Thursday, October 6, 2011

ဒိဋ္ဌိပြုတ်တရားတော်(၁-၁)










http://www.mogokinsightny.org/publications/

ဆိုဒ်မှ ထပ်ဆင့်ယူ၍မျှဝေပါသည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားသောတရားတော်

ဒိဋ္ဌိပြုတ်တရားတော(၁) အရေးကြီးတဲ့အလုပ်၊ ကြီးသလိုလုပ်ပါ

အရေးကြီးတဲ့အလုပ်ကို ဒကာ ဒကာမတွေက နှေးနှေးလုပ်လို့ရှိရင်ဖြင့် အပြစ်တစ်ခုခုတော့ တွေ့မှာပဲဆိုတာ မှတ်ထားရမယ်နော် … (မှန်ပါ့) အရေးကြီးတဲ့အလုပ်ကို နှေးနှးမှ လုပ်ကြလို့ရှိရင် အပြစ်သင့်မှာပေါ့ … (မှန်ပါ့) အရေးကြီးတဲ့အလုပ်မလုပ်ပဲ နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးမှ ခေါင်းပြူပြီးအပေါ်တက်နိုင်ဖို့ မမြင်ပါဘူး … (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း ဟောပါတယ်၊ အရေးကြီးတဲ့အလုပ်ကို အရေးကြီးသလို လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့အလုပ်ကို အရေးကြီးသလို လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့ အလုပ်ကို အသာချိတ်ထားပါလို့ ဦးဘရှင်းတို့ကို ဆုံးမရတယ်၊ အရေးကြီးသောအလုပ် ဘာတုံးလို့ဆိုရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ငရဲမျိုးစေ့ဖြုတ်လိုက်၊ ကိုစောမောင် … ဘာဖြုတ်ရမတုံး…(ငရဲမျိုးစေ့ ဖြုတ်ရမှာပါ ဘုရား)။

ကိုစံလှတို့ မှတ်မိပါလိမ့်ဦးမယ်၊ ငရဲမျိုးစေ့ဘယ်သူပါလိမ့် (ဒိဋ္ဌိပါဘုရား) သက္ကာယဒိဋ္ဌိ … (မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ငရဲမျိုးစေ့ဘယ်သူပါလိမ့် … (သက္ကာယဒိဋ္ဌိပါဘုရား)။

ကောင်းပြီ - ဒီ သက္ကာယဒိဋ္ဌိလည်း ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတော် မူပါတယ်၊ သံယုတ်ပါဠိတော်မှာ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ - သတ္တိယာဝိယ သြမဋ္ဌော ဒယှမာနောဝ မတ္တကေ သက္ကယဒိဋ္ဌိပ္ပဟာနာယ သတော ဘိက္ခုပရိဗ္ဗဇေ-လို့ဟောလိုက်တယ်၊ ပါဠိရွတ်နေ အပိုပါပဲ၊ မြန်မာလိုပြောလိုက်ပါဆိုတော့ ကိုစောမောင်ကို တစ်ယောက်သော ပိုဂ္ဂုလ်က အသွားမြမြထက်တဲ့ လှံကြီးနဲ့ ထိုးလိုက်တယ်နော် … (မှန်ပါ့)။

လှံအဝေးကနေပစ်လိုက်တယ်၊ ပစ်ထိုး-ထိုးလိုက်တဲ့အခါကျတော့ ကိုစောမောင်က အစွမ်းကုန်တော့ဖြင့် တိမ်းမှာပဲ…(မှန်ပါ့) ဒီထက်မြန်တဲ့အလုပ်ရှိရင် ဒီထက်မြန်သလိုပဲ တိမ်းရမှာပဲဆိုတဲ့ ဥစ္စာ အရှင်းသားပဲ … (မှန်ပါ့) ဒါ - အမြန်ဆုံးလုပ်ရမဲ့ကိစ္စပဲဆိုတာ အားလုံး ဒကာ ဒကာမတွေ သိကြမှာပေါ့ … (မှန်ပါ့)။

ဦးခေါင်းကို မီးဖွားလေးတစ်ခု တခြားကလွင့်လာပြီး ဒီအုန်းဆီတို့ လိမ်းထားတဲ့ ခေါင်းပေါ်မှာ မီးဖွားလွင့်ပြီး မီးလေးက ဖျတ်ဖျတ်နဲ့ မြန်မြန်လောင်တဲ့အခါကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီထက် ပျာပျာသလဲ လုပ်စရာကိစ္စ ရှိသေးရဲ့လား … (မရှိပါဘုရား) ထမင်းစာဖိတ်လည်း မသွားနိုင်ပါဘူး၊ ကလေးငိုနေလဲ …(မသွားနိုင်ပါဘူးဘုရား) ဘာကြောင့်တုံး၊ ဒါ-အရင်ငြိမ်းရမှာကိုးဗျ … (မှန်ပါ့) ဦးဘရှင် ဒါ-အရင်ငြှိမ်းမှာပဲ … (မှန်ပါ့)။

ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဥာဏ်နဲ့ ကြည့်ပါတယ်ကွာတဲ့၊ ဩော်-သက္ကာယဒိဋ္ဌိကို ဒီလိုအမြန်ဖြုတ်ပြစ်လိုက်၊ ဒီ-မီးငြိမ်းတဲ့အမြန်မျိုးနဲ့ ဥာဏ်နဲ့နှုတ်ပစ်၊ ဒီလှံကို ရှောင်သလို-အမြန်ရှောင်ပစ်လိုက်ပေါ…(မှန်ပါ့)။

အဲ့လောက် အမြန်ဟောတယ်လို့ သံယုတ်ပါဠိတော်မှာ ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီထက်မြန်စရာကော ရှိသေးရဲ့လား … (မရှိတော့ပါဘူး) ဘုရားက အရေးကြီးတဲ့အလုပ် ဖြေးဖြေးမလုပ်ပါနဲ့လို့ စကားခင်းခဲ့တယ်…(မှန်ပါ့)။

အရေးကြီးတဲ့အလုပ်ကို … (မြန်မြန်လုပ်ရမှာပါဘုရား) ဖြေးဖြေးလုပ်လို့ရှိရင် အပါယ်ရောက်သွား လိမ့်မယ် … (မှန်ပါ့) ဦးဘရှင်း ဖြေးဖြေးလုပ်ရင် … (အပါယ်ရောက်သွားမှာပါဘုရား) အရေးကြီးတဲ့ အလုပ်ကို အရေးကြီးသလို မြန်မြန်လုပ်လိုက်ပါလို့ဆိုတာ အမြင်သေးတဲ့ပုဂ္ဂိုလ်က ပြောတာလား - အမြင်ကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာလား အကဲခတ်ကြည့်ပါ … (အမြင်အကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာပါဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တစတစလုပ်ရမှာပဲဆိုတော့ ဦးဘရှင်းအရူးရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဦးဘကလေးဘာခေါ်ကြမယ် … (အရူးရင်လဲဖြစ်ပါလိမ့်မယ်ဘုရား) အရူးရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဒကာ ဒကာမတို့ လောကတ္ထစရိယံ = လောကကြီးကို ငါကယ်မယ်လို့ အသားလှူ-အသွေးလှူပြီး ခန္ဓာကိုယ်ပါလှူ-တိုင်းပြည်ပါလှူ-သားတွေ မယားတွေပါလှူ-ဒီအမြင်ရချင်လို့ ငါသည်ကား ဆိုလို့ရှိရင် လှူခဲ့တာ ဒီအမြင်ရတယ်၊ အမြင်မှန်ရတယ်၊ အမြင်မှန်ရတဲ့အထဲမှာမှ အရေးကြီးဆုံး သတ္တ၀ါတွေ ကယ်တင်ဖို့ ငါရှာလိုက်တဲ့အခါ ဒိဋ္ဌိအရင်ဖြုတ်ဖို့ရာသည် သတ္တ၀ါတို့၏ တပည့်သားမြေးတွေအတွက်မှာဖြင့် အရေးကြီးဆုံး အလုပ်ပဲဆိုပြီးတော့ ကိုယ်တော်မြတ်ကြီးသည် အင်မတန်ကြီးကျယ်တ့ ဥာဏ်နဲ့ အမှန်ကို ကြည့်လိုက်တော့ ဒါ-အရင်ဖြုတ်ရမယ် … (မှန်ပါ့) ကိုပေါ် သဘောကျပလား … (ကျပါတယ်ဘုရား)။

ကိုင်း-ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာအရင်ဖြုတ်ကြမယ် … (သက္ကယဒိဋ္ဌိအရင်ဖြုတ်ရပါမယ် ဘုရား)၊ ရှင်းကြပါမယ် … (သက္ကယဒိဋ္ဌိအရင်ဖြုတ်ရပါမယ်ဘုရား) ရှင်းကြပါ ရှင်းကြပါ ဒါ - တကယ်ဘုရား လည်း မရှိတော့ပါဘူး၊ ဘုရား၏ ကိုယ်စား ဓမ္မက္ခန္ဓာတွေရှိတယ်၊ ဓမ္မက္ခန္ဓာတွေကိုမှ တစ်ခါ ဘုန်းကြီးများက ကြည့်ပြီးဟောရတော့ ငါဘုရားမရှိရင် ဒီဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် မင်းတို့ရဲ့ ဆရာဖြစ်ရစ်လိမ့် မယ်လို့ပြောလို့ ဒီဆရာပြောတာ ပြောနေတာပဲ … (မှန်ပါ့)။

ဦးဘကလေး ဘုရားမရှိတော့ရင် ဓမ္မက္ခန္ဓာတွေက ဆရာပဲ … (မှန်ပါ့) ဒီ - ဘုရားဟောအတိုင်း ဘုန်းကြီးက သူ့ပါဠိတော်ရွတ်ပြီးသကာလ သူ့အတိုင်း ပြောနေတော့ ကိုစောမောင် အရေးကြီးတဲ့အလုပ် - အရေးကြီးသလိုပဲ လုပ်ရမည် … (မှန်ပါ့)။

အရေးကြီးတဲ့အလုပ် ဖြေးဖြေးလုပ်လို့ရှိရင်ဖြင့် မှားကြပါလိမ့်မယ် … (မှန်ပါ့) မမှားပေဘူးလား … (မှားပါတယ်ဘုရား) အဲဒီတော့ ဒီလောက် ပြောနေလို့ရှိရင်ပဲ ဦးဘရှင်းတို့က သြော် - တကယ်အရေးကြီး ပါလား၊ ခုနင်က ပြောသလိုပဲ ဦးခေါင်း မီးလောင်တာ မြန်မြန်ငြိမ်းသလို၊ ရင်ဝလှံစူးနဲ့ ထိုးလိုက်တာကို အမြန် ဆုံး တိမ်းရှောင်သလို၊ ကိုစောမောင်ရေ အရေးကြီးလိုက်စမ်းပါ … (မှန်ပါ့ဘုရား)။

ဒီလောက်ထိအောင် အရေးကြီးအောင် ပြောတယ်ဆိုတည်းက သာမညကရုဏာလား အလွန်ကြီး ကျယ်တဲ့ ကရုဏာလားဆိုတာ ဆုံးဖြတ်ချက်ချ … (အလွန်ကြီးကျယ်တဲ့ကရုဏာပါ) ယုတ်စွအဆုံးဘုန်းကြီး ရိုးရိုးပဲပြောမယ်၊ လှူမှာဒါန်းမှာ ပေးမှာ ကမ်းမှာတောင် နောက်ထားလိုက်ပါဦး၊ သူ့အရင်ဖြုတ်လိုက်ပါ … (မှန်ပါ့ဘုရား) လှူဒါန်းမှာ ပေးမှာကမ်းမှာတောင် … (နောက်ထားရမှာပါ) သူ့အရင်ဖြုတ်ပြီးမှ လှူလိုက်လို့ ရှိရင်ဖြင့် ၀ိပဋ္ဋဒါန ဖြစ်တယ် … (မှန်ပါ့ဘုရား) နိဗ္ဗာန်ရောက်တယ်။

သူ - ပါနေတဲ့ ဒါနဆိုရင်ဖြင့် သံသရာထဲမှာ မြှုပ်ချည်ပေါ်ချည် စုန်ချည် ဆန်ချည်နေဦးမှာပဲ … (မှန်ပါ့ဘုရား) ဆိုတော့ ဘယ်လောက်အရေးကြီးလို့ သူပြောတယ်ဆိုတာလဲ၊ ဒကာ ဒကာမတို့ ရိပ်မိပလား … (ရိပ်မိပါတယ်)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒါနထက်ရှေ့ထားရမှာ ဘယ်သူတုံး … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား) သီလထက် ရှေ့ထား ရမှာ … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား) သမထထက် ရှေ့ထားရမှာ … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား) သားရေး - သမီးရေးထက် ရှေ့ထားရမှာ … (သက္ကာယဒိဋ္ဌိဖြုတ်မှုပါဘုရား)။

ကိုင်း - ပေါ်ကြပါပြီ၊ သြော် - ဒါဖြင့် ဒီအလုပ်က အလွန်အရေးကြီးတဲ့ အလုပ်ဆိုတာ အမြင်ကျယ်တဲ့ ကိုယ်တော်မြတ်ကြီးက ပြောလို့ အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်က ဆင်ခြေလဲနေဖို့ ၀တ္တရားမရှိဘူး (မှန်ပါ့ဘုရား)၊ ရှိသေးရဲ့လား … (မရှိပါဘူးဘုရား)။

အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ပြောလို့ရှိရင် အမြင်ကျဉ်းတဲ့ ပုဂ္ဂိုလ်က ဆင်ခြေလဲလို့ရှိရင်ဖြင့် ကိုယ်လွဲ ချင်လို့၊ ကိုယ်မှားချင်လို့ ကိုယ်အပါယ်ချောက်ကျချင်လို့လဲတာပဲလို့ ဆိုထိုက် မဆိုထိုက် … (ဆိုထိုက်ပါတယ်ဘုရား)။

အဲဒါတွေ ယခုယနေ့စပြီး ပြောရတော့မှ ဒကာ ဒကာမတို့ ခင်ဗျားတို့ သားရေး သမီးရေး စီးပွားရေး အသာချိတ်ထားလိုက်စမ်းအောင် သဘောကျပလား … (ကျပါပြီဘုရား) ဒါလေး နားလည်အောင် ခွာလိုက်စမ်းပါ … (မှန်ပါ့ဘုရား) ပယ်ပြီးခွာလိုက်စမ်းပါ (မှန်ပါ့ဘုရား) ကိုစောမောင် ဒီသုံးချက်ဆုံးမတယ် … (မှန်ပါ့ဘုရား)

သိမှုနဲ့ခွာလိုက်စမ်းပါ တစ်မျိုး၊ ပွားမှုနဲ့ … (ခွာရမှာက တစ်မျိုး) ပယ်မှုနဲ့ … (ခွာရမှာပါဘုရား) သြော် - ဒါဖြင့် မကောင်းတဲ့ အနာတာရှည်လို့ရှိရင်ဖြင့် အနာသာကြီးထွားစရာရှိတယ်၊ လူသာ သေဘက်ကူးစရာ ရှိတယ် … (မှန်ပါ့) ဦးစောမောင် သူလုံးလုံး ဖယ်ထုတ်ပစ်ရမယ် … (မှန်ပါ့)။

ဒကာ ဒကာမတွေ သဘောပါပလား … (ပါ ပါတယ်ဘုရား) ကောင်းပြီ၊ ဒါ - သံယုတ်ပါဠိလာတာ တွေကို ရှင်းပြီး ပြောတော့မှ ဖယ်ပါတော့မယ်ဘုရား၊ ရှဲပါတော့မယ်ဘုရား၊ ခွာပါတော့မယ် - ရှင်းပါတော့ မယ်ဘုရား အလုံးစုံတို့၏ရှေ့ထားပြီး သူ့အလုပ် လုပ်ပါတော့မယ်ဆိုတာ ခင်ဗျားတို့ တစ်ပွဲလုံး သဘောတူ ကြပါ … (မှန်ပါ့) မတူရင်ဖြစ်ကို မဖြစ်ဘူး … (မှန်ပါ့ဘုရား)။

အခု ဒကာ ဒကာမတွေ ဖြစ်နေတဲ့ဖြစ်စဉ်က ဘုန်းကြီး ဟောသည်လောက်၊ ဘုရားဟောသည် လောက် အရေးမကြီးတော့ သားလေးရှင်ပြုပြီးမှ တရားအားထုတ်တော့မလိုလို၊ ကိုစောမောင် ဘယ့်နှယ်နေနတုံး၊ ဒိဋ္ဌိရှေ့ထားရာ အဓိပ္ပါယ်မရောက်ဘူးလား … (ရောက်ပါတယ်ဘုရား) သားရှင်ပြုတာကို ရှေ့ထားလိုက်ကတည်းကိုက ဒိဋ္ဌိရှေ့ထားတာ၊ ဒိဋ္ဌိဖြုတ်တာကို ဒကာ ဒကာမတွေ အရေးကြီးမှန်းမသိလို့ … (မှန်ပါ့) ကိုမြင့် သဘောကျပလား … (ကျပါတယ်ဘုရား) ဒါဖြင့် ဘယ်ဟာရှေ့ထားကြမယ် … (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ်ဘုရား) ဘာကြောင့်တုံး၊ သူပါနေလို့ရှိရင် ဆွမ်းဆန်ထဲ ကြွက်ချေး ရောနေတာ၊ ဆွမ်းဆန်ထဲကြွက်ချေးရော မျက်လုံးမွဲတဲ့ လူချက်လို့ရှိရင် ဦးဘလေး ဒီဥစ္စာ ခင်ဗျားလည်း မစားချင်ဘူး ဘုရားလည်း ဘုန်းပေးမှာ မဟုတ်ပါဘူး … (မှန်ပါ့)။

ဘာဖြစ်လို့တုန်း၊ ကြွက်ချေးရောနေလို့ … (မှန်ပါ့) သဘောပါပလား … (ပါပါတယ်ဘုရား) ဒီမှာလည်း ဒိဋ္ဌိသာမဖြုတ်ဘဲနဲ့ ခင်ဗျားတို့ လုပ်ချင်တာလုပ်၊ မဂ်ဖိုလ်မရတာအမှန်၊ အပါယ်လေးပါးတံခါး မပိတ်တာအမှန်ပါ၊ အမှန်ပဲဆိုတာ အတိအလင်းတစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက် … (မှန်ပါ့)၊ သဘောကျ ရဲ့လား … (ကျပါတယ်ဘုရား)။

ဒါဖြင့် ဘာဖြုတ်ကြမလဲ … (သက္ကာယဒိဋ္ဌိဖြုတ်ရပါမယ် ဘုရား) သက္ကာယဒိဋ္ဌိဖြုတ်ရမယ်၊ ဒါဖြင့် ဒကာ ဒကာမတွေ ကျေအောင် မွန်အောင်လည်း နေ့တိုင်းပဲ ပြောပါတယ်၊ နေ့တိုင်းလိုလိုပဲ ပြောပါတယ်၊ အထူးပဲ ဂရုစိုက်မှတ်တော့၊ ဒကာ ဒကာမတွေ သန္တာန်မှာ မဂ်နဲ့ မပယ်သေးတဲ့ ဒိဋ္ဌိဘယ်နှမျိုးရှိသတုံး … (သုံးမျိုးရှိပါတယ်ဘုရား)။

သုံးမျိုးမှာ - သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ် ဘုရား) ဒိဋ္ဌိဘယ်နှမျိုးရှိပါလိမ့် … (သုံးမျိုးရှိပါတယ်ဘုရား) မဂ်နဲ့မပယ်သေးလို့ရှိရင် ကိုစောမောင် ဒီဥစ္စာ ၀မ်းထဲမှနာ အကြောင်းမရှိရင် မပေါ်လာဘူး … (မှန်ပါ့) အကြောင်းရှိရင် … (ပေါ်လာပါတယ်ဘုရား)။

ဥပမာမယ် - ဒကာဒကာမတို့ အကြောင်းမရှိရင် မပေါ်လာဘူး အကြောင်းရှိရင် ပေါ်လာတယ်ဆိုတဲ့ ဥစ္စာက ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှတဲ့၊ ဒီကိုစောမောင် ရှေ့မှာထိုင်နေတဲ့ ကလေးဟာ ဘာတော်သတုန်းမေးတော့ ဒါ ကျုပ်သားပဲ - သမီးပဲ မေးတဲ့သူရှိမှ သူကပေါ်လာတယ် … (မှန်ပါ့)။

တကယ်ပဲလားဗျ၊ ဟုတ်တယ်ဗျ ဘယ်နှခုနှစ်က မွေးဖွားထားတာ၊ ခင်ဗျားနဲ့မတူပါဘူးဗျာ - ပုံသန္တာန်ဟန်ပန်က၊ အို - ခင်ဗျား ကိုစောမောင် နဂိုကမရှိဘူး … (မှန်ပါ့) အကြောင်းရှိလာတော့မှ … (ပေါ်လာတာပါဘုရား)။

ခင်ဗျားတော်တော်ဖျင်းတဲ့လူပဲ၊ ခင်ဗျားသည်ကားလို့ ဆိုလို့ရှိရင် တော်တော်ခက်တဲ့လူပဲ၊ သားအရင်းပါလို့ ပြောတဲ့ဥစ္စာ ခင်ဗျားသံသယရှိစရာမလိုပါဘူး၊ မမေးစေချင်ဘူး၊ ဒီဟာမျိုးက သက္ကာယဒိဋ္ဌိ ရှိတဲ့လူနဲ့က မေးတဲ့လူနဲ့ ရန်ဖြစ်တယ် … (မှန်ပါ့) မဖြစ်ကြဘူးလား … (ဖြစ်ကြပါတယ်ဘုရား)။

တချို့ဒီ မွေးစားတာလေးတောင်မှ သက္ကာယဒိဋ္ဌိက စွဲနေတော့၊ ဒါလေးဟာ အရင်းပဲလား မေးလိုက် ရင်၊ ဟိုက - ရင်များပုတ်ပြတယ် … (မှန်ပါ့) ဒီလောက်ထိအောင်ပဲ သူတို့သည် သက္ကာယဒိဋ္ဌိက မစွဲဘူးလား … (စွဲပါတယ်ဘုရား) ကဲ - ဒါအကြောင်းရှိမှ ပေါ်တာလား … အကြောင်းမရှိဘဲ ပေါ်လာတာလား … (အကြောင်းရှိမှ ပေါ်လာတာပါဘုရား)။

သက္ကာယဒိဋ္ဌိကို ခင်ဗျားတို့သည်ကားဆိုလို့ရှိရင်ဖြင့် ၀မ်းထဲကိန်းနေတယ်၊ အကြောင်းမရှိသေးလို့ သူမထသေးတာ - မကြွသေးတာပဲ မှတ်ဖို့ပဲ … (မှန်ပါ့) အကြောင်းမရှိသေးလို့ လူမထသေးတာ - မကြွသေး တာဘဲ မှတ်ဖို့ပဲ … (မှန်ပါ့) အကြောင်းရှိလာတဲ့ တစ်နေ့ကျတော့ … (ပေါ်လာပါတယ်ဘုရား) ပေါ်လာတာပဲ ဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ကျုပ်တို့မှာ ဒီငရဲမျိုးစေ့၊ ငရဲပင်ပေါက်ရမဲ့မျိုးစေ့၊ ဒါရှိနေတယ်ဆိုတာတော့ ကိုယ်တိုင် သိပြီ … (သိပါပြီဘုရား) ကိုယ်တိုင်သိတဲ့အခါကျတော့ ဘုရားသခင်က နှေးနှေးတဲ့လား - မြန်မြန်တဲ့လား … (မြန်မြန်ပါတဲ့ဘုရား) ဘုန်းကြီးပြောလိုက်တော့ ဒကာ ဒကာမတွေ ပိုရှင်းသွားပြီး ဒါနနောက်ထား သူ့ …. (ရှေ့ထားရပါမယ်ဘုရား) သီလနောက်ထား၊ ကိုစောမောင် … (သူ့ - ရှေ့ထားရ မှာပါဘုရား)။

သမထနောက်ထားဗျာ … (သူ့ရှေ့ထားရမှာပါဘုရား) ဘာကြောင့်တုံး၊ ဟိုထဲ သူရောနေလို့ရှိရင် လည်း ကိုစောမောင် သူသည် နှောင့်ယှက်နိုင်သလား - မနှောင့်ယှက်နိုင်ဘူးလား … (နှောက်ယှက်နိုင်ပါ တယ်ဘုရား) မနှောင့်ယှက်ပေဘူးလား … (နှောင့်ယှက်ပါတယ်ဘုရား)။

အဲတော့ ဦးဘရှင်းတို့က သူ့အရင်လုပ်ရလိမ့်မယ်ဆိုတဲ့ စကားကိုလည်း မြဲမြဲစွဲစွဲမှတ်ဖို့ပဲဆိုတာ ပေါ်ကြပါပြီ … (ပေါ်ပါပြီဘုရား) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒီလိုလုပ်ကြဖို့၊ ဥစ္ဆေဒဒိဋ္ဌိက ဗုဒ္ဓဘာသာမှာမရှိဘူး … (မှန်ပါ့)။

သေရင်ပြတ်တာပဲဆိုတဲ့ အယူကမရှိဘူး … (မရှိပါဘုရား) ငါ - ငါ့ဥစ္စာဆိုတာတော့ … (ရှိပါတယ်) ငါ - ငါ့ဥစ္စာဆိုတာက … (သက္ကာယဒိဋ္ဌိ) … (မှန်ပါ့) ငါဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ငါထင်နေတာ … (မှန်ပါ့) ငါ့ဥစ္စာဆိုတော့လဲ၊ အိမ်ထောင်ပရိဘောဂတွေ၊ သားတွေ သမီးတွေကို ငါ့ဥစ္စာထင်နေတယ်၊ ဒါဘယ်သူက ထင်တာတုံးလို့ မေးတဲ့အခါကျတော့ … (သက္ကာယဒိဋ္ဌိကထင်တာပါ) ဟော … သူရှိတယ်ဆိုတော့ သေချာပြီ … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။

သြော် … သက္ကာယဒိဋ္ဌိရှိတာတော့ သေချာပြီ၊ သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိမပြုတ်ပါဘူး၊ သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိက … (မပြုတ်ပါဘူးဘုရား) မပြုတ်ဘူးတဲ့၊ ငါ့သားလေးတွေ အန္တရာယ် ကင်းဘေးရှင်းအောင် ငါပရိတ်နာဦးမယ်၊ အင်း - လာပြီ, ငါလဲ နောင်ဘ၀ကူးကောင်းတာပေါ့၊ ဒီသားလေးတွေလည်း ကျန်းမာတာပေါ့၊ ငါ့ သားလေးတွေ ငါ့သမီးလေးတွေ ကျန်းမာဖို့ဆိုတာက သက္ကာယဒိဋ္ဌိက လာတာ … (မှန်ပါ့)။

နောက်ဘ၀ကူးလည်း ကောင်းတာပေါ့၊ ဒီပရိတ်တရား နာရတယ်ဆိုတာ သေတောင်မှ ဖားတောင် နတ်သားဖြစ်သေးတာပဲ၊ မလာဘူးလား … (လာပါတယ်ဘုရား) သဿတဒိဋ္ဌိဘက်ကူးသွားတယ် … (မှန်ပါ့) မကူးဘူးလား … (ကူးပါတယ်ဘုရား) ဒါဖြင့် သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိ … (ရှိပါတယ်ဘုရား) ရှိတယ်ဆိုတာ သေချာကြပလား … (သေချာပါတယ်ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ကိုစောမောင်သန္တာန်မှာ ဒိဋ္ဌိဘယ်နှမျိုးရှိသတုံးမေးရှိရင် ဘယ်နှယ့်ဖြေပေါ့ … (နှစ်မျိုးရှိပါတယ်ဘုရား) ဘယ်သူတွေပါလိမ့်မတုံး … (သက္ကာယဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိပါဘုရား) သဿတဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိရှိလို့ သဿတဒိဋ္ဌိဖြစ်တယ် … (မှန်ပါ့)။

ဒါဖြင့် သက္ကာယဒိဋ္ဌိရှိလို့ ကိုစောမောင် သဿတဒိဋ္ဌိမလာတာ … (မှန်ပါ့) ဒါဖြင့် သက္ကာယဖြုတ် လိုက်ရင် … (သဿတဒိဋ္ဌိမလာတော့ပါဘူးဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ဖြုတ်လိုက်လို့ ရှိရင် သဿတဒိဋ္ဌိဖြုတ်ပါတယ် … (မှန်ပါ့) ဆိုတော့ ၄င်း သက္ကာယဒိဋ္ဌိသည် သဿတဒိဋ္ဌိကိုလည်း ထားလိုက်တော့၊ သြော် … တစ်လုံးတည်း အရေးကြီးတာကို … (မှန်ပါ့) မပေါ်လာသေးဘူးလား … (ပေါ်လာပါတယ်ဘုရား)။

ဘယ်နှလုံးအရေးကြီးပါလိမ့် … (တစ်လုံးတည်း အရေးကြီးပါတယ်ဘုရား) တစ်လုံးတည်းအရေးကြီး တယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ရှင်းသွားတော့မှာ ဒီတစ်လုံးဖြင့် ရင်ဝလှံစူးတဲ့အခါ လှံထိုးတဲ့အခါ ရှောင်သလို အမြန်ဆုံးသူ့ကို ထုတ်ပါ … (မှန်ပါ့) အမြန်ဆုံးသူ့ထုတ်မယ်၊ အမြန်ဆုံး သူ့ပယ်မယ်ဟ ရှင်းမယ်ဟ … (မှန်ပါ့)။

ဦးခေါင်းမီးလောင်တဲ့အခါ အမြန်ဆုံးငြိမ်းသလို သူ့ကိုအမြန်ဆုံး ဘုရားက ရှင်းလင်းလိုက်ပါလို့ မှာတဲ့အတိုင်း ငါတို့သည် သူ့ကိုဖြင့် ရှင်းတော့မယ်ဆိုတဲ့ ဥစ္စာ၊ အပါယ်လေးပါး၏ ရေသောက်မြစ်ဖြစ်လို့ မရှင်းလေ - ဒီအမြစ် ကြီးထွားလေလေပဲဆိုတာလာလိမ့်မယ် … (မှန်ပါ့) မလာပေဘူးလား … (လာပါတယ် ဘုရား)။

ကဲ - ဒါဖြင့် ကိုစံလှ ဘယ်သူရှေ့ထားမယ် … (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ်ဘုရား) ဒါ - ဆရာသမား အဖိုးတန်အောင် ပြောနေလို့ ဒီလောက်အရေးကြီးတာလား - ဘုရားကကိုက အမြန်ဆုံးတဲ့လား … (ဘုရားကိုက အမြန်ဆုံးလုပ်ပါတဲ့ဘုရား)။

အဲဒါကြောင့် ဘုရားက အမြန်ဆုံးထားတဲ့ဥစ္စာ ကျုပ်တို့က အင်းအရွယ်လေးစောင့်ဦးမယ်၊ အင်း ဘယ်လို - ညာလိုနဲ့ ခင်ဗျားတို့မှာ သားပြပြီးဆင်ခြေလဲ၊ သမီးပြပြီး ဆင်ခြေလဲ၊ အမျိုးမျိုးစီးပွားပြပြီး ဆင်ခြေလဲ၊ လဲရမယ့် အလုပ်လား ကိုစောမောင်၊ အမြန်လုပ်ရမယ့် အလုပ်ကို ဆင်ခြေလဲပြီး ရှောင်နေရမှာ လား … (မဟုတ်ပါဘူး အမြန်လုပ်ရမှာပါဘုရား) ရှင်းကြပလား … (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် အမြန်လုပ်ကြပါဆိုတာကိုလည်း မသိသေးတဲ့ ပုဂ္ဂိုလ်ကို တိုက်တွန်း၍ သိပြီးသားပုဂ္ဂိုလ်များ က အမြန်လုပ်ပါဆိုတာကိုလည်း ဒီတရားပွဲမှာ တိုက်တွန်းလိုက်ပါတယ် … (မှန်ပါ့) ရှင်းသွားပြီနော် … (ရှင်းသွားပါပြီဘုရား) ကောင်းပြီ - ဒါဖြင့် မဖြုတ်တတ်လို့ရှိရင် ဖြုတ်တတ်တဲ့နည်းကို ပြောပါဆိုတော့၊ မဖြုတ်တတ်လို့ရှိရင် ဖြုတ်တတ်တဲ့နည်းကို ဆရာဘုန်းကြီးက ပြောရတော့မယ် ဒကာ ဒကာမတို့ ဖြုတ်ဆိုတာ တစ်ခုခုနဲ့ချည်ငြိနေလို့ ဖြုတ်ပြောတာ၊ ဖြုတ်ပြောတာန၊ ဖြုတ်ဆိုတဲ့စကား ဒကာ ဒကာမတို့ ဘာတုံး … (တစ်ခုခုနဲ့ ငြိနေလို့ပါဘုရား) တစ်ခုခုနဲ့ ငြိနေလို့ ဖြုတ်ပါလို့ ပြောတာရှင်းပလား … (ရှင်းပါပြီဘုရား)။

အဲဒီတစ်ခုခုကို ကိုယ်မှမသိပဲနဲ့ ဖြုတ်ဆိုတာလည်း ဘယ့်နဲမှ ဒီစကားမဖြစ်နိုင်ဘူး … (မှန်ပါ့) ဖြစ်နိုင်ပါ့မလား … (မဖြစ်နိုင်ပါဘူးဘုရား) ဒါ - ကြံဖန်ပြောနေတာလား၊ ဘုန်းကြီးက စကားသွားကိုက အဓိပ္ပါယ်က ဒီဟာပဲလားဆိုတာ ခင်ဗျားတို့ပဲ ရှင်းကြည့်ပါ … (ငြိနေလို့ပါဘုရား) သက္ကာယဒိဋ္ဌိဖြုတ်ပါဟေ့ဆို ရင် သူငြိနေလို့ပဲ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ပါဆိုတော့ … (ငြိနေလို့ပါဘုရား) ငြိနေလို့ပဲဆိုတာ … ဒကာ ဒကာမတွေ သေချာပါပြီ … (မှန်ပါ့) ဟာ - ဒါဖြင့် သူငြိပြီ … (မှန်ပါ့) ဦးဘရှင်း ငြိပြီဗျ၊ ငြိတာက ဘယ်မှာ ငြိသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးမှာ ငြိနေတယ် … (မှန်ပါ့)။

ကျုပ်တို့မှာ ဒီတရားနာနေတဲ့ ရူပက္ခန္ဓာကြီး၊ တရားတွေ မှတ်နေတဲ့ သညာက္ခန္ဓာကြီး၊ သဘောကျပလား … (ကျပါတယ်ဘုရား) ကောင်းပြီ တရားတွေသိနေတဲ့ ၀ိညာဏ က္ခန္ဓာကြီး အခုတရားနာ နေတယ်ဆိုတော့ ဒီငါးပါးမပါဘူးလား၊ ဒီငါးပါးမှာ ငြိမ်နေတယ် … (မှန်ပါ့)။

သက္ကာယဒိဋ္ဌိက ဘယ်သွားငြိနေတုံး … (ခန္ဓာငါးပါးမှာ သွားငြိနေပါတယ်ဘုရား) ဒါဖြင့် ဒီ-အငြိကို ဖြုတ်ရလိမ့်မယ် … (မှန်ပါ့) ဒီအငြိကို ဖြုတ်ရလိမ့်မယ်ဆိုတာဖြင့် သေချာကြပလား … (သေချာပါပြီဘုရား) ငြိတယ်မငြိတယ် နဲနဲလေးဝေဖန်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါခန္ဓာငါးပါး၊ တရားနာနေတဲ့ ပုဂ္ဂိုလ်က ဒီငါးပါးပဲရှိတယ် … (မှန်ပါ့)။

ဒီမှာ ငြိနေတာပဲ၊ ဘယ်လိုငြိနေတုံးဆိုတော့ ကိုယ့်ခန္ဓာ ကိုယ်လေးနေပူထဲက ပြန်လာလို့ နေပူမိလို့ စမ်းလိုက်တဲ့အခါကျတော့ ဟ-ငါဘာဖြစ်တယ်မသိဘူး၊ ငါ ဘာဖြစ်တယ်မသိဘူး အသားတွေ တရှိန်ရှိန်ဖြစ် လာတယ်၊ အင်း - ရူပက္ခန္ဓာပေါ် သွားငြိနေတယ် … (မှန်ပါ့)။

ငါဘာဖြစ်တယ်မသိဘူးတဲ့၊ သူက ဒီရုပ်ကို တစ်ခါတည်း ငါ မထင်လိုက်ဘူးလား … (ထင်လိုက်ပါ တယ်ဘုရား) ဟာ - ဒါဖြင့် ရုပ် - ပျောက်ပြီး ငါဒီထဲသွားငြိနေတယ်၊ ရုပ်ပျောက်ပြီးတော့ … (ငါသွားငြိနေပါ တယ်ဘုရား) ဒါကြောင့် ဖြုတ်ပါပြောတာ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ငါ ထမင်းစားကောင်းလိုက်တာကွာ၊ ထမင်းစားကောင်းတာ ဝေဒနာကောင်းတာ … (မှန်ပါ့) သို့သော် ဝေဒနာပျောကပြီး သကာလဝေဒနာဟာ ငါ ထမင်းစားကောင်းတယ်ဆိုပြီး သကာလ ဝေဒနာကို အဲဝေဒနာကို သွားငြိနေတယ်၊ ဝေဒနာဟာ ငါပဲ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

မင်း ဒီနေရာ ငါမှတ်ထားတဲ့နေရာ မင်းကဘယ်နှယ့်ကြောင့် ဒီနေရာ တူးရွင်းပေါက်ပြားတွေနဲ့ လာပြီး ဘောင်လုပ်ချင်ရတာတုံး … (မှန်ပါ့) ငါမှတ်ထားတဲ့နေရာ သညာက္ခန္ဓာနဲ့ ငါနဲ့သွားငြိမ်နေတယ် … (မှန်ပါ့) မငြိဘူးလား … (ငြိပါတယ်ဘုရား) ငါ စေတနာကောင်းကောင်းနဲ့ ပေးကမ်းနေတာ၊ ဒကာကြီး ပေးတာယူသွား၊ ငါစေတနာကောင်းကောင်းနဲ့ ပေးနေတာတဲ့ ပေးတာယူသွားပါတဲ့၊ သင်္ခါရက္ခန္ဓာနဲ့ သွားငြိ နေတယ် … (မှန်ပါ့) စေတနာက သင်္ခါရက္ခန္ဓာကိုဗျ၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ငါစေတနာကောင်းနဲ့ ပေးနေတာတဲ့ ဦးဘရှင်းတို့ မပြောဘူးလား … (ပြောပါတယ်ဘုရား) ဘယ်ပေါ် သွားငြိနေသတုံး … (သင်္ခါရက္ခန္ဓာပေါ်သွားငြိနေပါတယ်ဘုရား) ငါ့ စိတ်မစမ်းနဲ့နော် … လာတယ် ကိုစောမောင်ရဲ့ … (မှန်ပါ့) ငါ စိတ်မစမ်းနဲ့နော် … လာတယ် ကိုစောမောင်ရဲ့ … (မှန်ပါ့) ငါစိတ်မစမ်းနဲ့ စိတ်ထဲ ငါသွားမရောဘူးလား … (ရောပါတယ်ဘုရား) ဘယ်မှာသွားငြိနေတုံး (၀ိညာဏက္ခန္ဓာပေါ် သွားငြိနေ ပါတယ်ဘုရား)။

ဝိညာဏက္ခန္ဓာနဲ့ငြိပြီ၊ ကိုစံလှသဘောပါရဲ့လား … (ပါ ပါတယ်ဘုရား) ဖြုတ်ပါဆိုတာက အငြိရှိလို့ လဲ … (မှန်ပါ့) ဖြုတ်ပါဆိုတာသည် … (အငြိရှိလို့ပါဘုရား) အငြိရှိလို့ပဲဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား) ဒကာ ဒကာမတွေ ရှင်းသွားပြီး … (မှန်ပါ့) ရှင်းသွားတဲ့အခါကျတော့ကိုတဲ့ -

သြော် - ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သက္ကာယဒိဋ္ဌိပ္ပဟာနာယ သတောဘိက္ခု ပရိဗ္ဗဇေ၊ သဘော = သတိရှိသော ဘိက္ခု၊ အပါယ်ဘေးကြောက်တဲ့ ပုဂ္ဂိုသည်၊ ပရိဗ္ဗဇေ = တစ်ခါတည်း အမြန်ဆုံး ကျင့်ကြံအားထုတ်လိုက်ပါ၊ မမှားဘူးလား … (မှားပါတယ်ဘုရား) ဒါဖြင့် ဘယ်ငြိနေတုံးကိုစောမောင် … (ခန္ဓာငါးပါးမှာ ငြိနေပါတယ်ဘုရား) ခန္ဓာငါးပါးတစ်ပါးထဲမှာ ငြိတာမဟုတ်ဘူး အကုန်ငြိနေတယ် … (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်နှယ်တုံး … (ခန္ဓာငါးပါးမှာ အကုန် ငြိနေပါတယ်ဘုရား) အကုန်ငြိတယ် နော် … (မှန်ပါ့) သြော်- ဒါဖြင့် ကိုစောမောင် ဆံတစ်ပင်အကျွတ်မခံနိုင်ဘူးဆိုတာ ဆံပင်က သုံးကုဋေ ခြောက်သန်းတောင်ရှိတယ် … (မှန်ပါ့) ဆံပင်နုတဲ့ပုဂ္ဂိုလ်မှာ သုံးကုဋေနဲ့ခြောက်သန်းရှိတယ်၊ အပင်လေးတွေ ရေတွက်လို့ရှိရင် … (မှန်ပါ့)၊ သဘောကျပလား … (ကျပါတယ်ဘုရား) ဆံတစ်ပင် အကျွတ်မခံနိုင့်ဘူးတဲ့၊ ငါ - အပင်တိုင်းမှာ သက္ကာယဒိဋ္ဌိရှိနေတယ် … (မှန်ပါ့)။

မရှိဘူးလား - ရှိသလား … (ရှိပါတယ်ဘုရား) သေသေချာချာရှိတယ် မဟုတ်လား၊ ငါက ဇာမဏီ ငှက်မျိုး အမွေးတစ်ပင် အကျွတ် မခံနိုင်ဘူး … (မှန်ပါ့) ကိုးသောင်းကိုးထောင်ရှိတယ် - ဒီအမွှေး လေးတွေက၊ ခန္ဓာကိုယ်ထဲမှာ အမွှေးနုလေးတွေက ဘယ်လောက်ရှိတုံး … (ကိုးသောင်းကိုးထောင်ရှိပါတယ် ဘုရား)။

အဲဒါ တစ်ပင်အကျွတ်မခံနိုင်ဘူးတဲ့ … (မှန်ပါ့) ငါ - မှာ ကိုစံလှမှာ မစွဲဘူးလား … (စွဲပါတယ်ဘုရား) ကဲ - ဘယ်နှယ့်တုံး အကုန်စွဲနေတယ် … (စွဲနေပါတယ်ဘုရား) တစ်ကိုယ်လုံးမှာပဲ သူလွတ်တဲ့ နေရာရှိ သေးရဲ့လား … (မရှိပါဘုရား) အဲ - သူဟာ ကျုပ်တို့ ပင်လယ်က ဒီရေတက်သလိုပဲတဲ့၊ ကိုစောမောင် ဒီရေတတ်တဲ့နေရာမှာ မြေတွေပေါ် အကုန်လျှောက်တက်လို့ရှိရင် အငန်တွေ အကုန်ဖြစ် ကုန်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။

ဒီရေတက်တဲ့နေရာ မြေတွေဟာ ပင်ကိုက မြေကောင်းမြေမှန်တွေပဲ၊ သို့သော်လည်း ဒီရေတက် လိုက်ပြီဆိုမှဖြင့် ဒီမြေတွေဟာ အငန်မြေတွေဖြစ်သွားတယ် … (မှန်ပါ့) ဘာဖြစ်သွားတုံး … (အငန်မြေတွေ ဖြစ်သွားပါတယ်ဘုရား) ဘာဖြစ်လို့တုံးလို့ မေးလို့ရှိရင် … (ဒီရေတက်သွားလို့ပါဘုရား) ကဲ - ဒါဖြင့် ရှိပါစေ တော့ မြေကောင်းက မြေပျက်ဖြစ်သွားတယ် … (မှန်ပါ့)။

မြေကောင်းဟာ မြေဆိုးဖြစ်သွားပြီ အဲဒီအပေါ်ပေါက်တဲ့ အပင်တွေကကောတဲ့၊ အုန်းပင်စိုက်လည်း ငန်ချိုသရက်ပင် စိုက်ကော ငန်ချိုပါ၊ ရောနှောကုန်တယ်၊ အကောင်းကို မဖြစ်နိုင်ဘူး … (မှန်ပါ့) ဘယ်နှယ့် ကြောင့် အကောင်းမဖြစ်ပါလိမ့်မတုံး မေးလိုက်တဲ့အခါကျတော့ ရောငြိနေတာကိုးဗျ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒါနလုပ်သည် ငန်ချိုပဲ … (မှန်ပါ့) သီလလုပ်လဲ … (ငန်ချိုပါဘုရား) သမထလုပ်လဲ … (ငန်ချိုပါဘုရား) အဲဒါခင်ဗျားတို့က မသိဘူး၊ စားမကောင်းတာတော့ မသိတတ်ဘူး၊ မဖြုတ်ချင်တာသာ ခင်ဗျားတို့က ခက်နေတာ … (မှန်ပါ့) ငန်ချိုကြီးပါလို့ဆိုတည်းက အကုန်ပျက်တာပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိပလား … (သိသွားပါပြီဘုရား)။

ဘာလုပ်လုပ် ဒီရေတက်တဲ့ မြေပေါ်မှာ ပေါက်တဲ့သစ်ပင်တွေ အချိုဟူသ၍ အကုန်ပျက်ပြီးသကာလ သူ့ပင်ကို အချိုလေးက ငန်ချိုသာဖြစ်တော့တယ် … (မှန်ပါ့) အရသာ ကောင်းသေးရဲ့လား … (မကောင်းတော့ပါဘုရား) မကောင်းတော့ဘူး ကိုစောမောင်ရဲ့ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ် ဘုရား) အုန်းပင်လေးချလိုက် အုန်းသီးစား ငန်ဆိမ့် … (မှန်ပါ့) ဦးဘလေး ဘယ် - ဒီ, အုန်းသီးဟာ အဖိုးတန်ပါဦးမလား … (မတန်တော့ပါဘူးဘုရား) ဘာကြောင့်တုံး အငန်ရောလို့ … (မှန်ပါ့) သဘောကျ ပလား … (ကျပါတယ်ဘုရား)။

ဒီမှာလည်း သူရောနေတဲ့ဒါန - သူရောနေတဲ့ သီလ ကိုစောမောင် အကုန်အငန်ဖြစ်ကုန်တယ် … (မှန်ပါ့) ကောင်းသေးရဲ့လား … (မကောင်းတော့ပါဘူးဘုရား) ဘုရားသခင်ကိုတော်မြတ်ကြီး ဒီမျှလောက် ကျယ်တဲ့ဥာဏ်နဲ့ ဝေဖန်ပြီးသကာလ မင်းတို့အကုန်ပျက်စီးကုန်မှာစိုးလို့ ငါအရေးတကြီးဖြုတ်ခိုင်းတာဆိုတာ ပေါ်လာတယ် … (ပေါ်ပါပြီဘုရား) အကုန်ပျက်စီးကုန်မယ် … (မှန်ပါ့) သဘော ကျပလား … (ကျပါတယ် ဘုရား)။

နတ်ပြည်ရောက်ပြန်တော့လည်း ကိုစောမောင် အို, သေနဲ့ ရောရောပေးတယ် ဗြဟ္မာပြည်ရောက် ပြန်တော့လည်း … (အို,နဲ့ ရောပေးနေတယ်)၊ ဘယ်သူက ရောပေးနေတုံး … (သက္ကာယဒိဋ္ဌိက ရောပေးနေ တာပါဘုရား) သက္ကာယဒိဋ္ဌိက ရောပေးနေတာ … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ကြည့်ပါလား ကိုစောမောင်ရ အပါယ်လေးပါးတံခါးလည်း ပိတ်ပြီးသားဗျ၊ အင်း - အောက်သံသရာကြီးမှာ အို, သေရှိသေးရဲ့လား … (မရှိတော့ပါဘူးဘုရား) ဒါ - ဘယ်နှယ့်ကြောင့်တုံးဆို တော့ အငန်ရေမတက်လို့ … (မှန်ပါ့) သက္ကာယဒိဋ္ဌိ တည်းဟူသော အငန်ငယ်မတက်လို့ပေါ်တဲ့ သစ်ပင် ဟူသရွေ့ အကောင်းချည်းဖြစ်မယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနုရာဓဟောဖို့ရာ ကိုစောမောင်ရ သုံးရက်ရှိပြီး မဟောနိုင်သေးဘူး၊ ခင်ဗျားတို့ ရှင်းနေရတာနဲ့၊ ကိုစံလှရေကြာနေတာ ငန်ချိုဒီနေ့ရှင်းပြန်တယ်၊ သဘောကျ ပလား … (ကျပါတယ်ဘုရား) သရက်ပင်ထဲ ဒီအငန်ရေ ၀င်သွားရင် … (ငန်ချိုဖြစ်မှာပါဘုရား) သက္ကာယဒိဋ္ဌိ ပါလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒါနလုပ်လည်း အပျက်ပဲ … (မှန်ပါ့) အကောင်းစစ်ကြီး … (မရပါဘူးဘုရား)။

သီလဆောက်တည်လဲ … (အပျက်ပါဘုရား) သမထ လုပ်ပြန်ကော … (အပျက်ပါပဲဘုရား) ဒါကြောင် သက္ကာယဒိဋ္ဌိရှိရက်နဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ဟာဖြင့် လိုချင်တာက အကောင်း၊ ရတာက အရော … (မှန်ပါ့) အရောကလဲ ကောင်းတာရောတာလား … မကောင်းတာရောတာလား … (မကောင်းတာ ရောတာပါဘုရား) မကောင်းတာရောတာသိတော့ ကျုပ်တို့ဖြင့် စိတ်ချမ်းသာ လက်ချမ်းသာ နဲ့ နေချင်တာပါပဲ ကိုစောမောင် … (မှန်ပါ့)။

စိတ်ချမ်းသာလက်ချမ်းသာနဲ့ နေချင်တယ်ဆိုလို့ရှိရင်ဖြင့် အင်း မရောနဲ့ … (မှန်ပါ့) သက္ကာဒိဋ္ဌိ မရော စေနဲ့ … (မှန်ပါ့) သက္ကာယဒိဋ္ဌိမရောစေနဲ့၊ ရောလို့ရှိရင်ဖြင့် စိတ်ချမ်းသာ လက်ချမ်းသာ မဖြစ်ရဘူး … (မှန်ပါ့) ဘယ်နှယ်ကြောင့် မဖြစ်ရတုံးဆိုတော့ ငါ့သား ငါ့သမီးတွေက မွဲတဲ့လူနဲ့ ဒီအနာပေါက်တဲ့ သူနဲ့ ရှုပ်လာမှာပဲ၊ မရှုပ်ပေဘူးလား … (ရှုပ်လာမှာပါဘုရား) ရှုပ်လို့ရှိရင် ကျုပ်ဖြင့် သားတွေ သမီးတွေနဲ့ ပြုံးပြုံးပဲ နေချင်ပါတယ်လို့ ဆိုဦးတော့၊ ဒီ - ရောထားတာနဲ့ပဲ ပြုံးကွက်ပေါ်ရဲ့လား … (မပေါ်ပါဘူးဘုရား)။

အဲတော့ ဘာကြောင့် ကံမကောင်းအကြောင်းမသင့်လို့ ပြုံးကွက်မပေါ်တာလား၊ ကိုယ်က နဂိုကဖြုတ်သင့်တာ မဖြုတ်လို့၊ ငန်ချိုဖြစ်အောင် ရောလို့လားလို့သာ မေးဖို့လိုတော့တယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) သားလေးကြည့်လိုက်ပြန်တော့ ထော်လော်ကန့်လန့် - သမီးလေး ကြည့်လိုက်ပြန် ချူချာတယ်၊ ကျုပ်တို့ အိမ်ဂြိုလ်ဝင်တယ်ထင်ပါရဲ့၊ မဟုတ်ဘူး လုပ်တုန်းက ဂြိုလ်ဝင်ခဲ့တာ … (မှန်ပါ့) အခုမှ ၀င်တာမဟုတ်ပါဘူး … (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။

အခုဂြိုလ်ဝင်တာလား ကိုစံလှ၊ ဟို ဒါန, သီလတွေ လုပ်ခဲ့တုန်းကလား … (ဒါန, သီလတွေ လုပ်ခဲ့ တုန်းကပါဘုရား) ဒါဖြင့် … အစကမကောင်းခဲ့လို့ အကျိုးပေးမှာလဲ … (မကောင်းပါဘူးဘုရား) ကဲ … မကောင်းတာ ဘယ်သူကြောင့်တုံး … (သက္ကာယဒိဋ္ဌိကြောင့်ပါဘုရား) အကုန်ရောပြစ်တာ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒီထဲဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခက်လိုက်တဲ့ဖြစ်ခြင်းကတော့ဖြင့်, သက္ကာယဒိဋ္ဌိက မပြုတ် သေးတော့၊ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်တွေနဲ့ဟုတ်လား၊ ရောက်ရာခရီးမှာ တစ်ပြုံကြီးဖြစ်ရပါလို၏။ ဘယ်သူ က တောင်းတဲ့ဆုပါလိမ့် … (သက္ကာယဒိဋ္ဌိက လုပ်တာပါဘုရား)။

ဒါဖြင့် ဒီထဲမှာ အကုန်သံတုံးသံခဲ ရွှေတုံး ရွှေခဲကြီး မွေးဖွားလာမယ်လို့ ဒီလိုရှိပါ့မလား … (မရှိပါဘူး ဘုရား) မမာတဲ့လူရယ်၊ အင်း ဆွံ့တဲ့လူရယ်, အ,တဲ့ပုဂ္ဂိုလ်, ချောတဲ့ပုဂ္ဂိုလ်, ရုပ်ဆိုးတဲ့ပုဂ္ဂိုလ်, စိတ်ကောင်းတဲ့ ပုဂ္ဂိုလ်, စိတ်မကောင်းတဲ့စိတ်ကြမ်းတဲ့ ပုဂ္ဂိုလ်လာ မလား မလာဘူးလား … (လာမှာပါဘုရား)။

သြော်၊ ဒီကျမှ တစ်အိမ်လုံးဟာ ညီညွတ်တယ်လို့ မရှိဘူး၊ ဘယ်တော့မှလဲ မျက်ရေနဲ့ မျက်ခွက် ပြတ်ရတယ်မရှိဘူး၊ ဘာများဖြစ်ခဲ့ ပါလိမ့်၊ ခုတော့သိပြီ … (သိပါပြီဘုရား) ဘာများဖြစ်ခဲ့ပါလိမ့် … (ရောခဲ့ လို့ပါဘုရား) ရောလို့ဗျ၊ ဦးဘရှင်းဘာဖြစ်ခဲ့တုံး … (ရောခဲ့ပါတယ်ဘုရား) ရောတော့ အခုခင်ဗျားတို့ သူ့အကျိုးပေးများတော့ဖြင့် လိုချင်သေးရဲ့လား အခု … (မလိုချင်ပါဘူးဘုရား) မလိုချင် သူ့ အရင်ဖြုတ်ပါ လား … (မှန်ပါ့) ဒကာ ဒကာမတို့ သူ့အရင်ဖြုတ်ရမှာ မဟုတ်လား … (မှန်ပါ့) သက္ကာယဒိဋ္ဌိအရင် ဖြုတ်ရမှာ၊ ခင်ဗျားတို့ ဟာက သူ့မဖြုတ်ဘဲနဲ့ သူရှိရက်နဲ့ တန်းလန်းလုပ်နေတော့ ငန်ချိုချည်း ဖြစ်နေတယ် … (မှန်ပါ့) သဘောပါကြပလား … (ပါ - ပါပြီဘုရား) ဘယ်လိုဖြစ်နေ တုံး … (ငန်ချိုဖြစ်နေပါတယ်ဘုရား)။

ငန်ချိုဖြစ်နေတယ် ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ကဲ - ခင်ဗျားတို့ကိုက အကောင်းကြိုက် မဟုတ်ဘူး … (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက်ချမတုံး … (အကောင်းကြိုက်မဟုတ်လို့ပါဘုရား) ကြိုက်တာ တော့ အကောင်းကြိုက်ပါတယ်တဲ့ … (မှန်ပါ့) ကြိုက်တာကတော့ (အကောင်းကြိုက်ပါဘုရား) လုပ်တာက … (မတတ်ပါဘူးဘုရား မတတ်ဘူးတဲ့၊ ချဉ်ဖက်တည်တော့ အမြှုပ်တွေ ထနေတော့မှ လက်ဆိတ် မရှိဘူး လုပ်ချင်လုပ်နေတာ၊ မဟုတ်ဘူး ခင်ဗျားတို့က အချိုးမကျလို့ ဒီချဉ်ဖတ် မဖြစ်တာပါ၊ ရိပ်မိပလား … (ရိပ်မိ ပါပြီဘုရား)။

ဒကာ ဒကာမတွေကတောင်ပြော - မြောက်ပြောနဲ့ လက်ဆိပ်မရှိလို့မဟုတ်ပါဘူး၊ ကိုယ်မလုပ် တတ်လို့ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) အခု ဒကာ ဒကာမတွေမှာ သောက ပရိဒေ၀ါနံ သမတိက္ကမာယ၊ သောက ပရိဒေ၀တွေမလွန်နိုင်တာ ဘယ်သူပါလိမ့် … (သက္ကာယဒိဋ္ဌိပါဘုရား)။

Lik

No comments:

Post a Comment