
လုပ်သမျှကိစ္စတွေကို သတိလေးနဲ့ သိ သိပြီးတော့ နေလို့ရှိရင် အဲ့ဒီသိနေတဲ့အတွက်ကြောင့် စိတ်က ပစ္စုပ္ပန်မှာ ရှိနေတယ်။ ပစ္စုပ္ပန်မှာ ရှိနေတော့ အတိတ်အကြောင်းကို အများကြီးမတွေးဖြစ်ဘူး။ အနာဂါတ်အကြောင်းကို အများကြီးမတွေးဖြစ်ဘူး။ ကိုယ်တွေးလိုက်တဲ့ အတွေးဟာ တကယ်တွေ့မှဖြစ်မယ့် အရေးကြီးတဲ့ အတွေးဆိုရင် ဆက်တွေးမယ်။ တကယ်အရေးကြီးတာ မဟုတ်ဘဲနဲ့ ဘာမှလည်း လုပ်လို့ မရတော့တဲ့ ကိစ္စဆိုရင် တအုံနွေးနွေးမတွေးတော့ဘူး။
လူတော်တော်များများဟာ ဖြစ်ပြီးသားကိစ္စ၊ ဘာမှပြန်လုပ်လို့ မရတော့ တာကိုဘဲ တအုံနွေးနွေးထပ်ကာထပ်ကာတွေးပြီးတော့ စိတ်ဓာတ်အင်အားတွေ ကုန်သွားတတ်ကြတယ်။
ဆရာတော်ဦးဇောတိက (တွေးမိတိုင်းပျော်တယ် စာအုပ်မှ....)
No comments:
Post a Comment