Monday, October 3, 2011

ဓမ္မ အတွေး၊ ဓမ္မ အရေး


ဝဋ်ဆိုတာ ဒီဘ၀မှာတင် ပြန်လည်တတ်တယ်။ ကိုယ်က သူများအပေါ် အနိုင်ကျင့်ထားရင် ကိုယ့်လဲ အနိုင်ကျင့်သူ ပေါ်လာတာပဲ။ ကိုယ်က သူများအပေါ် လူလည်ကျထားရင် ကိုယ့်အပေါ်လဲ လူလည်ကျသူ ပေါ်လာတာပဲ။ ကိုယ်က သူများကို ဒုက္ခရောက်အောင် စိတ်ဆင်းရဲအောင် လုပ်ထားရင် ကိုယ့်လဲ ပြန်လုပ်တဲ့သူ ပေါ်လာတာပဲ။ ကိုယ်က မိဘတွေကို မထေရ်မဲ့မြင် ပြုခဲ့ရင် ကိုယ့်သားသမီးတွေကလဲ ကိုယ့်အပေါ် အဲလို ပြန်ပြုလာတာ။ ဝေးဝေး မရှာပါနဲ့၊ ကိုယ့်နားနီးရာ လိုက်ကြည့်လိုက်ရင် တွေ့ရမှာပါ။

(ဒေါက်တာအရှင်ပါရမီ)

No comments:

Post a Comment