ဂိုလ်လာ မလား မလာဘူးလား … (လာမှာပါဘုရား)။

သြော်၊ ဒီကျမှ တစ်အိမ်လုံးဟာ ညီညွတ်တယ်လို့ မရှိဘူး၊ ဘယ်တော့မှလဲ မျက်ရေနဲ့ မျက်ခွက် ပြတ်ရတယ်မရှိဘူး၊ ဘာများဖြစ်ခဲ့ ပါလိမ့်၊ ခုတော့သိပြီ … (သိပါပြီဘုရား) ဘာများဖြစ်ခဲ့ပါလိမ့် … (ရောခဲ့ လို့ပါဘုရား) ရောလို့ဗျ၊ ဦးဘရှင်းဘာဖြစ်ခဲ့တုံး … (ရောခဲ့ပါတယ်ဘုရား) ရောတော့ အခုခင်ဗျားတို့ သူ့အကျိုးပေးများတော့ဖြင့် လိုချင်သေးရဲ့လား အခု … (မလိုချင်ပါဘူးဘုရား) မလိုချင် သူ့ အရင်ဖြုတ်ပါ လား … (မှန်ပါ့) ဒကာ ဒကာမတို့ သူ့အရင်ဖြုတ်ရမှာ မဟုတ်လား … (မှန်ပါ့) သက္ကာယဒိဋ္ဌိအရင် ဖြုတ်ရမှာ၊ ခင်ဗျားတို့ ဟာက သူ့မဖြုတ်ဘဲနဲ့ သူရှိရက်နဲ့ တန်းလန်းလုပ်နေတော့ ငန်ချိုချည်း ဖြစ်နေတယ် … (မှန်ပါ့) သဘောပါကြပလား … (ပါ - ပါပြီဘုရား) ဘယ်လိုဖြစ်နေ တုံး … (ငန်ချိုဖြစ်နေပါတယ်ဘုရား)။

ငန်ချိုဖြစ်နေတယ် ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ကဲ - ခင်ဗျားတို့ကိုက အကောင်းကြိုက် မဟုတ်ဘူး … (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက်ချမတုံး … (အကောင်းကြိုက်မဟုတ်လို့ပါဘုရား) ကြိုက်တာ တော့ အကောင်းကြိုက်ပါတယ်တဲ့ … (မှန်ပါ့) ကြိုက်တာကတော့ (အကောင်းကြိုက်ပါဘုရား) လုပ်တာက … (မတတ်ပါဘူးဘုရား မတတ်ဘူးတဲ့၊ ချဉ်ဖက်တည်တော့ အမြှုပ်တွေ ထနေတော့မှ လက်ဆိတ် မရှိဘူး လုပ်ချင်လုပ်နေတာ၊ မဟုတ်ဘူး ခင်ဗျားတို့က အချိုးမကျလို့ ဒီချဉ်ဖတ် မဖြစ်တာပါ၊ ရိပ်မိပလား … (ရိပ်မိ ပါပြီဘုရား)။

ဒကာ ဒကာမတွေကတောင်ပြော - မြောက်ပြောနဲ့ လက်ဆိပ်မရှိလို့မဟုတ်ပါဘူး၊ ကိုယ်မလုပ် တတ်လို့ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) အခု ဒကာ ဒကာမတွေမှာ သောက ပရိဒေ၀ါနံ သမတိက္ကမာယ၊ သောက ပရိဒေ၀တွေမလွန်နိုင်တာ ဘယ်သူပါလိမ့် … (သက္ကာယဒိဋ္ဌိပါဘုရား)။

Lik

ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား












http://www.mogokinsightny.org/publications/

ဆိုဒ်မှ ထပ်ဆင့်ယူ၍မျှဝေပါသည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားသောတရားတော်

ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား

(၁၀-၇-၆၂)

ဦးလွန်းဖေ၏မေးမြန်းချက်

တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။

တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။

မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်

ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။

ကိလေသာဝီထိမပါရင်ပြီးပါတယ်

ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြား တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။

အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။

နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ

ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ် လို့ယူပါ။

ကိလေသာမခြားတာကိုဆိုတယ်

ဒါပေမယ့် “ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု” ဆိုတာသည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆိုသည်။ ရှင်းပြီလား?

ကိလေသာ မခြားလို့ရှိရင်ဖြင့် ရှေ့စိတ်နဲ့ အပျက်ကို နောက်စိတ်နဲ့ မြင်နိုင်တယ်၊ ကိလေသာခြားလို့ရှိရင် ကိလေသာ အမှောင်ကွယ်တဲ့အတွက် ရှေ့စိတ်ကို မမြင်နိုင်ဘူး။

ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ရှုဆိုတဲ့ ၀ိသုဒ္ဓိမဂ်က ရေးရေး၊ သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာ တိလို့ သတိပဋ္ဌာန်ကရေးရေး၊ ဒါက သရာဂစိတ်ထားပါတော့၊ ဥပမာ - ဒါက ပဇာနာတိ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်) ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုဆိုတာနဲ့ သရာဝံ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ဆိုတာကိုကော မကိုက်ဘူးလား (ကိုက်ပါတယ်) ဒီပါဠိကို အကိုးအကားထားပြီး ၀ိသုဒ္ဓိမဂ်က ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုပါဆိုတာပဲ။ ဒီကြားထဲ စိတ်တွေ ဘယ်လောက်ရှိသတုံး၊ မသိနိုင်ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့်ဟာကိုဖြစ်တာကို ကိုယ်မသိပါဘူး ကိုယ့်ဟာကိုယ်ဖြစ်တာကို ကိုယ်မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့မယူပါနဲ့တော့” ခြားခဲ့သော် ကိလေသာခြားရင်လည်း ရှေ့စိတ်ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေပေးလိုက်ပါတယ်။

ကိလေသာမခြားလို့သာ မြင်တာ

ရှေ့စိတ် ချုပ်သွားတာကို နောက်စိတ်က မြင်တယ်ဆိုရင် ကြားမှာ ကိလေသာ မခြားလို့သာ မြင်ခြင်းဖြစ်ပါတယ်၊ ပေါ်ပြီလား၊ ဒါဖြင့် ကြားထဲမှာ ဘ၀ပေါင်း ကုဋေတစ်သိန်းခြား၊ ကိလေသာမဟုတ်တဲ့ အတွက် ဘ၀င်ကလည်း သိမ်မွေ့တဲ့အာရုံကိုယူတယ်။ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါး အတိတ်က အာရုံ ကိုယူနေတဲ့အတွက် သူနဲ့ကျုပ်တို့နဲ့ ဘာမျှမဆိုင် (တင်ပါ့)။

ကိုယ့် သန္တာန်မှာ သက်စောင့်သာ သူဖြစ်တယ်၊ မသေအောင် စောင့်တာသာ ဖြစ်တယ်၊ အာရုံကို ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ကန့်ကွက်တဲ့သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက်မဂ်ဆိုတာ သဘောကျပြီ လား၊ (သဘောကျပါပြီ) ဒါဖြင့် ပထမ အဖြေ ပြေလည်ပြီနော်၊ ဒုတိယ အဖြေ မေးရင်မေး။

ကိလေသာခြားရင် မမြင်နိုင်ပါ

အမေးပုစ္ဆာ = ကိလေသာတကယ်လို့များ ခြားသွားလို့ရှိရင် ဇောတွေပါသွားမည့် အတွက်ကြောင့် …

အဖြေ = အမြင်နိုင်ဘူး၊ ပထမ ဟာကို မမြင်နိုင်တော့ဘူး၊ ကိလေသာ အမှောင်ခိုသွားပြီ၊ (တင်ပါ့) ....

ကြားထဲ အမှောင်ဝင်သွားပြီ၊ မရေတော့ဘူး၊ ရချင်လို့ရှိရင် သူတို့ရှေ့စိတ်လုပ်ပြီး ရှုလိုက်ပါ၊ နားလည်ပြီလား (နားလည်ပါပြီ)။

အမေးပုစ္ဆာ = ဒါဖြင့် အရှင်ဘုရား သမနန္တရ, အနန္တရအနေနဲ့ကောယူလို့

ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်

အဖြေ = သမနန္တရ, အနန္တရဆိုတာ ဘုရားဖြစ်ပြီးမှ မြင်တဲ့ အမြင်၊ (တင်ပါ့) ....

ခင်ဗျားတို့ ကျုပ်တို့ မြင်တဲ့အမြင် မဟုတ်ဘူး (တင်ပါ့) ...

ဘုရားဖြစ်တဲ့လုပ်စဉ်ကို ရှေ့စိတ်နောက်စိတ်နဲ့ ရှုလို့ပြောတာ၊ (တင်ပါ့)...

ဘုရားဖြစ်ပြီးမှ ရှေ့စိတ်နောက်စိတ်ဆိုတဲ့ အမြင်ဟာ ဒါ ဘုရားဖြစ်ပြီးမှ အကုန်သိပြီးမှ မြင်တဲ့အမြင်၊ ဒီအမြင် ကို မလိုက်နဲ့၊ ဘုရားဖြစ်ဖို့ရာ မူလဘူတ အမြင်ကိုလိုက်ပါ၊ အမြင်က နှစ်မျိုးရှိတယ်။

၁။ ဘုရားဖြစ်ပြီး မြင်တဲ့အမြင်ကို ပုထုဇဉ်က မရှုနိုင်ဘူး

၂။ ဘုရားဖြစ်ကြောင်း သူလုပ်နေတဲ့အမြင်ကိုတော့ ခြေရာခံလိုက်နိုင်တယ်။ ရှင်းပြီလား၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)။

အမေးပုစ္ဆာ = တပည့်တော်ထပ်လျှောက်လိုတာက - ဒါဖြင့်ရင် အတိတ် အာရုံကို ပြန်ယူသလို ယူနေတယ်။

ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်

အဖြေ = အတိတ်အာရုံကိုလို့တော့ မဆိုနဲ့၊ ကြားဝီထိ တစ်ခုခုမှ မလာသောကြောင့် အတိတ်လို့ မဆိုပါနဲ့၊ ဇောဝီထိ မလာဘူး၊ ဘ၀င်တွေ လာနေတယ်၊ ဇောဝီထိလာရင် ခုနင်က ရှေ့စိတ်ဟာ အတိတ်ဖြစ်ရ မယ်၊ ဘ၀င်စိတ်လာလို့ရှိရင် အတိတ်လို့မဆိုပါနဲ့ ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်ပါ၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)

အမေးပုစ္ဆာ = ဒုတိယကတော့ ဒီမဂ္ဂ၀ီထိမှာ ဒီမဂ်ပြီးတော့ ဖိုလ်, ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ် - ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့ မကိုက်ဘူး ဖြစ်နေတယ်။

မဂ္ဂ၀ီထိဆိုတာ

အဖြေ = မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်း ချုပ်ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတိုပြောကြပါစို့ ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်း ဒုက္ခသစ္စာတွေ ချုပ်သွားတော့ကို ဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။

အဲဒီတော့ နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး။ ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါ နဲ့၊ အာရုံအာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။

အိပ်ပျော်နေတာနဲ့ အတူတူပဲ

တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ် ကျန်တဲ့ ဘ၀င်စိတ်တွေလာနေတာ သူ နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့ အတူတူ၊ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်မသိတဲ့အချိန်မရှိ

ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့် ဘယ်အချိန်ကာလမှ နိဗ္ဗာန်ကို မသိတဲ့ အချိန်မရှိ မသိတဲ့အချိန် ရှိရင်ဘ၀င်။ မှန်သွားပြီဆိုတော့ တစ်နာရီ နှစ်နာရီ မဟုတ်တော့ဘူး အမြဲသိနေတာ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ ဒါမှအမှန် ဒါပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား … (ပေါ်ပါပြီ) ကြေကောကြေကြပြီလား … (ကြေပါပြီ)။

သူပြောတာမှားတယ်

ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန် အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ ဘယ့်နှယ်ကြောင့် မှားသလဲ... နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ ဖလဿ နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့ နိဗ္ဗာန်မမြင်ပါဘူး။

နောက်ကျမှ ပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံး ပြန်ဆင်ခြင်ပြန်တော့လည်း ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိတာ အလကားပဲ၊ ဘ၀င်ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ

ဒါဖြင့်ရင် တစ်ကိုယ်လုံးအေးသွားတာပဲလို့ဆိုတော့ ဘုန်းကြီးက ရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ မပါဘဲနဲ့ အဋ္ဌကထာဆရာက ဖွင့်တယ် (မှန်ပါ) အဋ္ဌကထာဆရာက ဘာတုန်း ဆိုတော့ သီတဃဋသဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။

အဲဒါကို သူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ ပူနေတဲ့အခါ နေပူထဲက လာပြီးတော့ နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုးတစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်တော့ ဒီလိုအေးဘိသကဲ့သို့ ဖြစ်တတ်ပါတယ်။

မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်များ အဲဒါ အဋ္ဌကထာ ဆရာကဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့ မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ ယူနေကြတာ။

ပါဠိတော်နှင့် အဋ္ဌကထာခွဲမှတ်ပါ

အာသိဉ္စမာနံဝိယ အေးသကဲ့သို့ ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာကို ဆိုတာပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ် ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။

ကဲ - ဒါဖြင့် ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်က ဟဒယသုသီတလမဂ္ဂဒဿနေ န သန္တပဋ္ဌော၊ ပဋိသမ္ဘိဒါမဂ်က ဒါလဲအဋ္ဌကထာပဲ ဟဒယသုသီတလ မဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှသာလျှင် သန္တာပဋ္ဌေ - ကိလေသာ အပူငြိမ်းအေးသည် ဟောတိ - ဖြစ်၏။

အပူမီးငြိမ်းတာကို ဆိုတာပါ

မဂ်ပေါ်မှ ၀မ်းထဲက ကိလေသာ အပူမီးငြိမ်းတယ်လို့ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေသာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူး ကိလေသာ အပူမီးငြိမ်းသွားပြီးတော့ ငြိမ်းတာမှ နိဗ္ဗာန် ခန္ဓာကိုယ်အေးတာ မဆိုလိုဘူး။

မဆိုလိုပါဘူးတဲ့... ခန္ဓာကိုယ်အေးလို့ရှိရင် သွေးဆုတ်သွားမှာပေါ့ (တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ကိလေသာဟာနာမ်ဓမ္မ

ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိမ်းသွားတာကိုဆိုတာ... ကိလေသာဟာ နာမ်ဓမ္မပါပဲ.... နာမ်ဓမ္မပင် ဖြစ်လင့်ကစား မဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိတယ်၊ ပျာယာခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကို ဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့ စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား (တင်ပါ့) တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။

တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့) ဥပမာပြတာ၊ ဒါကို အဟုတ်အေးတယ် ယူပစ်လိုက်ပါတယ်။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာက အဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ ကိလေသာက နဂိုက ငါဘုရားက ဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင် ကိလေသာ အပူပျောက်တယ်လို့ ဟောတာ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လား မရဘူးတဲ့၊ သို့သော်လည်း တစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ် (တင်ပါ ဘုရား) ကိလေသာက ပူနေတာ။

ငြိမ်းမှုနဲ့အေးမှုတခြားစီ

ခင်ဗျားတို့က အစိုးရအလုပ်လုပ်တယ်၊ ဥပမာ - မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ ၀မ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီ ဂနာမငြိမ် တာတွေ ပျောက်တာကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကို အေးတယ်လို့ဆိုပါတယ်၊ ငြိမ်းမှုနဲ့ အေးမှုဟာ တခြားစီ၊ ငြိမ်းမှုကငြိမ်းမှု၊ အေးမှုက သီတတေဇော၊ ငြိမ်းမှုက မဂ်၊ မဂ်ကြောင့် ကိလေသာငြိမ်း သွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် ဒုတိယ အဖြေပြီးရောပေါ့၊ (တင်ပါ့ဘုရား)။

အမေးပုစ္ဆာ = တတိယတော့ တပည့်တော်ကို အဲဒါနဲ့ အရှင်ဘုရား ခုနက သံယုတ်ပါဠိတော်မှာ မေးတဲ့လူရှိတယ်၊ ပုဏ္ဏားက ဘုရားလာမေးတယ်-

အရှင်ဘုရား အတ္တရှိပါသလား၊ အတ္တရှိပါတယ်လို့ ငါမဟောဘူး၊

ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊

ဘုရားကနှစ်ခုစလုံး ပယ်ချလိုက်တယ်၊

ဒါနဲ့အရှင် အာနန္ဒာက အနားမှာရှိတယ်၊ အရှင်ဘုရား အတ္တရှိသလား ဆိုတော့ မရှိဘူးဟောလိုက်တယ်၊

နို့ အနတ္တမရှိဘူးလား ဆိုလို့ရှိရင်လည်း မရှိဘူးလို့ ဟောလိုက်တော့ မခက်ဘူးလားဘုရား?

ပုဂ္ဂိုလ်ငဲ့ဟောရတာ

အဖြေ = အနတ္တတွေပဲ (တင်ပါ့) ဟုတ်တယ်တဲ့ကွ၊ ငါ ဝေနေယျဇ္ဈာသယလိုက်ပြီး ဒီပုဏ္ဏား အယူလွဲသွားမှာ စိုးလို့ အတ္တရှိသလားဆိုရင် သဿတဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ ဒါဖြင့် အနတ္တသာရှိသလားဆိုတော့ အနတ္တရှိ တယ်လို့ ဆိုလိုက်ပြန်ရင်လည်း အနတ္တဆိုတာ ဘာမှမရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အနတ္တဆိုတာ ဘာမှ မရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အဲဒီတော့ဥစ္ဆေဒဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ အဲဒါကြောင့် သဿတ ဥစ္ဆေဒ ဒီနှစ်ခုလွတ်အောင် ငါဖြေလိုက်ခြင်းဖြစ်တယ်၊ ပေါ်ပြီလား (တင်ပါ့)။

အဲဒီ သံယုတ်ပါဠိတော် ... ဒါဖြင့် စင်စစ် ပုဂ္ဂိုလ်ကို မငဲ့ဘဲနဲ့ ပုဏ္ဏားဥာဏ်ကို ဘုရားက မချိန်ဘဲနဲ့ နိဗ္ဗာန်ရောက်ကြောင်း ဟောမယ်ဆိုရင် အနတ္တရှိတယ်ဟောရမယ်၊ အတ္တရှိတယ်လို့ မဟောရဘူး ရှင်းပြီလား (ရှင်းပါပြီဘုရား)။

အမေးပုစ္ဆာ = နောက်ဆုံးလျှောက်လိုတာက - ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လို သာမန်လူ အနေနဲ့ စားသောက်နေထိုင်တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါနေတာပေါ့ဘုရား

မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ရှိရင် မဆင်ခြင်လို့ရှိရင် တပည့်တော်တို့နဲ့ မထူးဘူးလို့ ဒီလို အောက်မေ့ပါတယ်။

ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်

အဖြေ = ဒါက ဒီလို ရောဂါ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုးဒီလို ထူးခြားပါတယ်။

ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က မတည့်တာစားတာ သူ့မှာ အစာကြေတယ်၊ ဟို မပျောက်သေးတဲ့ ပုဂ္ဂိုလ်က ရောဂါထ,တယ်၊ ဒီလိုကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိပြုတ်ပြီးသားပါ၊ သမုစ္ဆေဒပယ်ပြီးသားပါ၊ ဒီလိုကွာသွားပါတယ်၊ သဘောပါပြီလား။

ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသလို ပယ်ပြီးသားဖြစ်ပါတယ်၊ နေပုံ ထိုင်ပုံက ချို (ဂျို) မပေါက်ပါ ဘူး၊ သို့သော် ခင်ဗျားနောက် ဘုန်းကြီးအကြောင်း ညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့ (၇) စိတ်ကို ကျုပ်အထက်ကနေပြီးတော့ ရေးပေးပါဦးမယ် (တင်ပါ့ဘုရား)။

သာဓု … သာဓု … သာဓု။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာ ရှုပုံရှုနည်း (၂)








ဥာဏ်ထဲဘာတွေပေါ်နေသတုံး

ယောက်ျား၊ မိန်းမ၊ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ (ပျောက်သွားပါတယ်ဘုရား) ကိုယ့်ခန္ဓာ မှာလည်း ငါလည်းပျောက်၊ သူလည်းပျောက်၊ လက်လည်းပျောက်၊ ခြေလည်းပျောက်၊ ဒါတွေပျောက်၊ အကုန်ပျောက်၊ ဥာဏ်ထဲဘာတွေပေါ်နေသတုံး (ဖောက်ပြန်ပျက်စီးတာပဲ ပေါ်ပါတယ်ဘုရား)။

အင်း …. အသစ်ပေါ်လာတာရယ်၊ ပျက်စီးသွားတာရယ်၊ ယားတာကလေးကြည့်လိုက်ပြန်လည်း ပေါ်လိုက် ပျောက်လိုက်၊ နာတာကလေးကြည့်လိုက်ပြန်တော့လည်း ပေါ်လိုက်၊ ပျောက်လိုက်၊ ခံသာတာ လေးလာပြန်တော့လည်း (ပေါ်လိုက် ပျောက်လိုက်ပါဘုရား)။

စိတ်အမျိုးမျိုးပေါ်ပြန်ကော (ပေါ်လိုက် ပျောက်လိုက်ပါဘုရား) ရုပ်တွေက ပူလိုက် အေးလိုက်တာ ကော (ပေါ်လိုက် ပျောက်လိုက်ပါဘုရား)။ အပူကလေး ပေါ်လာလိုက်၊ အပူကလေး ပျောက်သွားလိုက်၊ အအေးကလေး ပေါ်လာလိုက်၊ (အအေးကလေး ပျောက်သွားလိုက်ပါဘုရား)။

သြော် … ခန္ဓာကိုယ်ထဲမှာ ဘယ်မှာ ယောက်ျား၊ မိန်းမဆိုတာက အရပ်ကပြောတာပါကလား၊ ဒို့အမေ အဖေ သင်ထားလိုက်တဲ့ အသွားပါကလား၊ သေသေချာချာ သမာဓိ တည့်တည့်နဲ့ ဥာဏ်မျက်လုံးနဲ့ မျက်လုံးမှိတ်လိုက်တဲ့ အချကျတော့ ဥာဏ်မျက်လုံးက လာပွင့်တယ်၊ သဘောကျပလား (ကျပါပြီဘုရား)။

ဥာဏ်မျက်လုံးဖွင့်ကြည့်

ပကတိ မျက်လုံးပိတ်ပြီး သကာလ ငါးဒွါရပိတ်ပြီး သကာလ မနောဒွါရဆိုတဲ့ ဥာဏ်မျက်လုံး ဖွင့်ကြည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဘာတွေ တွေ့နေသလဲ (ဖောက်ပြန် ပျက်စီးတာတွေ တွေ့နေပါတယ်ဘုရား)။

အဲ … ဖောက်ပြန်ပျက်စီးတာတွေချည်း တွေ့နေမယ် ပေါ်လာရင် ဖောက်ပြန်ပြီး ပေါ်လာတာ ကလေး မရှိပြန်ရင် … (ပျက်စီးသွားပါတယ်ဘုရား)။

အဲ … ဒီလိုချည်း ဒကာ၊ ဒကာမတွေက ငါးမိနစ်လောက် ကြည့်ကြည့်၊ ဆယ်မိနစ်လောက် ကြည့်ကြည့်၊ ကြည့်ချင်သလောက်ကြည့်၊ ကြာတော့ ခန္ဓာထဲမှာ ဖောက်ပြန် ပျက်စီးမှုမှတစ်ပါး၊ ယောက်ျား လည်းမရှိဘူး၊ မိန်းမလည်းမရှိဘူး၊ သဘောကျပလား (ကျပါပြီဘုရား)။

ဖောက်ပြန်ပျက်စီးတာတွေချည်းတွေ့တယ်

ငါလည်းမရှိဘူး၊ သူလည်းမရှိဘူး၊ သေသေချာချာ ဥာဏ်နဲ့ကြည့်တော့ ဘာတွေတွေ့သလဲ (ဖောက်ပြန်ပျက်စီးတာတွေ တွေ့ပါတယ်ဘုရား)။

ဖောက်ပြန်ပျက်စီးတာပဲ တွေ့ပြီးသကာလနေတော့ သြော် … ၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ၀ိပရိဏာမလက္ခဏံ (ဒုက္ခသစ္စံပါ ဘုရား)။

ဝိပရိဏာမလက္ခဏံ = ပင်ကိုယ်သဘောကို စွန့်စွန့်သွားခြင်းသည်၊ ဒုက္ခသစ္စံ = ဒုက္ခသစ္စာမည်၏ ဆိုသဖြင့် ဖောက်ပြန်တာဟာလဲ ပင်ကို အနေသဘောကို စွန့်တာပဲ (မှန်ပါ့) ပျက်စီးသွားတာလဲ (ပင်ကို သဘောကို စွန့်တာပါပဲ ဘုရား)။

ဒါဖြင့် ဖောက်ပြန်တာလဲ ဥပမာ သရက်သီးဟာ ပုတ်လာတယ်ဆိုတော့ ဖောက်ပြန်တာ၊ သူ အမှည့် သဘော စွန့်တာ … သဘောကျပလား … (ကျပါပြီ)၊ ဒါဖြင့် ဖောက်ပြန်တာလည်း ပင်ကိုသဘော စွန့်တာပဲ (မှန်ပါ့)၊ ပျက်စီးတာကော … (ပင်ကိုသဘော စွန့်တာပါပဲဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာကြည့်တော့ ဖောက်ပြန်ပျက်စီးတာချည်း တွေ့နေတော့၊ သြော် … ဖောက်ပြန်ပျက်စီးတာ ဘာတွေပါလိမ့် မတုံးဆိုတော့ ဒုက္ခသစ္စာတွေပါကလားလို့ မှတ်လိုက်၊ (မှန်ပါ့)၊ ဖောက်ပြန်ပျက်စီးတာ ဘာတွေပါလိမ့် (ဒုက္ခသစ္စာတွေပါဘုရား)၊ ထိုင်တတ်ကြပလား (ထိုင်တတ်ပါပြီ ဘုရား)၊ ထိုင်ပြီးသကာလ သမာဓိကလေး ၁၀ မိန်စ၊ ၁၅ မိနစ် ဖမ်းတဲ့ပြီး ခန္ဓာကပေါ်ရာကို ရှုလိုက်တဲ့အခါ ကျတော့ ဘာတွေတွေ့မယ် ထင်သလဲ (ဖောက်ပြန်ပျက်စီးတာတွေ တွေ့ပါတယ်ဘုရား)။

ရုပ်ရယ်၊ နာမ်ရယ် ရွေးမနေနဲ့တော့

ပေါ်လာတာက ဖောက်ပြန်တာ၊ ပေါ်လာတာကလေး ပျောက်သွားတာက (ပျက်စီးတာပါဘုရား)၊ အဲ့ဒီကဲ့သို့ တွေ့ပြီဆိုမှဖြင့် ရုပ်ရယ်၊ နာမ်ရယ် ရွေးမနေနဲ့တော့ ဒီကျတော့ (မှန်ပါ့)၊ ရုပ်ရယ်၊ နာမ်ရယ် ရွေးမနေနဲ့တော့ … ဖောက်ပြန်ပျက်စီးတဲ့ သစ္စာနဲ့ရှုနေတော့ ဖောက်ပြန်ပျက်စီးတာပဲ တွေ့တာပါပဲ … (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဖောက်ပြန် ပျက်စီးတာပဲ တွေ့နေတော့ သြော် … ယောက်ျားတွေ ဖြုတ်ဖို့ ကောလိုသေးသလား (မလိုပါဘုရား)၊ ဒါ … မိန်းမပဲလို့ ထင်တဲ့အထင်ကော (မလိုပါဘုရား)။

မလိုတော့ဘူး အလိုလိုပြုတ်သွားတယ် (မှန်ပါ့)၊ ငါတွေကော … (ပြုတ်သွားပါတယ်)၊ သူတွေကော (ပြုတ်သွားပါတယ်ဘုရား)၊ ဘယ်ကလာတာတွေလဲ ပြုတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ပေါ်လာပြီးပျက်တဲ့ဓမ္မတွေ

ဘယ်ကလာပါလိမ့်မတုံး မဟုတ်ဘူး၊ ပေါ်လာပြီးပျက်တဲ့ ဓမ္မတွေပဲ။ ဒီအတိုင်းသာရှုရင် အကြောင်း ဖြစ်၍ အကျိုးဖြစ်တာပဲ၊ အကြောင်းပျက်၍ အကျိုးပျက်တာပဲဆိုတာကလေးလဲ တစ်ခါတည်းပါသွားတယ် (မှန်ပါ့)၊ အဲဒီတော့ ဖောက်ပြန်ပျက်စီးတာကလေးကို ဒကာ ဒကာမတွေ စောင့်ကြည့်စေချင်တယ်နော် … (မှန်ပါ့)၊ ဘာကြည့်ရမယ် … (ဖောက်ပြန်ပျက်စီးတာကလေးကို စောင့်ကြည့်ရပါမယ်ဘုရား)၊ ဖောက်ပြန် ပျက်စီးတာကလေးကို သမာဓိရှေးဦးစွာ တည်အောင်လုပ်ပြီး စောင့်ကြည့်တော့ ဖောက်ပြန်ပျက်စီးတာဟာ ခြေထောက်တွေ့မလား … (ခြေထောက်ပေါ်မှာ ဖောက်ပြန်ပျက်စီးတာတွေ့မှာပါ ဘုရား)။

ဓမ္မာနုပဿနာသတိပဋ္ဌာန်

ကိုယ် တွေ့မလား၊ ဖောက်ပြန်ပျက်စီးတာ တွေ့မလား (ဖောက်ပြန်ပျက်စီးတာ တွေ့မှာပါဘုရား)၊ မျက်စိ၊ နား၊ နှာခေါင်းတွေ့မလား၊ ဖောက်ပြန်ပျက်စီးတာ တွေ့မလား (ဖောက်ပြန်ပျက်စီးတာတွေ့မှာပါ ဘုရား)၊ အဲ … ဖောက်ပြန်ပျက်စီးတာတွေချည်းတွေ့တော့ ဒါတွေက ဓမ္မာနုပဿနာ သတိပဋ္ဌာန်တဲ့၊ သစ္စာမြင်တဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာပါလိမ့် … (သစ္စာမြင်တဲ့ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပါ ဘုရား)၊ အဲ့ဒီကဲ့သို့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်နဲ့ ဒီအတိုင်း ခန္ဓာကိုယ်ကြီး စောင့်ကြည့်နေတော့ ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ (မှန်ပါ့)။

ဖောက်ပြန်ပျက်စီးတာက (ဒုက္ခသစ္စာပါဘုရား)၊ မြင်တာက (မဂ္ဂသစ္စာပါဘုရား)။

သြော် … ဒကာ၊ ဒကာမတို့ သန္တာန်မှာ မဂ်မျက်လုံးနဲ့ ကြည့်လိုက်၊ မဂ်မျက်လုံးနဲ့ကြည့်လိုက်၊ သဘောကျပလား … (ကျပါပြီဘုရား) ဘာမျက်လုံးနဲ့ ကြည့်ရမလဲ (မဂ်မျက်လုံးနဲ့ ကြည့်ရပါမယ်ဘုရား)။

မဂ်မျက်လုံးနဲ့ကြည့်လိုက်တဲ့ အခါကျတော့ ဘာတွေတွေ့ပါလိမ့် (ဖောက်ပြန်ပျက်စီးတာတွေ တွေ့ပါတယ်ဘုရား)။

သြော် … ဒါဖြင့် ပင်ကိုကလည်း ခန္ဓာကိုယ်ကြီးက ဖောက်ပြန်တာနဲ့ ပျက်စီးတာနဲ့ ပျက်စီးတာပဲရှိ တယ်၊ ၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ ကိုး၊ (မှန်ပါ့ဘုရား)။

ဖောက်ပြန်ပျက်စီးတာရှိတော့ ဖောက်ပြန်ပျက်စီးတာတွေ့လို့ရှိရင်ဖြင့် ဒီမျက်လုံးဟာ နှလုံးသွင်းမှန် ပလား မှားသလား မေးကြည့် (မှန်ပါတယ် ဘုရား)။

နှလုံးသွင်းတည့်သွားပြီ … (မှန်ပါ့)။

အဲ့ဒီကဲ့သို့ တည့်သွားတဲ့အခါကျတော့ သြော် … ဖောက်ပြန်ပျက်စီးတာသာ အစစ်ပါကလားလို့ သိတော့ ခန္ဓာကိုယ်ထဲမှာ ဖောက်ပြန်ပျက်စီးတာက ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား)၊ ဖောက်ပြန် ပျက်စီးတယ်လို့ သိနေတဲ့ သဘောကလေးက (မဂ္ဂသစ္စာပါဘုရား)။

အဲဒီမှာ မဂ်မျက်လုံးကလေးနဲ့ ဒကာ၊ ဒကာမတွေက ကြည့်ကြည့် ကြည့်ကြည့် ကြည့်ကြည့်ပြီး သကာလနေတော့ ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာသာ သွားတွေ့တာပဲ (မှန်ပါ့)။

ဒုက္ခသစ္စာအစိုင်အခဲကြီး

နောက်တော့ ဒီဒုက္ခသစ္စာကြီးဟာ ဒကာ၊ ဒကာမတို့ မြင်ရင်း မြင်ရင်းနဲ့ပဲ သြော် … မိမိခန္ဓာရယ်လို့ ပြောသာ ပြောနေရတာပါကလား၊ ဒုက္ခသစ္စာအစိုင်အခဲကြီး၊ ဒုက္ခသစ္စာတွေချည်း အကုန်ရှိနေတာကိုး၊ ဒါတွေ မတွေ့ပေဘူးလား (တွေ့ပါတယ်ဘုရား)။

တွေ့တဲ့အခါကျလို့ရှိရင် ဒီအချိန်မှာပဲ ဒကာ၊ ဒကာမတွေက စဉ်းစားကြည့်တော့ ဖောက်ပြန်ပျက်စီး တာကလေးကို မြင်မနေဘူးလား (မြင်ပါတယ်ဘုရား)။

မြင်နေတဲ့အခါ မြင်တာကလေးက မဂ်ကလေးဖြစ်နေတယ်၊ မြင်တာ မဂ်မျက်လုံးကလေး၊ သမ္မာဒိဋ္ဌိ မျက်လုံးကလေး … သဘောကျပလား … (ကျပါပြီဘုရား)။

တစ်နည်း၊ ၀ိဇ္ဇာမျက်လုံးကလေးဆိုရင်လည်း ဟုတ်တယ် … (မှန်ပါ့)၊ အမှန်သိတာကိုး … (မှန်ပါ့)။

ဝိဇ္ဇာမျက်လုံးလည်းဟုတ်တယ်နော် … (မှန်ပါ့)၊ သမ္မာဒိဋ္ဌိမျက်လုံးကော … (ဟုတ်ပါတယ်)၊ ဥာဏ်မျက်လုံးကော … (ဟုတ်ပါတယ်)၊ ၀ိဇ္ဇာကလေးကော … (ဟုတ်ပါတယ်ဘုရား)။

အဲဒီတော့ ဒါတွေဟာ ဘုရားက ပရိယာယ်နဲ့သာ ဟောနေတာ၊ စင်စစ်တော့ ဥာဏ်မျက်လုံးတစ် လုံးတည်းပဲနော် … (မှန်ပါ့ဘုရား)။

အဲဒီကဲ့သို့ နှလုံးသွင်းမှန်မှန်နဲ့ ဒကာ ဒကာမတွေက ကြည့်ပြီးသကာလနေတော့ ဖောက်ပြန်ပျက်စီး တာပဲ မြင်ပြီး ဒီ့ပြင်ယောက်ျား၊ မိန်းမတွေခွာဖို့လည်း မလိုတော့ဘူး၊ လိုသေးသလား … (မလိုပါဘုရား)။

ရှိတာတော့ ဘာတွေတွေ့သလဲ … (ဖောက်ပြန်ပျက်စီးတာတွေ့ပါတယ်ဘုရား)

အဲဒီတော့ ဖောက်ပြန်ပျက်စီးတာ ဒုက္ခသစ္စာ၊ တွေ့တဲ့ ဥာဏ်ကလေးက … (မဂ္ဂသစ္စာပါဘုရား)၊ မဂ္ဂသစ္စာကလေးရနေတော့ ဆုတောင်းလို့ရတာလား၊ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်လို့ရတာလား … (နှလုံးသွင်းမှန်လို့ရတာပါဘုရား)။

အဲဒါကြောင့် ဒါကျတော့ကို … တဲ့၊ ဆုမတောင်းနဲ့တော့ ဒကာ ဒကာမတို့၊ ဒီမျက်လုံးကလေး၊ ရပြီးတဲ့နောက် နိဗ္ဗာန်မြင်တဲ့ မျက်လုံးရတော့မယ် … (မှန်ပါ့)၊ အခုဟာ ဒုက္ခမြင်တဲ့ မျက်လုံးရပြီ၊ သဘောကျပလား … (ကျပါပြီဘုရား)။

ဒုက္ခမြင်တဲ့မျက်လုံး … (ရပါပြီဘုရား)၊ ခန္ဓာကိုယ်မှာ ဒုက္ခသစ္စာပဲဆိုတဲ့ မျက်လုံးကဖြင့် … (ရပါပြီဘုရား)၊ ရပြီတဲ့။

ကောင်းပြီ၊ ဒီရတဲ့မျက်လုံးကလေးဟာ နဂိုက ယောက်ျား မိန်းမထင်နေတာ ဒုက္ခသစ္စာလို့ ဘယ်တော့မှ မအောက်မေ့ဘူး … (မှန်ပါ့)။

အခုတော့ဖြင့် ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခတွေ ထင်ရှားပြီး သကာလ နေတဲ့အတွက် “ဒုက္ခမေ၀ ဥပ္ပဇ္ဇမာနံ၊ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈ မာနံ နိရုဇ္ဈတိ” လို့ ဘုရားကဟောထားတော့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာတွေ မြင်တော့ ဒုက္ခသစ္စာသာရှိတယ်ဆိုတာ ပေါ်မလာဘူးလား … (ပေါ်လာပါတယ်ဘုရား)။

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာကလေးက … (မဂ္ဂသစ္စာပါ ဘုရား)။

စောင့်ကြည့်တဲ့အခါကျတော့ ဒီအတိုင်းမမြင်ရဘူးလား … (မြင်ရပါတယ်ဘုရား)၊ သမာဓိရှိပြီး ကြည့်လိုက်တဲ့အခါကျတော့ … (မြင်ပါတယ်ဘုရား)။

မိမိနဲ့ဒုက္ခသစ္စာကွဲသွားပြီ

အင်း … သူတစ်ပါးသွားကြည့်နေရတာလားတဲ့၊ နဂိုက မိမိထင်နေတာ ကြည့်ရတာလား … (မိမိထင်နေတာ ကြည့်ရတာပါဘုရား)၊ မိမိလား၊ ဒုက္ခသစ္စာလား … (ဒုက္ခသစ္စာပါဘုရား)။

မိမိနဲ့ဒုက္ခသစ္စာ အခုကွဲသွားပြီ … (မှန်ပါ့)၊ ဦးဘကလေးဘယ့်နှယ်တုံး … (ကွဲသွားပါပြီဘုရား)။

မိမိကိုယ်ထင်နေတဲ့ ဥစ္စာ ဘယ်ဟုတ်ရမတုံး၊ မိမိကိုယ်က ဖောက်ပြန်ပျက်စီးတာတွေချည်း ပြနေတော့ မိမိကိုယ်ကို မဟုတ်တော့ဘူး … (မှန်ပါ့)၊ ဘာဖြစ်နေသတုံး … (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာ သက်သက်ဖြစ်နေတယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။

မိမိကိုယ်ဟုတ်သေးရဲ့လား (မဟုတ်ပါဘုရား) ဒါဖြင့် မိမိကိုယ် မဟုတ်တဲ့ ဒုက္ခသစ္စာတွေပဲဆိုတာ သေချာပလား (သေချာပါပြီဘုရား)။

မိမိအလိုဆန္ဒ လုံးဝမပါ

ဒီဖောက်ပြန်ပျက်စီးနေတဲ့ သဘောကလေးတွေကလည်း ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက်၊ ပျောက်လိုက်နဲ့ နေပြန်တော့လည်း အင်း … သူ့သဘောပဲ၊ မိမိအလိုဆန္ဒ ဒီအထဲမှာ လုံးဝမပါ၊ တားလို့ဆီးလို့ မရတဲ့သဘောတွေပဲဆိုတာတွေက ရောက်မလာပေဘူးလား … (ရောက်လာပါတယ်ဘုရား)။

အဲဒီမှာ အနိစ္စတွေလည်း အတွင်းဝင်သွားပြီ၊ ဒုက္ခတွေကော … (အတွင်းဝင်သွားပါပြီ)၊ အနတ္တတွေ ကော … (၀င်ပါတယ်ဘုရား)၊ အဲဒီလိုမှတ်ကြပေတော့၊ ဖောက်ပြန်ပျက်စီးတာ တစ်ခုလုံးဟာ ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား)။

အဲဒီ အနိစ္စဆိုတာလည်း ဒီဒုက္ခသစ္စာထဲ ၀င်သွားတာပဲ (မှန်ပါ့)၊ ဒုက္ခဆိုတာကော (ဒုက္ခသစ္စာထဲ ၀င်သွားပါတယ်ဘုရား)၊ အနတ္တဆိုတာကော (ဒုက္ခသစ္စာထဲ ၀င်သွားပါတယ်ဘုရား)။

အဲဒီတော့ ယနေ့ည ဒကာ ဒကာမတွေ အခုသင်ပေးနေတာက ခင်ဗျားတို့ အနိစ္စ, ဒုက္ခ, အနတ္တလုပ် မနေနဲ့တော့၊ နောက်ဆုံးပိတ်သစ္စာမြင်မှ နိဗ္ဗာန်ဝင်တာ၊ ဖောက်ပြန်ပျက်စီးတာ မြင်လို့ရှိရင် အနိစ္စဟာ ဒီအထဲဝင်သွားပြီ၊ သစ္စာထဲဝင်သွား … (မှန်ပါ့)။

ဒုက္ခသစ္စာထဲ … (၀င်သွားပါပြီ)၊ သဘောကျပလား (ကျပါပြီဘုရား)။

ဒီမှာ ရှင်သာရိပုတ္တရာကပြောထားတာ ဒကာ ဒကာမတွေ ရှင်းရှင်းကြည့်လိုက်က သိတာပဲ၊ ဥပမာ မယ် - ဆင်ကြီးက ဘုန်းကြီးတို့ ကျောင်းအဆင်းက နေပြီးသကာလ ဟိုဘက်ကျအောင် ဆင်းသွားတယ်ဆို တော့ မောင်နိုင်ရ (မှန်ပါ့)၊ ခြေရာတွေက ထင်မနေဘူးလား … (ထင်ပါတယ်ဘုရား)။

ဆင်ခြေရာဥပမာ

နောက်တစ်ခါ ခွေးတွေက နောက်က လိုက်သွားတဲ့အခါ ဆင်ခြေရာအုပ်မိအောင် နင်းနိုင်တဲ့သတ္တ၀ါ နောက်ထပ် လာစရာမြင်သေးရဲ့လား … (မမြင်ပါဘုရား)၊ ဆင်ခြေရာထဲသာ ၀င်ကြရမှာပဲ … (မှန်ပါ့)။

ဆင်ခြေရာထဲ ထောက်ထောက်ပြီးတော့ သူတို့လိုချင်တဲ့ ခရီးကို အပြီးတိုင်သွားကြရမယ် … (မှန်ပါ့)၊ ခြေခြေရာထဲပဲ ၀င်ကြရမယ် (မှန်ပါ့)၊ ဆင်ခြေရာထက် ကြီးတာက ရှိသေးရဲ့လား … (မရှိပါဘုရား)။

အဲ … ထို့အတူပဲတဲ့ ဖောက်ပြန်ပျက်စီးတာ တစ်ခု မြင်လိုက်လို့ရှိရင် သူက ဆင်ခြေရာပဲတဲ့၊ အနိစ္စလည်း ဒီအထဲထောက်ရတာပဲတဲ့ … (မှန်ပါ့)၊ ဒုက္ခကကော (ဒီအထဲထောက်ရပါတယ်)၊ အနတ္တကကော (ဒီအထဲထောက်ရပါတယ် ဘုရား)၊ အသုဘကကော (ဒီအထဲထောက်ရပါတယ်ဘုရား)။

သြော် ဒါဖြင့် ဖောက်ပြန်ပျက်စီးတာကလေး တစ်လုံးတည်း ဒကာ ဒကာမတွေ ပိုင်ပိုင်နိုင်နိုင် ကလေးကြည့်နေ (မှန်ပါ့)။ သမာဓိရရနဲ့ ကြည့်နေတာ့ သြော် … ဖောက်ပြန်ပျက်စီးနေတာပဲ၊ ဖောက်ပြန် ပျက်စီးနေတာပဲ၊ ဖောက်ပြန်ပျက်စီးနေတာပဲဆိုတော့ ဖောက်ပြန်တာက ဖြစ်တာနော် … (မှန်ပါ့)၊ ပျက်စီးတာက ပျက်တာ (မှန်ပါ့)။

တစ်ကိုယ်လုံးမှာ ဖြစ်ပျက်ပဲရှိတယ်

တစ်ကိုယ်လုံးမှာ ဖြစ်, ပျက်ပဲရှိတယ်ဆိုတာ ပြန်ဝင်လာတာပဲ … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။

ဒါကြောင့်ဟို ပဏ္ဏာသတွေက ပဏ္ဏာသ အဋ္ဌကထာတွေ, ဋီကာတွေက၊ သြော်-ဖြစ်, ပျက်ဟာကွာ တခြားအောက်မေ့မနေပါနဲ့၊ ဒုက္ခသစ္စာပါတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)၊ အေး အဲဒီတော့ ဖြစ်ပျက်ရှုနေတာ ဒုက္ခသစ္စာရှုနေ တာလို့ မှတ်လိုက် (မှန်ပါ့)။

ဖြစ်ပျက်ရှုနေတာ (ဒုက္ခသစ္စာ ရှုနေတာပါဘုရား)။

ဒုက္ခသစ္စာရှုနေတာ၊ အဲဒီကဲ့သို့ရှုတော့ အရှုခံတာက ဒုက္ခသစ္စာ၊ ရှုဥာဏ်က မဂ္ဂသစ္စာသွားဖြစ်တယ် … (မှန်ပါ့)၊ မဖြစ်သေးဘူးလား … (ဖြစ်ပါတယ်ဘုရား)။

အဲဒီတော့ အင်း … ဒကာ ဒကာမတို့ အခုရှုနေတဲ့ သဘောကလေးကို ခင်တဲ့စိတ်ကလေး, စွဲလမ်းတဲ့ စိတ်ကလေးဟုတ်လား၊ အားထုတ်ပြီးတော့ ဒါမျိုးဖြစ်ပျက်ရချင်လို့ အားထုတ်ဦးမယ်ဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေ လာသေးရဲ့လား (မလာပါဘုရား)။

ကာမဂုဏ်ခံစားတာတွေ မလာတော့ဘူး

ဖြစ်, ပျက်ကလေး ရှုနေရတဲ့အတွက် “ကာမသုခလ္လိ ကာနုယောဂ” ဆိုတဲ့ တဏှာ, ဥပါဒါန်, ကံတွေလည်း ကာမဂုဏ်ခံစားတဲ့ တဏှာ, ဥပါဒါန်ကံတွေကော လာသေးရဲ့လား … (မလာပါဘုရား)၊ မလာတော့ဘူးနော်၊ သဘောကျပလား … (ကျပါပြီဘုရား)။

စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခတွေကော … (မလာပါဘုရား)။

အင်း ဒီဟာက ဘာဖြစ်နေတာတုံးဆိုတော့ သြော် - ဒါဖြင့် ဆင်းရဲတဲ့လမ်းလည်း မဟုတ်ဘူး၊ ကာမဂုဏ်ချမ်းသာ ခံစားတဲ့လမ်းလည်း မဟုတ်ဘူး၊ အလယ်လမ်းပါလားလို့ မှတ်လိုက်တာပေါ့ … (မှန်ပါ့)။

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့လမ်းကော ဟုတ်ကဲ့လား … (မဟုတ်ပါဘုရား)။

အလယ်လမ်းကို ရောက်သွားတယ်

စိတ်သာယာ, ကိုယ်သာယာတဲ့ လမ်းဆိုလို့ရှိရင်လည်း ဒကာ ဒကာမတွေက ကာမသုခလ္လိကာ နုယောဂလမ်းဖြစ်သွားတယ်၊ တဏှာလမ်းဖြစ်တယ် … (မှန်ပါ)၊ ဟိုဘက်ကလည်း ဒေါသလမ်းဖြစ်နေတယ် … (မှန်ပါ့)။

ဒါဖြင့် အလယ်လမ်းကိုရောက်နေတယ် … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။

အလယ်လမ်းက ဘုရားဖြစ်တာကိုး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေကော … (အလယ်လမ်းပါပဲဘုရား)။

အဲဒီလို ဖောက်ပြန်ပျက်စီးတာကိုမြင်တဲ့ ဥာဏ်ကလေးကနေပြီး သကာလသွားမှ အလယ်လမ်းကို ရောက်တယ်၊ ဒီဥာဏ်ဟာ အလယ်လမ်းပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ညကစပြီး စမ်းကြည့်တာပေါ့၊ ကိုယ်တတ်အားသရွေ့ စမ်းကြတော့ ရင့်လာလိမ့်မယ်နော် … (မှန်ပါ့ဘုရား)၊ ရင့်လာတော့ အခု အဲဒီအချိန်ကလေးမှာ တစ်ချက်တည်း ကိုယ်ပေါ်က ဖြစ်ဖြစ်ပေါ့လေ၊ ဖောက်ပြန်ပျက်စီးတာကလေးကို ဥာဏ်နဲ့တည့်ပြီး မြင်လိုက် တယ်ဆိုလိုက်ပါတော့။ အဲဒီတစ်ချက်ဟာ မောင်နိုင် အလွန်အရေးကြီးတယ် … (မှန်ပါ့)။

ဒီအချက်ဟာ အလွန်အရေးကြီးတယ်တဲ့၊ ဒီတစ်ချက်ဟာ ဘယ့်နှယ်ကြောင့် ဒီလောက်အရေး တကြီး မွန်မြတ်တယ်လို့ ဆိုရပါလိမ့်မတုံးဆိုတော့ ခုနင်က တဏှာ, ဥပါဒါန်, ကံတွေကော လာသေးသလား … (မလာပါဘုရား)။ ဟာ … ဒါဖြင့် ပပဉ္စချုပ်ပြီ … (မှန်ပါ့)။

ဒေါသ သောက ပရိဒေ၀တွေကော … (မလာပါဘုရား)။

အင်း … ဒါဖြင့် ဒကာ ဒကာမတို့ ကာမသုခလ္လိ ကာနုယောဂလမ်းလည်း မရှိဘူး … (မှန်ပါ့)၊ အတ္တကိလမထာနု ယောဂလမ်းကော … (မရှိပါဘုရား)။

အလယ်လမ်းကမှ နိဗ္ဗာန်သွားလို့ရတယ်

ဟ-အလယ်လမ်းပေါ် သေသေချာချာရောက်တော့ အလယ်လမ်းကနေမှ နိဗ္ဗာန်သွားလို့ရတယ် … (မှန်ပါ့)။

ဘယ်ကမှ နိဗ္ဗာန်သွားလို့ရသလဲ … (အလယ်လမ်းကမှ နိဗ္ဗာန်သွားလို့ရပါတယ်ဘုရား)၊ အလယ်လမ်း ကနေမှ နိဗ္ဗာန်သွားလို့ရတယ်ဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။

ဒါဖြင့် ကိုယ့်ခန္ဓာကို နဂိုက ကိုယ့်ခန္ဓာလို့ ထင်နေတာ မဟုတ်တော့ပါဘူး၊ ဒုက္ခသစ္စာ သက်သက်ပါပဲ လို့ ဆုံးဖြတ်ချက်ချ … (မှန်ပါ့ဘုရား)၊ မချရပေဘူးလား … (ချရပါတယ်ဘုရား)၊ မျက်လုံးမှိတ်ပြီးကြည့်နော် .. (မှန်ပါ့)၊ မျက်လုံးမှိတ်ပြီးကြည့်တော့ ဟိုနေရာက ဖောက်ပြန်၊ ဒီနေရာက ဖောက်ပြန်၊ ဟိုနေရာကပျက်စီး၊ ဒီနေရာက ပျက်စီးတာတွေ မတွေ့ပေဘူးလား … (တွေ့ပါတယ်ဘုရား)။

အဲ … ဖောက်ပြန်ပျက်စီးတဲ့ဥစ္စာ ဘာသစ္စာ … (ဒုက္ခသစ္စာပါဘုရား)၊ မြင်တာက … (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် ကာမဂုဏ်ခံစားတဲ့လမ်းကော ပြတ်သွားတယ် … (ပြတ်ပါတယ်ဘုရား)၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲလမ်းကော … (ပြတ်ပါတယ်ဘုရား)၊ ဒါဖြင့် ဘယ်လမ်းရောက်သွားသလဲ … (အလယ်လမ်း ရောက်ပါတယ်ဘုရား)၊ သြော် … ဒီလိုရှုနေတာလည်း အလယ်လမ်းရောက်တာပဲ၊ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ အင်း … ရှုဖန်များလာတဲ့အခါ ဖောက်ပြန်ပျက်စီးတာတွေ မြင်ရတဲ့အခါကျတော့ စိတ်ထဲမှာ ငြီးငွေ့တော့ မုန်းလာတယ်၊ ဘာဖြစ်လို့မုန်းသတုံးလို့ မေးတဲ့ အခါကျတော့မှ ဖောက်ပြန် ပျက်စီးတာကြီး ရ,ထားလို့မုန်းတာ … (မှန်ပါ့)။

ဘယ့်နှယ်ကြောင့်မုန်းသတုံး … (ဖောက်ပြန်ပျက်စီးတာကြီး ရ,ထားလို့ မုန်းတာပါဘုရား)၊ နဂိုတုန်း ကတော့ အရတော်လေစွလို့ ထင်နေတယ် … (မှန်ပါ့)၊ အခုတော့ ဥာဏ်မျက်လုံးကို ဆရာဘုန်းကြီးက တပ်ပေးလိုက်တဲ့အတွက် ဖောက်ပြန်ပျက်စီးတာပဲ၊ သေသေချာချာ မထင်ရှားဘူးလား … (ထင်ရှားပါ တယ်ဘုရား)။

မြင်ဖန်များရင် ဥာဏ်တတ်လာမယ်

ထင်ရှားတော့ သြော် … အရမတော်ဘူး၊ ဒီဥစ္စာကြီးဟာ တကယ်ရွံစရာ မုန်းစရာကြီး ရ,ထားတယ် ဆိုတဲ့ ဥာဏ်ဟာ ဖောက်ပြန်ပျက်စီးတာ မြင်ဖန်များရင် ဥာဏ်တက်လိမ့်မယ် … (မှန်ပါ့)၊ ရွံမုန်းတဲ့ဥာဏ် မတတ်ပေဘူးလား … (တက်ပါတယ်ဘုရား)။

ကြာတော့ တက်ရုံသာမက ရှုရင်းမတ္တနဲ့ မုန်းရုံတင်မကဘဲနဲ့ သြော် … ဒါကြီးနဲ့ဖြင့် မနေချင်ပါဘူး၊ ရလည်းမရချင်ပါဘူးဆိုတာလည်း ဥာဏ်တက်လာဦးမှာပဲ … (မှန်ပါ့)။ ဥာဏ်မတတ်ပေဘူးလား … (တက်ပါ တယ်ဘုရား)၊ တက်သည်နဲ့ တစ်ပြိုင်နက်တည်း ခုနင်က ဖောက်ပြန်ပျက်စီးတာတွေ အကုန်ပျောက်သွား တယ် … (မှန်ပါ့)၊ ခန္ဓာ ပျောက်တယ် … (မှန်ပါ့)၊ ဖောက်ပြန်ပျက်စီးတာ ပျောက်တယ်ဆိုတော့ ခန္ဓာပျောက်တာပဲ … (မှန်ပါ့)၊ မပျောက်ပေဘူးလား … (ပျောက်ပါတယ်ဘုရား)။

မဖောက်ပြန်တဲ့နိရောဓသစ္စာ

အဲဒီ ပျောက်သွားတဲ့အခါကျတော့မှ သြော် … ဖောက်ပြန်ပျက်စီးမှုသည် ဒုက္ခသစ္စာ၊ အခုဖောက်ပြန် ပျက်စီးမှု ပျောက်သွားလို့ မိမိဥာဏ်ကလေးနဲ့ အခုမြင်ရတဲ့နေရာက ဖောက်ပြန်တဲ့နေရာက နိရောဓသစ္စာ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ မဖောက်ပြန်တဲ့နေရာက … (နိရောဓသစ္စာပါဘုရား)။

အဲဒီမှာ နိဗ္ဗာန်ဘက်ကူးတယ်၊ ခုနင်က ဥာဏ်ကမြင်တယ် … (မှန်ပါ့)၊ အရင်တုန်းကတော့ ဖောက်ပြန်ပျက်စီးတဲ့ဘက်နေတယ် … (မှန်ပါ့)၊ နောက်တော့ ဒီ … ဖောက်ပြန်ပျက်စီးတာကြီး မလိုတော့လို့ ဖောက်ပြန်ပျက်စီးတာဟာ ပျောက်ထွက်သွားတယ် … (မှန်ပါ့)၊ မဖောက်ပြန်ဘဲနဲ့ ခိုင်မြဲတာကြီးလာ ပေါ်တယ်၊ နိဗ္ဗာန်လာပေါ်တယ်ဆိုကြပါစို့ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။

နိဗ္ဗာန်လာပေါ်တယ်

နိဗ္ဗာန်လာပေါ်တော့ ဘယ်လိုပေါ်သတုံးဆိုတော့ ဓာတ်ရှင်များပြသလိုပဲ မှတ်လိုက်တာပေါ့၊ အရင် တုန်းကတော့ ပိတ်ကားကြီးပေါ်မှာ အရုပ်တွေ ရှုပ်နေတယ် … (မှန်ပါ့)၊ နောက် ဒါတွေ မလိုချင်တော့ပါဘူး၊ ဒါတွေ မရချင်တော့ပါဘူး ရွံပါတယ်၊ မုန်းပါတယ်ဆိုတဲ့ ဥာဏ်တွေတက်ပြီး မလိုချင်ဘူးဆိုတော့ ခုနင်က ပိတ်ကားမြင်ရသလို တစ်ခါတည်း ရှင်းထွက်သွားတာပဲ … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။

အလုပ်သင်ပေးနေတာ

ဒါ “အလုပ်သင်” ပေးနေတယ်လို့ ယနေ့မှတ်ပါ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီ)။

ဝိပဿနာ ရှုပုံရှုနည်း (၁)












http://www.mogokinsightny.org/publications/

ဆိုဒ်မှ ထပ်ဆင့်ယူ၍မျှဝေပါသည်

၁၁-၁၁-၆၁ ခု၊ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောတော်မူသော

ဝိပဿနာ ရှုပုံရှုနည်း

အလုပ်ပေးတရားတော်

ဒကာ, ဒကာမတွေ သိကြားမင်းအကြောင်း မဟောခင် ၀ိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ် - (မှန်လှပါဘုရား)၊ ၀ိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။

ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊

ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။

ဤကဲ့သို့ ဟောထားတော့ ဒကာ, ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့် ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူးတဲ့။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။

ထွက်တာသိ ၀င်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ် - (မှန်လှပါဘုရား)၊ ထွက်တာသိ ၀င်တာသိ ဖြုတ်ပြီးအောင့်တဲ့ နေရာကလေးကို ဥာဏ်က လှည့်လိုက်၊ သြော် - ဒါဖောက်ပြန် တာပါလား၊ အင်း - ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး။ ခုမှ ဒီနေရာလေးက အောင့်လာတယ်။

အဲဒီ ဖောက်ပြန်တဲ့ နေရာကလေး ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာကလေးက ပျက်စီးသွားတယ်။

ထွက်တာသိ ၀င်တာသိ လုပ်နေတုန်း တစ်နေရာက ဘာဖြစ်လာသတုံး - (အောင့်လာပါတယ် ဘုရား)၊ အောင့်တဲ့အခါကျတော့ ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ - (မှန်လှပါဘုရား) အောင့်တဲ့နေရာ ကလေး ဥာဏ်လှည့်လိုက်ပါ - (မှန်လှပါဘုရား) အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ၊ ခြေသလုံးက အောင့်ရင် ခြေသလုံး၊ ပေါက်ကအောင့်ရင် ပေါင်၊ ခါးကအောင့်ရင် ခါး၊ နောက်ကျောအောင့်လို့ရှိရင်လဲ အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ။

အဲဒါ ကလေးက ဘာပါလိမ့်မလဲဆိုတော့ ပင်ကိုသဘောမှ ဖောက်ပြန်လာတာ။ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေးကို ဒကာသစ်, ဒကာကြွယ်, ဦးလှဘူးတို့က ဥာဏ်လှည့်လိုက်ပြီဆိုမှဖြင့် ဥာဏ်ပေါ်နေတဲ့ အတွက် သတ္တ၀ါသန္တာန်မှာ အောင့်တဲ့စိတ်ကလေးက ချုပ်သွားပြီး ဥာဏ်စိတ်ကလေးက ပေါ်နေတယ်။

ဥာဏ်စိတ်ကလေး ပေါ်နေတော့ အောင့်တာလေးက ဖောက်ပြန်ပြီးသကာလ ပျက်စီးသွားတာ တွေ့ပါလိမ့် မယ်၊ ဖောက်ပြန်ပြီး ပျက်စီးသွားတာ တွေ့ရပါလိမ့်မယ်။

ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသွားတာတွေ တွေ့တဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန်ပျက်စီးတာ တွေ့တာလို့ မှတ်လိုက်ပါနော် - (မှန်လှပါဘုရား)။

အဲဒီတော့ ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ၊ အနိစ္စဆိုလဲ ဟုတ်တာပဲ၊ ဒုက္ခသစ္စာဆိုလဲ ဟုတ်တာပဲ။ သြော် - ဒါက ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါ ဒီနေရာကလေးက အောင့်တာကလေးက ပျောက်သွားလို့ ဟိုနေရာက အောင့်လာပေါ်လာတယ်။ ဟိုစိတ် ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်။ အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲ ရှိ,မရှိ ကြည့်ပေးပါ။ ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ကြည့်တဲ့ဥာဏ် ပေါ်လာလို့ ရှိရင်ဖြင့် သတ္တ၀ါသန္တာန် နှစ်စိတ်မပေါ် ကောင်းတဲ့အတွက် စားချင်တဲ့ စိတ်ကလေးက ဒကာကြွယ်, ဒကာသစ်တို့ ဖြစ်ပြီး ပျက်သွားတယ် - (မှန်လှပါဘုရား)၊ သူလဲ ခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာ ဘာသစ္စာ ခေါ်ကြမလဲ - (ဒုက္ခသစ္စာပါဘုရား)။

အင်း … ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက သိလိုက်တော့ အသိခံရတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာလို့ အောက်မေ့ကြပါ (မှန်လှပါဘုရား)၊ ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ လှည့်လိုက်ပြီး သကာလနေတော့ အသိခံတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာဆိုတော့ သြော် - ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် … သိနေတဲ့ မဂ္ဂသစ္စာရယ် … ။

ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလနေတော့ သမုဒယသစ္စာဆိုတဲ့ လောဘက ချုပ်ငြိမ်းရုပ်သိမ်းပြီး သကာလ နေတော့တယ်။ ဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘ တဏှာချုပ်တော့ တဏှာချုပ်တော့ ဥပါဒါန် မချုပ်ဘူးလား - (ချုပ်ပါတယ်ဘုရား)။

ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘ၀ လာလတ္တံဖြစ်တဲ့ ပဋိသန္ဓေနေမှု အိုမှု သေမှုရော … (ချုပ်ပါတယ်ဘုရား)။

သြော်…ဒါ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲလို့ ဒကာကြွယ်, ဒကာသစ်တို့, ဦးလှဘူးတို့က မေးလို့ရှိရင်ဖြင့် ဖောက်ပြန်ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာဆိုတာ သေချာပြီလား … (သေချာပါတယ်ဘုရား)။

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ၀ိပဿနာရှုဆိုတာ ခန္ဓာကိုယ်စောင့်ကြည့်တဲ့ အလုပ်လို့ မှတ်လိုက်စမ်းပါ - (မှန်လှပါဘုရား)၊ ၀ိပဿနာအလုပ်ဆိုတာ ဘာပါလိမ့် - (ခန္ဓာကိုယ် စောင့်ကြည့်တဲ့ အလုပ်ပါဘုရား)။

ဒါကြောင့် “ကာယမိမံ သမ္မသထ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ၊ စောင့်ကြည့်ပြီး သုံးသပ်စမ်းပါကွာ၊ ရှင်သာရိပုတ္တရာက မှာရှာတယ်၊ ခန္ဓာကိုယ်ကြီး စောင့်ကြည့်ပြီး သုံးသပ်စမ်းပါ၊ ဆင်ခြင်စမ်းပါဆိုတော့ ဖြစ်ပျက်မဂ် မလာပေဘူးလား - (လာပါတယ်ဘုရား)။

ပျက်စီးသွားတာဖြစ်ပျက်၊ စောင့်ကြည့်တာ - (မဂ်ပါဘုရား) သြော် - မဂ်ဆိုတာက ဒကာ, ဒကာမတို့ စောင့်ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ - (မှန်လှပါဘုရား)။

စောင့်မကြည့်ရင် … (မရပါဘုရား)၊ မရဘူး၊ ရှာရင်တော့မရဘူး၊ စောင့်ကြည့်ရင်တော့ - (ရပါတယ် ဘုရား)၊ တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူးတဲ့။ အဖမ်းတော့ မြန်သလို မိလိန္ဒပဥှာက စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ် … (မှန်လှပါဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အိမ်ရောက်လို့ရှိရင် ဘုန်းကြီးပြောတဲ့အတိုင်းသာ လုပ်ကြစမ်းပါ။ ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့ စောင့်ရမလဲဆိုတော့ ရှုမှုလေး မှန်မှန်ရှု, ရှိုက်မှုလေး မှန်မှန် ရှိုက်၊ ရှိုက်ရာကမှ အထူးတရားလေး ပေါ်လာလို့ရှိရင် သြော် … ဒါ ၀ိပရိနာမလက္ခဏာ ဒုက္ဒသစ္စာပါလားလို့ စောင့်ကြည့်လိုက် …(မှန်လှပါဘုရား)။

ဒါဖြင့် ၀ိပရိနာမလက္ခဏာ ဒုက္ခသစ္စံက ဒုက္ခသစ္စာ၊ စောင့်ကြည့်တာကလေးက (မဂ္ဂသစ္စာပါဘုရား)၊ သေတာက သမုဒယသစ္စာ၊ နောက် ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓဆိုတော့ သြော် … တို့ သစ္စာ အလုပ် လုပ်နေပါကလား ဆိုတာ ပေါ်မလာဘူးလား … (ပေါ်လာပါတယ်ဘုရား)။

သြော် … ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ အားလုံး တရားနာတဲ့ ဒကာ,ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် … (မှန်လှပါဘုရား)။

ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့် (စောင့်ကြည့်တဲ့အလုပ်ပါဘုရား)၊ စောင့်ကြည့်တဲ့အလုပ်ဆို တော့ တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူးဘုရား ဆိုရင် စောင့်မကြည့်လို့သာ မှတ်ပေတော့ … (မှန်လှပါဘုရား)။

စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊ ဒီနေရာကပြ လိုက်နဲ့ ပြတဲ့နေရာကိုပဲ စောင့်ကြည့်နေတဲ့အခါကျလို့ရှိရင် ပြတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သေတာက … (သမုဒယသစ္စာပါဘုရား)။

နောက် ခန္ဓာမလာတာက … (နိရောဓသစ္စာပါဘုရား)၊ နိရောဓသစ္စာဆိုတာ သြော် … တို့တစ်တွေ သစ္စာလေးပါးအလုပ် လုပ်နေပါကသလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒကာကြွယ်ရေ … ဒကာကြွယ်တို့ လုပ်တော့လဲ စောင့်ကြည့်ရတယ်မဟုတ်လား … (မှန်လှပါဘုရား)၊ လိုက်ဖမ်းရင် မိပါ့မလား (မမိပါဘုရား)။

အေး … ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ စောင့်ကြည့်လို့ရှိရင် ခန္ဓာကိုယ်ကြီးက ပင်ကိုက အနာ ခန္ဓာကိုယ်ကြီးကိုး … (မှန်လှပါဘုရား)။

အနာတွေပဲ မပြရပေဘူးလား … (ပြပါတယ်ဘုရား)၊ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့ ဒီအနာခန္ဓာတွေကလဲ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်, ပျက်လိုက်နဲ့ ပြနေတော့ သြော် … ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာပါလားဆိုတာ အခုအချိန်မှာ ဥာဏ်ထဲမှာ ပေါ်လာတယ် … (မှန်လှပါဘုရား)။

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာကြားမခြားလို့ရှိရင် ခုနစ်ရက်နဲ့ မဂ်ဥာဏ်, ဖိုလ်ဥာဏ် ရပါတယ် … (မှန်လှပါဘုရား)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ ကိလေသာ မခိုရင် … (ခုနစ်ရက်နဲ့ ရနိုင်ပါတယ်ဘုရား)၊ ဒကာကြွယ် မမြန်လား (မြန်ပါတယ်ဘုရား)။

ဘုန်းကြီးက ဟောတာလား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာလားလို့ဆိုတော့ သတိပဋ္ဌာန် ပါဠိတော်မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ, ဒကာမတွေ စောင့်ကြည့်တဲ့အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည်ရပါတယ်ဆိုတာ သဘောကျပလား … (ကျပါတယ်ဘုရား)။

သြော် … ဒါဆို ၀ိပဿနာဆိုတာ အားစိုက်ရှုရတာလား၊ ဒကာ, ဒကာမတို့ စောင့်စားပြီး ရှုရတာလား … (စောင့်စားပြီးရှုရပါတယ်ဘုရား)၊ သေသေချာချာ ပြောနေပါတယ် ဒကာ, ဒကာမတို့ … (မှန်လှပါဘုရား)၊ လေးလေးစားစားနဲ့ မှတ်စမ်းပါ (မှန်လှပါဘုရား)။

လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့်စရာ မရှိလို့ရှိရင်ဖြင့် သြော် … လေကလေးထုတ်တဲ့ စိတ်ကလေးလဲ ထုတ်ပြီး ပျက်တာပဲ … (မှန်လှပါဘုရား)။

လေကလေး ပြန်သွင်းတဲ့စိတ်ရော … (သွင်းပြီး ပျက်ပါတယ်ဘုရား)၊ အဲဒါကလေး ဘယ်ကမှ မရှိတော့ဘူးဆိုရင် သူပြန်ထိုင်လိုက် … (မှန်လှပါဘုရား)၊ သဘောကျပလား … (ကျပါတယ်ဘုရား)။

ဟာ … သူ့ပြန်ရင်းမတ္တနဲ့ပဲ ဟိုနေရာက ယားသလို, ဒီနေရာကအောင့်သလို၊ ဒီနေရာက ကောင်းသလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက် … (မှန်လှပါဘုရား)၊ ခုနင်က ယားတဲ့နေရာ ကောင်းတဲ့ နေရာတွေ လှည့်လည်ပြီး သြော် … ဒါတွေ ဒုက္ခသစ္စာပါလား၊ ဒါတွေ ဒုက္ခသစ္စာပါလားလို့ ရှုပါ … (မှန်လှပါဘုရား)။

ကောင်းတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ ဒုက္ခရောက်တာပဲ … (မှန်လှပါဘုရား)၊ ဆိုတဲ့စိတ် ကလေးလဲ ဖြစ်ပြီး ပျက်တော့ … (ဒုက္ခရောက်ပါတယ် ဘုရား)၊ အလယ်အလတ် စိတ်ကလေးလဲ ဖြစ်ပြီး ပျက်တော့ … (ဒုက္ခရောက်တာပါပဲဘုရား)။

အဲဒီ ဒုက္ခသစ္စာတွေချည်းပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာလို့ ဒကာ, ဒကာမတွေ ကြိုးစားနေကြမယ် ဆိုလို့ရှိရင် ကြာတော့ ဒုက္ခသစ္စာ တွေ့တာက ဘုရားက …

“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” လို့ ဟောသောကြောင့် ခန္ဓာငါးပါးစလုံး ပြတဲ့ ဥစ္စာတွေ အနိစ္စလဲမပြ၊ ဒုက္ခလဲမပြ၊ အနတ္တလဲမပြ၊ အသုဘလဲမပြဘဲနဲ့ ဒကာကြွယ်, ဒကာသစ်တို့ ဒုက္ခသစ္စာပဲပြတယ် … (မှန်လှပါဘုရား)။

အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် သြော် … လူ့ဘ၀ရတာ ဒုက္ခသစ္စာရတာကိုးလို့ ပေါ်ပေါ်လွင်လွင်ကြီး သိမလာပေဘူးလား … (သိလာပါတယ်ဘုရား)၊ လူ့ဘ၀ရတာ ဘာရတာပါလိမ့် … (ဒုက္ခသစ္စာကြီး ရတာပါ ဘုရား)၊ ဒုက္ခသစ္စာကြီး ရတယ်ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား)။

အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကို ပိုင်ပိုင်နိုင်နိုင် သိနေတော့ တစ်ကိုယ်လုံးမှာ ဟိုကယား, ဒီကနာ၊ ဒီကအောင့်, ဟိုကကိုက်၊ ဒီကခဲ, ဟိုက တစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာတာ ဟူသရွေ့ ပျောက်တာပဲတွေ့ရ၊ စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား … (တွေ့ရပါတယ်ဘုရား)။

ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင် ဘယ့်နှင်ဖြေကြမလဲ … (စောင့်ကြည့်ရပါတယ်ဘုရား)၊ စောင့်ကြည့်တာပဲတဲ့၊ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဥာဏ်က မဂ္ဂသစ္စာ၊ အကြည့်ခံရတာက … (ဒုက္ခသစ္စာပါဘုရား)၊ ကြည့်ဥာဏ်က … (မဂ္ဂသစ္စာပါဘုရား)၊ မဂ္ဂသစ္စာဆို တော့ သြော် … မဂ်ဟာ ဆုတောင်းအလုပ်လား၊ စောင့်ကြည့်တဲ့ဥာဏ်အလုပ်လား … (စောင့်ကြည့်တဲ့ ဥာဏ်အလုပ်ပါဘုရား)။

စောင့်ကြည့်တဲ့ ဥာဏ်အလုပ်လို့ ဒကာ,ဒကာမတွေက အသိကြီး သိလာပြီဆိုမှဖြင့် သြော် … ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပလားဆိုတာ ပေါ်ပါလိမ့်မယ် … (ပေါ်လာပါတယ် ဘုရား)၊ သုခကြားမညှပ် … (ဒုက္ခသစ္စာ တရစပ်ပါဘုရား)၊ ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ မပေါ်လာဘူး လား … (ပေါ်လာပါတယ်ဘုရား)။

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့မှ သြော် … ဒုက္ခသစ္စာကြီးပါလား၊ သုခဆိုတာ ဘာမှ မပေါ်လာပါ လားဆိုတော့ ဒုက္ခတွေမြင်ပြီး ငြီးငွေ့လာပါလိမ့်မယ် … (မှန်လှပါဘုရား)၊ ဒါဖြင့် ဖြစ်ပျက်မြင်တာသည် ယထာဘူတဥာဏ် … (မှန်လှပါဘုရား)၊ ဖြစ်ပျက်ဒုက္ခသစ္စာကြီး မုန်းလာတာသည် …(နိဗ္ဗိန္ဒာဥာဏ်ပါဘုရား)။

ကြာတော့ ဥာဏ်ကထက်ထက်၊ ထက်ထက်, ထက်ထက်ပြီး ကြည့်ပါများလာတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ၌တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ မနေချင်တဲ့ဥာဏ် မလာပေဘူလား … (လာပါတယ်ဘုရား)။

မနေချင်တဲ့ဥာဏ် လာတဲ့အခါကျတော့ ခုနင်က ဒုက္ခတွေ အကုန်ပျောက်သွားပါလိမ့်မယ် … (မှန်လှပါဘုရား)၊ မနေချင်တဲ့ ဥာဏ်လာတော့ ဘာတွေပျောက်သလဲ - (ဒုက္ခတွေ ပျောက်ပါတယ်ဘုရား)၊ ဒါဖြင့် ဒုက္ခပျောက်၍ ဒုက္ခဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးသိတာက … (မဂ္ဂသစ္စာပါဘုရား)။

မဂ္ဂသစ္စာဆိုတော့ မဂ်စစ် ပေါ်လာလိမ့်မယ်၊ (မှန်လှပါဘုရား)၊ ဒုက္ခပျောက်ရင် မဂ်စစ်ပေါ်လိမ့်မယ်၊ ဒုက္ခတွေ့ရင် ၀ိပဿနာမဂ်ပေါ်လိမ့်မယ် … (မှန်လှပါဘုရား)၊ ဒုက္ခတွေ့ရင် … (၀ိပဿနာမဂ် ပေါ်လိမ့်မယ် ဘုရား)။

ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာကို မရှိဘူးဘုရား ဆိုရင်ဖြင့် ဘာပေါ်လာမလဲ … (မဂ်စစ်ပေါ်လာလိမ့် မယ်ဘုရား)၊ မဂ်စစ်ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ … (မှန်လှပါဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ … (မှန်လှပါဘုရား)၊ မရှိမှန်းသိတာက … (မဂ္ဂသစ္စာပါဘုရား)။

အဲဒီကျအောင် စောင့်ကြည့်ရင်းမတ္တနဲ့ ဆုံးသွားအောင် လိုက်လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿအန္တံ ကရိဿထ” ဒုက္ခဿ၊ ဒုက္ခ၏။ အန္တတံ၊ အဆုံးကို။ ကရိဿထ၊ မဂ်ဥာဏ်က မျက်မှောက်ပြုလိမ့် လတ္တံလို့ ရှင်သာရိပုတ္တရာကလဲဟော၊ ဘုရားကလဲဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့အလုပ် လုပ်စမ်းပါ … (မှန်လှပါဘုရား)။

ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေးလိုက်တယ် … (မှန်လှပါဘုရား)၊ ဖြစ်ပျက်တွေ လာသရွေ့ကို (စောင့်သာကြည့်ရပါတယ်ဘုရား)၊ စောင့်ကြည့်ပါ၊ ဒီ့ပြင် ဘာမှမလုပ်ပါနဲ့၊ စောင့်ကြည့်တော့ ကြာတော့ ဖြစ်ပျက်တွေ ဒကာကြွယ်တို့, ဦးလှဘူးတို့ စိပ်လာလိမ့်မယ် … (မှန်လှပါဘုရား)။

စိပ်လာပြီဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော် … အသေတယ်များပါကလား၊ သြော် … ဒုက္ခတွေ တယ်များပါလား၊ သြော် … ဒုက္ခတွေ တယ်များပါလားလို့ သူက ဘယ်လောက်ပဲများများကိုယ်က ဒုက္ခများတယ်လို့သာ မြင်အောင်ကြည့်နေ … (မှန်လှပါဘုရား)၊ ကြာတော့ သြော် … ဖြစ်လာတာကလဲ ဒုက္ခ၊ ပျက်သွားတာကလဲ ဒုက္ခ၊ အဲ … ဒီကဲ့သို့ ဒုက္ခကို အဖြစ်လဲ မသာယာ၊ အပျက်လဲ မသာယာ၊ အဖြစ်ရော… (မသာယာပါဘုရား)၊ အပျက်ရော … (မသာယာပါဘုရား)။

မသာယာပါဘူးတဲ့။ ထိုကဲ့သို့ မသာယာတဲ့အခါကျတော့ ဖြစ်ပျက်ကို သာယာတဲ့ တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲချုပ်တာပဲ … (မှန်လှပါဘုရား)၊ သာယာတဲ့ ဒိဋ္ဌိလဲ ချုပ်ပါရော … (ဖြစ်ပျက်လဲချုပ်တာ ပါဘုရား)၊ ဖြစ်ပျက်လဲ ချုပ်သွားတာပဲဆိုတော့ ဖြစ်ပျက်ချုပ်တာ နိဗ္ဗာန်၊ ချုပ်မှန်းသိတာ မဂ်ဥာဏ်၊ ဖြစ်ပျက် ချုပ်တာက … (နိဗ္ဗာန်ပါဘုရား)၊ ချုပ်မှန်းသိပြီဆိုတာက … (မဂ်ဥာဏ်ပါဘုရား)။

သြော် … ဒါဖြင့် ဒကာကြွယ်တို့, ဒကာဦးလှဘူးတို့, ဒကာသစ်တို့ နိဗ္ဗာန်ဝေးသလား … နီးသလား … (နီးပါတယ်ဘုရား)၊ နီးလျက်နဲ့ မရောက်တာ ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့ အလုပ်လဲ မလုပ်ဘူး … (မှန်လှပါဘုရား)၊ စောင့်ကြည့်တဲ့အလုပ်ကို … (မလုပ်ပါဘုရား)။

ဒါကြောင့် ခင်ဗျားတို့သည် သံသရာထဲမှာ ငရဲအိုးတွေကလဲ ငရဲမီးတွေတောက်ပြီး တပွတ်ပွတ် ဆူနေတာဟာ ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာလောဘက မချုပ်တာတဲ့။ ဒကာ,ဒကာမတို့ တဏှာ ကနေပြီး ငရဲအိုးကို ဖန်တီးနေတယ် … (မှန်လှပါဘုရား)။

ဒိဋ္ဌိကနေပြီး ငရဲအိုး ဖန်တီးနေတာ … (မှန်လှပါဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ကတော့ တရားနာ လျက် ဒုက္ခက မချုပ်တော့ကို နောက်တဏှာက ကျန်မနေဘူးလား … (ကျန်နေပါတယ်ဘုရား)။

နောက် တဏှာကျန်တော့ တဏှာက ဘယ်ခန္ဓာလုပ်ရပါမလဲဆိုပြီး အချိုးကျ သူက စီမံနေတယ် … (မှန်လှပါဘုရား)၊ အချိုးကျ စီမံပြီးသကာလ နေတော့ တဏှာက ငရဲသွားတဲ့ တဏှာလဲရှိတယ်၊ သုဂတိသွား တဲ့ တဏှာလဲရှိတယ် … (မှန်လှပါဘုရား)။

အဲဒီကဲ့သို့ တဏှာက အမျိုးမျိုး အဖုံအဖုံ စုတိစီမံလိုက် ငရဲအိုးတွေ စီမံလိုက်ဆိုတာ တဏှာမချုပ်လို့ ဖြစ်ရတာ … (မှန်လှပါဘုရား)၊ ဒိဋ္ဌိမချုပ်လို့ … (ဖြစ်ရတာပါဘုရား)။

ဝိစိကိစ္ဆာမချုပ်လို့ … (ဖြစ်ရတာပါဘုရား)၊ အခုတော့ဖြင့် ဒကာ, ဒကာမတွေ စောင့်ကြည့်ဖြစ်ပျက် မြင်ရင် ယထာဘူတဥာဏ်၊ ဖြစ်ပျက်မုန်းရင် … (နိဗ္ဗိန္ဒဥာဏ်ပါဘုရား)။

ဖြစ်ပျက်တွေများ ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ, ပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိဘူးလို့၊ လိုချင်စရာ ရချင်စရာ ဘာမှ မရှိဘူးလို့ ဒီခန္ဓာကို ဆုံးဖြတ်ချက်ချလို့ရှိရင်လဲ အဲဒါ … ဒုက္ခသစ္စာ ပိုင်းခြားသိတာပဲ … (မှန်လှပါဘုရား)။

ထိုကဲ့သို့ ပိုင်းခြားသိလိုက်တဲ့ အခါကျလို့လိုရင် ဒုက္ခတွေ ဒကာကြွယ် ဘာဖြစ်သွားသလဲ … (ချုပ်သွားပါတယ်ဘုရား)၊ ဒုက္ခတွေ ဆုံးသွားတယ် … (မှန်လှပါဘုရား)။

ဒုက္ခဆုံးတာ ဘာခေါ်ကြမယ် … (နိဗ္ဗာန်ပါဘုရား)၊ ဆုံးပေါ့လို့ သိတာက … (မဂ်ဥာဏ်ပါဘုရား)။

သြော် … ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ နိဗ္ဗာန်သည် ခန္ဓာအဆုံး ရှိတယ်ဆိုတာ ယနေ့ တစ်ထစ်ချ မှတ်ဖို့ … (မှန်လှပါဘုရား)။

နိဗ္ဗာန်သည် အထက်မှာရှိသလား၊ အောက်မှာရှိသလား၊ ဘေးမှာရှိသလားလို့မေးရင် ဘယ့်နှယ်ဖြေ ကြမလဲ … (ခန္ဓာအဆုံးမှာ ရှိပါတယ်ဘုရား)။

အဲ … ခန္ဓာဆိုတာ ဖြစ်ပျက်ပဲ … (မှန်လှပါဘုရား)၊ အဲဒီ ဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ရှိတယ်ဆိုတာ ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကြိုးစားလို့ရှိရင်ဖြင့်တဲ့ အပါယ်လေးပါး တံခါးတွေတင် မဟုတ်ပါဘူး၊ ငရဲမီးငြိမ်း၍ ငရဲအိုး သိမ်းပါတယ်ဆိုတာကို ကိုယ့်ဥာဏ်က မဂ်ဥာဏ်ကနေ သိမ်းလိုက်တယ် လို့ ဆုံးဖြတ်ချက်ချလိုက် … (မှန်လှပါဘုရား)။

ဘယ်သူက သိမ်းတာပါလိမ့် … (မဂ်ဥာဏ်က သိမ်းတာပါဘုရား)၊ ဒကာကြွယ် ရှင်းပြီလား … (ရှင်းပါပြီဘုရား)၊ သဘောပါပလား … (ပါ, ပါတယ်ဘုရား)၊ ဒါက အလုပ်စဉ်ကလေး ရှေ့ပိုင်းကပြတာပါ။

ဒကာ ဒကာမတို့ ရှင်းပေပါတော့မယ်ဆိုတော့ နှလုံးသွင်းမှန်မှုကလေး ရှင်းမယ်နော် (မှန်လှပါ ဘုရား)။

ကိုင်း … ဒကာ ဒကာမတို့ နှလုံးသွင်းမှန်မှု ဆိုတာတော့ဖြင့် ဒကာ ဒကာမတို့ အလုပ်ထိုင်မှပဲ နှလုံး သွင်းမှန်လာတယ် (မှန်ပါ့)၊ အလုပ်မထိုင်ဘဲနဲ့ သားရေး, သမီးရေး စီးပွားရေးကြားထဲမှာတော့ နှလုံးသွင်းမှန် မှု မလာဘူး (မှန်ပါ့)။

ကဲ … ဒါဖြင့် ဒကာဒကာမတွေက ပထမရှေးဦးစွာ အိမ်မှာလုပ်လုပ်၊ ကျောင်းမှာပဲ လာလုပ်ကြ လုပ်ကြပေါ့ဗျာ၊ ခင်ဗျားတို့ အကုန်လုပ်နေကြတာပဲ၊ သိပြီးသားတွေပဲ။

ရှေးဦးစွာ သမာဓိတည်အောင်လုပ်

ရှေးဦးစွာ လေကလေးထွက်တာသိ ၀င်တာသိပြီး သမာဓိတည်အောင် နည်းနည်းကလေး ၁၅-မိနစ်၊ မိနစ်-၂၀ လောက်လုပ်ကြည့်လိုက်နော် (မှန်ပါ့)၊ မလုပ်သေးတဲ့ ပုဂ္ဂိုလ်အတွက် ပြောတာပါ(မှန်ပါ့)၊ လုပ်ပြီး သား ဖြစ်ပျက်စတေ့တဲ့ ပုဂ္ဂိုလ်မျိုး ဒါကစ, နေဖို့မပါဘူး (မှန်ပါ့)။

မလုပ်သေးတဲ့ ပုဂ္ဂိုလ်ကျတော့ ထိုင်ပြီးသကာလ၊ လေကလေး ထွက်လာလဲ ဒီနားမှာ တိုက်သွားတာကလေး ထွက်ပြန်ပြီလို့ သိလိုက်ရင် ပြီးတာပဲ၊ ၀င်လာပြန်လဲ ၀င်ပြီလို့သိလိုက်ရင် (ပြီးပါတယ် ဘုရား)။

ထွက်တိုင်းသိ ၀င်တိုင်းသိ

ဒီလိုချည်းထွက်တိုင်းသိ၊ ထွက်တိုင်းသိ ၀င်တိုင်းသိဆိုတော့ စိတ်ဟာ သမာဓိဟာ ဘယ်မှမပြေး တော့ဘူး၊ တစ်သိတည်း သိနေတာပဲ (မှန်ပါ့ဘုရား)။

ဒါဖြင့် ဒီစိတ်ကို ကိုယ်နိုင်ပြီလို့ ဆိုရင်ဖြင့် သူခါတိုင်း တောင်ပြေး မြောက်ပြေး ပြေးတယ်၊ အခု ပြေးသေးရဲ့လား၊ (မပြေးပါဘုရား)။

ထွက်သက် ၀င်သက် ချည်တိုင်မှာ သတိတည်းဟူသော ကြိုးနဲ့ချည်ထားပြီးပြီ၊ ဒီစိတ်ကို၊ ၀မ်းထဲက စိတ်ကို ချည်ထားပြီးပြီ (မှန်ပါ့)။

အဲဒါ သူနဲ့ သူ့သမာဓိနဲ့ တွဲမနေဘူးလား (တွဲနေပါတယ်ဘုရား)၊ အဲ တွဲနေတဲ့အခါကျတော့ အဲဒီလို တည်ပြီး နေတဲ့ အခါကျတော့မှ တော်တော်ကလေး တည်ဖော်ရပြီဆိုလို့ရှိရင်၊ သူ့ကို အသာကလေးထားပြီး ရှုမြဲတိုင်း ရှု၊ ရှိုက်မြဲတိုင်း ရှိုက်သိနေတာပေါ့ (မှန်ပါ့ဘုရား)။

ထူးထူးခြားခြားဘာပေါ်သတုံး

သိရာကနေပြီးတော့ ခန္ဓာကိုယ်ထဲမှာ ပူလာသလား၊ အေးလာသလား၊ လှုပ်လာသလား၊ ရွလာသလား၊ ထူးထူးခြားခြား ဘာပေါ်သတုံးဆိုတာကို ခင်ဗျားတို့ သမာဓိ တည်လာတော့ ခန္ဓာကိုယ်က ပြောလိမ့်မယ်၊ သဘောကျပလား (ကျပါပြီဘုရား)။

ဘယ်သူက ပြောမယ်ထင်သတုံး (ခန္ဓာကိုယ်က ပြောမှပြါဘုရား)။

ခန္ဓာကိုယ်က ပြောလိမ့်မယ်

ခန္ဓာကိုယ်က ပြောလိမ့်မယ်၊ ယားတယ်၊ နာတယ်၊ ကိုက်တယ်၊ ကျဉ်တယ်၊ ညောင်းတယ် ဒီလိုလည်း ပြောချင်ပြောလိမ့်မယ်၊ ပူတယ်၊ အေးတယ်၊ လှုပ်တယ်၊ ငြိမ်တယ် ဒါလဲပြောချင်ပြောလိမ့်မယ်၊ သမာဓိရှိတော့ ဘယ်ဟာကပြောပြော မသိပေဘူးလား (သိပါတယ်ဘုရား)၊ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်ဟာကပြောပြော (မသိပါဘုရား)။

လောကီဥပမာနဲ့ ဘုန်းကြီး နည်းနည်းယှဉ်ပြရင် ခင်ဗျားတို့ ရှင်းပါတယ်၊ ညလူခြေတိတ်နေတဲ့ အချိန်ကတော့ ဟောဒီတိုက် တော်တော်မြင့်ပါတယ်၊ ၁၈-ပေလောက်မြင့်ပါတယ်၊ အဲဒီပေါ်ကနေပြီး သကာလ အိမ်မြှောင်ငယ် ကလေးကျလာတာတောင် အောက်မှာ ဘယ်သူမှမရှိတဲ့ အချိန်မှာ ကြားနိုင်တယ်၊ မကြားနိုင်ဘူးလား (ကြားနိုင်ပါတယ်ဘုရား)။

ခုလို လူများတဲ့အချိန်ကျတော့ အိမ်မြှောင်ကျတာ သိပါ့မလား … (မသိပါဘုရား)၊ ဘာဖြစ်လို့တုံး ဟိုက စက်သံကလဲ ရှုပ်နေတယ်၊ နောက်ပြီး ဒီက လူသံတွေကလဲ ရှုပ်နေတယ်၊ (မှန်ပါ့)၊ မငြိမ်မဆိမ်ရင် တော့ တော်ကြာကျတော့ ပြင်းထန်တဲ့ အသံတောင်ကြားရရဲ့လား (မကြားရပါဘူး ဘုရား)။

အဲ … ထိုနည်းအတူပဲ စိတ်ငြိမ်ငြိမ်ခိုင်တဲ့ ဒီနေရာမှာ သမာဓိလေး တည်တည် ဒီနေရာက ဘယ်မှ မပြေးဘူးဆိုတဲ့ အချိန်ကျတော့ ခန္ဓာကိုယ်ထဲက ဘယ်မှ မပြေးဘူးဆိုတဲ့ အချိန်ကျတော့ ခန္ဓာကိုယ်ထဲက ဟိုက လှုပ်တာလဲ သိတာပဲ၊ ဒီက ပူတာလဲ သိတာပဲ၊ အေးတာလဲ သိတာပဲ ဟုတ်လား … ယားတာလဲ သိတာပဲ၊ နာတာလဲ သိတာပဲ၊ ကောင်းတာလဲ သိတာပဲ … ရှင်းပလား (ရှင်းပါပြီဘုရား)။

အဲဒီလို သိလာလို့ရှိရင်ဖြင့် သမာဓိအားကြီးတဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာကိုယ်က ပြောတာဟူ၍ အကုန် မသိဘူးလား (သိပါတယ်ဘုရား)။

အဲဒီလို သိလာတာသည် ခန္ဓာ၏ ပင်ကိုယ်သဘောလား၊ အခုမှ သမာဓိရလို့ သူပြောတာတွေ အကုန်သိတာလားလို့ မေးလို့ရှိရင် ဘယ်နှယ့်ဖြေကြမယ် (ခန္ဓာ၏ သဘောပါဘုရား)။

ခန္ဓာ၏ သဘောတွေ … (မှန်ပါ့)၊ ဘယ်သူက ပြောသတုံး (ခန္ဓာက ပြောပါတယ်ဘုရား)၊ ခန္ဓာ၏သဘော ခန္ဓာကပြောတယ် (မှန်ပါ့)၊ ခန္ဓာကြီးက သူ့သဘောက ဒီလိုပဲဆိုတာ ဘယ်သူပြောသတုံး (ခန္ဓာကပြောတာပါဘုရား)။

အလုပ်သင်နေတယ်လို့ အောက်မေ့စမ်းပါ

သြော် … ခန္ဓာက ပြောတယ်ဆိုတော့ ဒါဒီနေ့ည အလုပ်သင်နေတယ်လို့ အောက်မေ့စမ်းပါနော် (မှန်ပါ့ဘုရား)။

ခန္ဓာက ပြောတယ်ဆိုတော့၊ သြော် … ခန္ဓာသည်ကားလို့ဆိုလို့ရှိရင် သူ့သဘောဖြင့်၊ ဟိုနေရာ တစ်မျိုး, ဒီနေရာ တစ်ဖုံပါကလားဆိုတာ မပေါ်လာဘူးလား … (ပေါ်လာပါတယ်ဘုရား)။

အင်း … အရင်သမာဓိ မရခင်တုန်းကတော့၊ စိတ်မတည်ခင်တုန်းကတော့ ဖောက်ပြန်နေငြားသော် လည်း ဘယ်လိုမှ မသိဘူး၊ (မှန်ပါ့)၊ သိရဲ့လား (မသိပါဘုရား)။

အခုတော့ သမာဓိကလေး ၁၅-မိနစ်၊ မိနစ် ၂၀ ဖမ်းပြီးတော့မှ ဖမ်းနေရင်းမတ္တနဲ့ ခန္ဓာကဖောက်ပြန် နေတာတွေ ကြည့်လိုက်တော့ မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဖောက်ပြန်တာသည် ခန္ဓာထဲက ထူးခြားတာတွေ၊ နာတာတွေ၊ ကိုက်တာတွေ၊ ကောင်းတာတွေ စိတ်အမျိုးမျိုးပေါ်တာတွေ သိလာပါလိမ့်မတုံး မေးလို့ရှိရင် မောင်နိုင် ဘယ့်နှယ်ဖြေပါ့မလဲ (သမာဓိ ရလို့ပါဘုရား)။

ဒါကြောင့် ဘုရားက “သမာဟိတော ယထာဘူတံ ပဇာနာတိ” သမာဓိသုတ်တွေ နည်းတာတွေ မဟုတ်ဘူး၊ သံယုတ်တို့, အင်္ဂုတ္တိုရ်တို့မှာနော် (မှန်ပါ့)။

သမာဟိတော-သမာဓိရှိသော ပုဂ္ဂိုလ်အား၊ ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ - ခန္ဓာ အပေါ်၌ သိ၏။ ရှင်းပလား (ရှင်းပါပြီဘုရား)။

သမာဓိတရားရှိတဲ့ ပုဂ္ဂိုလ် ခန္ဓာအပေါ်၌ ဘာတွေသိသလဲ (ဟုတ်တိုင်းမှန်စွာ သိပါတယ်ဘုရား)။

ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာ

ဟုတ်တိုင်းမှန်စွာသိတယ်ဆိုတော့၊ ဘယ်လိုဟုတ်ပြီး ဘယ်လိုမှန်တာ သိပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျတော့၊ ခန္ဓာက ယားတယ်လို့ပြောလို့ရှိရင် ကျုပ်ဟာ ဝေဒနာက္ခန္ဓာပဲလို့ ပြောတာ (မှန်ပါ့)၊ နာတယ်လို့ ပြောလဲ ဝေဒနာက္ခန္ဓာလို့ပြောတာပါ)။

ဝေဒနာက္ခန္ဓာလို့ ပြောတာပဲ၊ အလတ်စားကလေးရှိတယ်လို့ ပြောပြန်တော့ကော … (ဝေဒနာက္ခန္ဓာလို့ ပြောပါတယ်ဘုရား)။

ဒါဖြင့် ဘယ်သူက ပြောသတုံး … (ခန္ဓာက ပြောပါတယ်ဘုရား)။

သြော် … ခန္ဓာကပြောတာကိုး၊ ခန္ဓာထဲက ဝေဒနာအမျိုးမျိုး ပေါ်နေပါကလားလို့ကော မသိဘူးလား (သိပါတယ်ဘုရား)၊ စိတ်တွေအမျိုးမျိုး ပေါ်နေတယ် (သိပါတယ်ဘုရား)၊ ရုပ်တွေက ပူလိုက်၊ အေးလိုက်၊ လှုပ်လိုက်၊ ငြိမ်းလိုက်ကော (သိပါတယ်ဘုရား)။

ဘယ့်နှယ်ကြောင့် သိပါလိမ့် မတုံးမေးတော့ … (သမာဓိတည်လို့ပါဘုရား)။

ဒါဖြင့် ပါဠိတော်နဲ့ ကိုက်သလား (ကိုက်ပါတယ်ဘုရား)၊ သမာဟိတော = တည်ကြည်ပြီးသော ပုဂ္ဂိုလ်အား ယထာဘူတံ = ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ = ခန္ဓာကပြောတာသိ၏။ မသိသေးဘူးလား (သိပါတယ်ဘုရား)။

ခန္ဓာက အမျိုးမျိုးပြောနေတယ်

ဒီတော့ အိမ်ရောက်စမ်းကြည့်ပါ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ စမ်းကြည့်တဲ့အခါကျတော့ သြော် … ခန္ဓာက ဒီလို ဒီလိုပြောနေပါကလား၊ တော်တော်ကြာ ဒီကနာ၊ ဟိုကကိုက်၊ ဒီကကိုက်၊ ဟိုစိတ်ကလေးတွေ သီးသန့် ပေါ်လာလိုက်၊ ဟိုအရုပ်တွေက ပူလိုက် - အေးလိုက်၊ တုန်လိုက်လှုပ်လိုက်၊ ဟာ … ပိန်လိုက်ဖောင်း လိုက်၊ အမျိုးမျိုးအဖုံဖုံ ခန္ဓာက ပြောနေတယ်၊ မပြောဘူးလား (ပြောပါတယ်ဘုရား)။

အဲဒါ ဘယ်သူကပြောတာတုံး ဒကာ ဒကာမတို့ (ခန္ဓာကပြောတာပါဘုရား)၊ ခန္ဓာက ပြောတာဆို တာ သေချာပလား (သေချာပါပြီဘုရား)။

ခန္ဓာဆိုတာ ဖောက်ပြန်ပျက်စီးတာ

ခန္ဓာက ပြောတာ သေချာတော့ကို ဘုန်းကြီးတို့ ဒကာဒကာမတွေက သြော် … ဒီဥစ္စာ၊ ခန္ဓာဆိုတာ နဂိုက ဒို့ဘုရားက ဟောထားတာက ဖောက်ပြန်ပျက်စီးတာကို ဟောတယ် (မှန်ပါ့)၊ ဒီခန္ဓာဆိုတာ ဖောက်ပြန်ပျက်စီးတာ (မှန်ပါ့)။

ခန္ဓာဆိုတာ (ဖောက်ပြန် ပျက်စီးပါတယ်ဘုရား)။

အဲဒီတော့ အခု အသစ်ပေါ်လာတာကလေးဟာ နဂိုက ပင်ကိုယ်သဘောစွန့်ပြီး ပေါ်လာတာ (မှန်ပါ့)၊ ဒါဖြင့် သူ့ကို ဖောက်ပြန်တယ်လို့ မဆိုရဘူးလား (ဆိုရပါတယ်ဘုရား)။

အဲဒီ ဖောက်ပြန်တာကလေးပဲ သမာဓိရှိတဲ့ပုဂ္ဂိုလ်က ကြည့်လိုက်ပြန်တော့ ဖောက်ပြန်တာကလေး ပျောက်သွားတယ် (ပျောက်သွားတယ်ဘုရား) မပျောက်ဘူးလား (ပျောက်သွားပါတယ်ဘုရား)။

ဒါဖြင့် ဖောက်ပြန်တာက ပေါ်လာတာ၊ ပျက်စီးတာက ပျောက်တာ (မှန်ပါ့)။

ဖောက်ပြန်တာက (ပေါ်လာတာပါဘုရား)၊ ပျက်စီးတာက (ပျောက်တာပါဘုရား)။

ပျောက်သွားတော့ သြော် … ဖြစ်လိုက်, ပျက်လိုက်ပဲ ပြန်ရောက်ပါတယ် ဘုရား။

ဖြစ်လိုက်,ပျက်လိုက် ပြန်ရောက်တော့ သြော် …. ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့ အပျက်သာရှိပါကလား၊ မတွေ့ကြုံသေးဘူးလား (တွေ့ပါတယ်ဘုရား)။

ဦးဘကလေး ဘာတွေတွေ့သလဲ (အဖြစ်အပျက်တွေ တွေ့ပါတယ်ဘုရား)။

ခန္ဓာကိုယ်ထဲ ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိတယ် (မှန်ပါ့)၊ အိမ်ကျလို့ရှိရင် တစ်ခါတည်း သမာဓိကလေး ၁၅ မိနစ်လောက် ဖမ်းပြီးတော့ ခန္ဓာစောင့်ကြည့်နေကြ၊ စောင့်ကြည့်နေတဲ့ အခါကျတော့ ခန္ဓာကဖောက်ပြန်တာ နဲ့ ပျက်စီးတာကို သူပြောလိမ့်မယ် (မှန်ပါ့)။

ဝေဒနာကလေး ပေါ်လာရင် ဖောက်ပြန်တာ (မှန်ပါ့)၊ နဂိုက မရှိဘဲကိုးဗျ၊ အခုမှ ဖောက်ပြန်လာတာ။

သုခပေါ်လဲ ဖောက်ပြန်လာတာပဲ၊ သုခကလေး ပျောက်သွားတော့ (ဖောက်ပြန်တာ)၊ ပျက်စီးတာ၊ ပျောက်တော့ ပျက်စီးတာ ကိုပေါ်ရ၊ (မှန်ပါ့)၊ ပေါ်လာတော့ (ဖောက်ပြန်တာပါဘုရား)။

ပေါ်လာတာက ပင်ကိုသဘောထဲကမှ ထူးခြား ပေါ်လာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။

ထူးခြားပေါ်တာက ဘာတုံး … (ဖောက်ပြန်တာပါဘုရား)။

ဖောက်ပြန်တာကလေးပဲ စိုက်ကြည့်တော့ (ပျက်စီးပါတယ်ဘုရား)၊ ပျက်စီးတာမြင်တော့ သြော် … ခန္ဓာကိုယ်ထဲမှာ ဖောက်ပြန်ပျက်စီးတာသာ ရှိပါကလား (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ဖောက်ပြန်ပျက်စီးတာသာ ရှိပါတယ် ဘုရား)၊ ဖောက်ပြန်ပျက်စီးတာသာ ရှိတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဟောဒီကျတော့မှ သြော် … ခန္ဓာထဲမှာ ဖောက်ပြန်တာနဲ့ ပျက်စီးတာပဲရှိတယ်၊ အသစ်ပေါ်လာတာ က ဖောက်ပြန်တာ၊ ပေါ်လာတာကလေး ပျောက်သွားတာက ပျက်စီးတာ (မှန်ပါ့၊ ပျက်စီးတာပါဘုရား)။ သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် ဖောက်ပြန်ပျက်စီးတာကလေးချည့် တွေ့နေတော့ သြော် … ယောက်ျားလဲမဟုတ်ဘူး၊ မိန်းမလဲ မဟုတ်ဘူး၊ ဒိဋ္ဌိတွေ ဘာတွေ ခွာစရာမလိုတော့ဘူး၊ ဖောက်ပြန် ပျက်စီးတာပဲ တွေ့နေတယ်၊ ဒီအခါကျတော့ မျက်နှာကလေးကလည်း မပေါ်လာဘူး၊ ဆံပင်တွေလဲ မပေါ်လာဘူး၊ ကိုယ့်ဟာ ကိုယ်ဥာဏ် ကလေးနဲ့ ကြည့်နေတော့၊ ဖောက်ပြန်တာနဲ့ ပျက်စီးတာ တွေ့နေတော့၊ ယောက်ျား, မိန်းမ အလိုလိုပျောက် နေတယ် (မှန်ပါ့)၊ မပျောက်ဘူးလား (ပျောက်ပါတယ်ဘုရား)။

ဖောက်ပြန်ပျက်စီးတာကလေးသာ ကြည့်နေစမ်း ဒကာ ဒကာမတို့ ဘာတွေပျောက်သွားတုံး … (ယောက်ျား, မိန်းမ ပျောက်သွားပါတယ်ဘုရား)။